HomeEntertainmentMiss World 2019 ပြဲစဥ္ႀကီးရဲ႕ အ့ံအားသင့္ဖြယ္ ထူးျခားခ်က္မ်ား။

Miss World 2019 ပြဲစဥ္ႀကီးရဲ႕ အ့ံအားသင့္ဖြယ္ ထူးျခားခ်က္မ်ား။

- Advertisement -

အသက္ (၂၃) ႏွစ္အရြယ္ရွိၿပီျဖစ္သူ ဂ်ေမကာႏိုင္ငံသူ Toni- Ann Singh သည္ ၿပီးခဲ့သည့္ ဒီဇင္ဘာလ (၁၄) ရက္ေန႔က Miss World 2019 သရဖူဆုကို ဆြတ္ခူးရရွိခဲ့ေၾကာင္း သိရွိရပါတယ္။ Toni- Ann သည္ (၂၀၀၁) ခုႏွစ္၌ ႏိုင္ဂ်ီးရီးယားႏိုင္ငံသူ Agbani Darego ေနာက္ပိုင္း Miss World သရဖူကို ဆြတ္ခူးႏုိင္သည့္ ပထမဆံုး လူမည္းအမ်ိဳးသမီးတစ္ဦးျဖစ္ခဲ့သည့္အျပင္ ယခုႏွစ္၌က်င္းပခဲ့သည့္ အလွမယ္ၿပိဳင္ပဲြႀကီး (၅) ခုရဲ႕ သရဖူကို ဆြတ္ခူးႏိုင္ခဲ့သူမ်ားသည္ လူမည္းအမ်ိဳးသမီးမ်ား ျဖစ္ခဲ့ပါတယ္။

အသက္ (၂၆) ႏွစ္အရြယ္ ေတာင္အာဖရိကႏိုင္ငံသူ Zozibini Tunzi က Miss Universe 2019 ရဲ႕ သရဖူကို ဆြတ္ခူးႏုိင္ခဲ့သလို Kaliegh Garris က Miss Teen USA၊ Cheslie Kryst က Miss USA နဲ႔ Nia Franklin က Miss America သရဖူတုိ႔ကို ယခုႏွစ္အတြင္း၌ အသီးသီးဆြတ္ခူးႏုိင္ခဲ့ပါတယ္။

- Advertisement -

ယခုကဲ့သုိ႔ လူမည္းအမ်ိဳးသမီးမ်ား ေအာင္ပဲြခံႏုိင္ခဲ့သည့္အေပၚ ပရိသတ္မ်ားကလည္း လူမႈကြန္ရက္ဝက္ဘ္ဆိုက္မ်ားမွတစ္ဆင့္ ဝိုင္းဝန္းခ်ီးက်ဴးေထာပနာျပဳေနၾကၿပီး Toni- Ann ကလည္း သူမရဲ႕ ေအာင္ပဲြနဲ႔ ပတ္သက္၍ “ကြ်န္မတို႔အရင္ဆံုး ဘုရားသခင္ကို ဆုေတာင္းရင္း ေက်းဇူးတင္ရမွာပါ။ အဲ့ဒီေနာက္ေတာ့ ကြ်န္မတို႔ အားလံုး အတူတူ ကိတ္မုန္႔ေတြ အမ်ားႀကီးစားၾကတာေပါ့။” ဟု မွတ္ခ်က္ျပဳ  ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

- Advertisement -

<Zawgyi Version>

- Advertisement -

 

အသက် (၂၃) နှစ်အရွယ်ရှိပြီဖြစ်သူ ဂျမေကာနိုင်ငံသူ Toni- Ann Singh သည် ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၄) ရက်နေ့က Miss World 2019 သရဖူဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရှိရပါတယ်။ Toni- Ann သည် (၂၀၀၁) ခုနှစ်၌ နိုင်ဂျီးရီးယားနိုင်ငံသူ Agbani Darego နောက်ပိုင်း Miss World သရဖူကို ဆွတ်ခူးနိုင်သည့် ပထမဆုံး လူမည်းအမျိုးသမီးတစ်ဦးဖြစ်ခဲ့သည့်အပြင် ယခုနှစ်၌ကျင်းပခဲ့သည့် အလှမယ်ပြိုင်ပွဲကြီး (၅) ခုရဲ့ သရဖူကို ဆွတ်ခူးနိုင်ခဲ့သူများသည် လူမည်းအမျိုးသမီးများ ဖြစ်ခဲ့ပါတယ်။

အသက် (၂၆) နှစ်အရွယ် တောင်အာဖရိကနိုင်ငံသူ Zozibini Tunzi က Miss Universe 2019 ရဲ့ သရဖူကို ဆွတ်ခူးနိုင်ခဲ့သလို Kaliegh Garris က Miss Teen USA၊ Cheslie Kryst က Miss USA နဲ့ Nia Franklin က Miss America သရဖူတို့ကို ယခုနှစ်အတွင်း၌ အသီးသီးဆွတ်ခူးနိုင်ခဲ့ပါတယ်။

ယခုကဲ့သို့ လူမည်းအမျိုးသမီးများ အောင်ပွဲခံနိုင်ခဲ့သည့်အပေါ် ပရိသတ်များကလည်း လူမှုကွန်ရက်ဝက်ဘ်ဆိုက်များမှတစ်ဆင့် ဝိုင်းဝန်းချီးကျူးထောပနာပြုနေကြပြီး Toni- Ann ကလည်း သူမရဲ့ အောင်ပွဲနဲ့ ပတ်သက်၍ “ကျွန်မတို့အရင်ဆုံး ဘုရားသခင်ကို ဆုတောင်းရင်း ကျေးဇူးတင်ရမှာပါ။ အဲ့ဒီနောက်တော့ ကျွန်မတို့ အားလုံး အတူတူ ကိတ်မုန့်တွေ အများကြီးစားကြတာပေါ့။” ဟု မှတ်ချက်ပြု  ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

<Unicode Version>

 

Source ~ Teenvogue Magazine

#HM(Soshwe)

#SoshweEntertainment

#SoshweForYOurDailyLife

#Like&Share

 

 

- Advertisement -

Must Read