Breaking News

အာရှပစိဖိတ်ဒေသမှဘဏ်များနဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့အကျိုးသက်ရောက်မှု။

အာရှပစိဖိတ်ဒေသမှဘဏ်များသည် ကိုရိုနာဗိုင်းရပ်စ်ရဲ့ရိုက်ခတ်မှုကြောင့် ၄င်းတို့ရဲ့ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုပေးသည့် စွမ်းဆောင်ရည်များကို ဆက်လက်ထိန်းသိမ်းနိုင်ရန် ခက်ခဲလာမည်ဟု Fitch Ratings မှ ပြောကြားခဲ့ပါတယ်။ Fitch Ratings ရဲ့အဆိုအရ အာရှပစိဖိတ်ဒေသတွင်းမှ ဘဏ်စနစ် (၁၀) ခုသည် အနှုတ်လက္ခဏာပြသည့်အနေအထားကို ရောက်ရှိလာခဲ့ပြီး အခြားသောဘဏ်စနစ် (၁၇) ခုမှာလည်း ထပ်မံအနှုတ်လက္ခဏာပြလာနိုင်သည်ဟု သိရှိရပါတယ်။

Fitch ရဲ့ အာရှပစိဖိတ်ဒေသတွင်းဘဏ်လုပ်ငန်းလေ့လာခြင်းဆိုင်ရာ အကြီးအကဲဖြစ်သူ Jonathan Cornish က ယခုကဲ့သို့အနေအထားများကြောင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ပိုမိုမတည်မငြိမ်ဖြစ်လာနိုင်ကြောင်း၊ (၂၀၂၁) ခုနှစ်၌လည်း ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ ပိုမိုအားနည်းသွားနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် Cornish က “အခုလိုမျိုး ကမ္ဘာလုံးဆိုင်ရာဘဏ်ဝန်ဆောင်မှုတွေအပေါ် အကျိုးသက်ရောက်မှုရှိတာက ဘဏ်နဲ့ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းချမှတ်တဲ့သူတွေအတွက် ဒီအခြေအနေတွေကတစ်ဆင့် ပိုမိုကောင်းမွန်တဲ့ စည်းမျဉ်းတွေကို ချမှတ်နိုင်ဖို့ မျှော်လင့်ရပါတယ်။” ဟုလည်း ပြောကြားခဲ့ပါတယ်။

ယခုနှစ်အစောပိုင်း၌လည်း Fitch က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘဏ်လုပ်ငန်းများအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်မှုရှိနိုင်မည်ကို အောက်ပါအတိုင်းဖော်ပြခဲ့ပါတယ်။

၁။ စီးပွားရေးဖွံ့ဖြိုးမှုအားနည်းခြင်းသည် ချေးငွေလိုအပ်မှုကို လျော့ကျစေသည်။

၂။ ရင်းနှီးမြှုပ်နှံမှုစျေးကွက်မတည်ငြိမ်ခြင်းကြောင့် ငွေထုတ်ယူမှုနဲ့လိုအပ်သည့် စာရင်းဇယားများ ပြုစုခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။

၃။ Lockdown ပြုလုပ်ခြင်း၊ အသွားအလာကန့်သတ်ခြင်းများက စီးပွားရေးလုပ်ငန်းများရဲ့ ကြွေးမြီပြန်လည်ပေးဆပ်မှု၊ ဘဏ်ရဲ့ငွေလည်ပတ်မှုအခြေအနေများကို အကျိုးသက်ရောက်မှုဖြစ်ပေါ်စေသည်။

၄။ စီးပွားရေးလုပ်ငန်းအမြောက်အမြား၌လည်း အမြတ်အစွန်းရရှိမှုနည်းပါးသွားနိုင်သည်။

ထပ်မံ၍လည်း Cornish က “အတိုးနှုန်းနည်းနည်းနဲ့ ငွေထုတ်ချေးနေရတာက ဘဏ်တွေအတွက် အန္တရာယ်များတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်နေရသလိုပါပဲ။ မလေးရှားလိုနိုင်ငံက အခုမှစျေးကွက်ထဲဝင်လာတဲ့ဘဏ်တွေအနေနဲ့ ရေနံစျေးတွေကျနေတာက သူတို့ဘဏ်ရဲ့ အမြတ်အစွန်းတွေကို ထိခိုက်စေနိုင်ပါတယ်။ ကျွန်တော်တို့က နောက်ထပ် နှစ်အနည်းငယ်လောက်အထိကြာအောင် ဖြစ်နို်င်တဲ့ အခြေအနေတွေကို သုံးသပ်နေတာဖြစ်ပြီး ပုံစံမျိုးစုံနဲ့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ရဦးမှာပါ။” ဟု ပြောကြားသွားခဲ့ပါတယ်။

<Unicode Version>

 

 

အာရွပစိဖိတ္ေဒသမွဘဏ္မ်ားနဲ႔ ကိုရိုနာဗိုင္းရပ္စ္ရဲ့အက်ိဳးသက္ေရာက္မႈ။

အာရွပစိဖိတ္ေဒသမွဘဏ္မ်ားသည္ ကိုရိုနာဗိုင္းရပ္စ္ရဲ့ရိုက္ခတ္မႈေၾကာင့္ ၄င္းတို႔ရဲ့ဘဏ္လုပ္ငန္းဆိုင္ရာ ဝန္ေဆာင္မႈေပးသည့္ စြမ္းေဆာင္ရည္မ်ားကို ဆက္လက္ထိန္းသိမ္းနိုင္ရန္ ခက္ခဲလာမည္ဟု Fitch Ratings မွ ေျပာၾကားခဲ့ပါတယ္။ Fitch Ratings ရဲ့အဆိုအရ အာရွပစိဖိတ္ေဒသတြင္းမွ ဘဏ္စနစ္ (၁၀) ခုသည္ အႏႈတ္လကၡဏာျပသည့္အေနအထားကို ေရာက္ရွိလာခဲ့ၿပီး အျခားေသာဘဏ္စနစ္ (၁၇) ခုမွာလည္း ထပ္မံအႏႈတ္လကၡဏာျပလာနိုင္သည္ဟု သိရွိရပါတယ္။

Fitch ရဲ့ အာရွပစိဖိတ္ေဒသတြင္းဘဏ္လုပ္ငန္းေလ့လာျခင္းဆိုင္ရာ အႀကီးအကဲျဖစ္သူ Jonathan Cornish က ယခုကဲ့သို႔အေနအထားမ်ားေၾကာင့္ ေဒသတြင္းစီးပြားေရးလုပ္ငန္းမ်ား ပိုမိုမတည္မၿငိမ္ျဖစ္လာနိုင္ေၾကာင္း၊  (၂၀၂၁) ခုႏွစ္၌လည္း ဘဏ္လုပ္ငန္းဆိုင္ရာ ဝန္ေဆာင္မႈမ်ား ပိုမိုအားနည္းသြားနိုင္ေၾကာင္း သုံးသပ္ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ Cornish က “အခုလိုမ်ိဳး ကမၻာလုံးဆိုင္ရာဘဏ္ဝန္ေဆာင္မႈေတြအေပၚ အက်ိဳးသက္ေရာက္မႈရွိတာက ဘဏ္နဲ႔ပတ္သက္ၿပီး စည္းမ်ဥ္းစည္းကမ္းခ်မွတ္တဲ့သူေတြအတြက္ ဒီအေျခအေနေတြကတစ္ဆင့္ ပိုမိုေကာင္းမြန္တဲ့ စည္းမ်ဥ္းေတြကို ခ်မွတ္နိုင္ဖို႔ ေမၽွာ္လင့္ရပါတယ္။” ဟုလည္း ေျပာၾကားခဲ့ပါတယ္။

ယခုႏွစ္အေစာပိုင္း၌လည္း Fitch က ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ဘဏ္လုပ္ငန္းမ်ားအေပၚ မည္ကဲ့သို႔ အက်ိဳးသက္ေရာက္မႈရွိနိုင္မည္ကို ေအာက္ပါအတိုင္းေဖာ္ျပခဲ့ပါတယ္။

၁။ စီးပြားေရးဖြံ့ၿဖိဳးမႈအားနည္းျခင္းသည္ ေခ်းေငြလိုအပ္မႈကို ေလ်ာ့က်ေစသည္။

၂။ ရင္းႏွီးျမႇုပ္ႏွံမႈေစ်းကြက္မတည္ၿငိမ္ျခင္းေၾကာင့္ ေငြထုတ္ယူမႈနဲ႔လိုအပ္သည့္ စာရင္းဇယားမ်ား ျပဳစုျခင္းကို အေႏွာင့္အယွက္ျဖစ္ေစနိုင္သည္။

၃။ Lockdown ျပဳလုပ္ျခင္း၊ အသြားအလာကန႔္သတ္ျခင္းမ်ားက စီးပြားေရးလုပ္ငန္းမ်ားရဲ့ ေႂကြးၿမီျပန္လည္ေပးဆပ္မႈ၊ ဘဏ္ရဲ့ေငြလည္ပတ္မႈအေျခအေနမ်ားကို အက်ိဳးသက္ေရာက္မႈျဖစ္ေပၚေစသည္။

၄။ စီးပြားေရးလုပ္ငန္းအေျမာက္အျမား၌လည္း အျမတ္အစြန္းရရွိမႈနည္းပါးသြားနိုင္သည္။

ထပ္မံ၍လည္း Cornish က “အတိုးႏႈန္းနည္းနည္းနဲ႔ ေငြထုတ္ေခ်းေနရတာက ဘဏ္ေတြအတြက္ အႏၲရာယ္မ်ားတဲ့ စီးပြားေရးလုပ္ငန္းတစ္ခုကို လုပ္ေနရသလိုပါပဲ။ မေလးရွားလိုနိုင္ငံက အခုမွေစ်းကြက္ထဲဝင္လာတဲ့ဘဏ္ေတြအေနနဲ႔ ေရနံေစ်းေတြက်ေနတာက သူတို႔ဘဏ္ရဲ့ အျမတ္အစြန္းေတြကို ထိခိုက္ေစနိုင္ပါတယ္။ ကၽြန္ေတာ္တို႔က ေနာက္ထပ္ ႏွစ္အနည္းငယ္ေလာက္အထိၾကာေအာင္ ျဖစ္နို္င္တဲ့ အေျခအေနေတြကို သုံးသပ္ေနတာျဖစ္ၿပီး ပုံစံမ်ိဳးစုံနဲ႔ စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္ရဦးမွာပါ။” ဟု ေျပာၾကားသြားခဲ့ပါတယ္။

<Zawgyi Version>

 

#HM(Soshwe)

#soshwebankingandfinance

#soshweforyourdailylife

#likeandshare

About admin

Check Also

ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေပေးချေမှုမြင့်တက်လာသည့် အိန္ဒိိယနိုင်ငံ။

အိန္ဒိယနိုင်ငံ၌ ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေပေးချေမှုများ မြင့်တက်လာကြောင်း သိရှိရပြီး လတ်တလော၌ နို်င်ငံတွင်းစားသောက်ဆိုင်များ၌ ငွေပေးချေခြင်း၊ မီတာနဲ့အခွန်အခပေးဆောင်ခြင်းများအပြင် တက္ကစီငှားစီသည့်နေရာ၌ပင် ဒစ်ဂျစ်တယ်စနစ်ဖြင့်သာ ငွေပေးချေလျက်ရှိကာ (၂၀၁၆) ခုနှစ်၌ စတင်တည်ထောင်ခဲ့သည့် …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro