HomeSportယူႏိုက္တက္ကြင္းလယ္ကစားသမားကို လာမည့္ေဆာင္းရာသီ၌ အရေခၚယူမည့္ အင္တာမီလန္။

ယူႏိုက္တက္ကြင္းလယ္ကစားသမားကို လာမည့္ေဆာင္းရာသီ၌ အရေခၚယူမည့္ အင္တာမီလန္။

- Advertisement -

အီတလီစီးရီးေအကလပ္ အင္တာမီလန္အသင္းသည္ ယူႏိုက္တက္အသင္းရဲ႕ ကြင္းလယ္ကစားသမားတစ္ဦးျဖစ္သူ နီမန္ဂ်ာမာတစ္ကို လာမည့္ေဆာင္းရာသီအေျပာင္းအေရႊ႕၌ပင္ အရေခၚယူရန္ ႀကိဳးစားသြားမည္ျဖစ္ေၾကာင္း သိရွိရပါတယ္။ အသက္ (၃၁) ႏွစ္အရြယ္ရွိၿပီျဖစ္သူ အဆိုပါ ဆာဘီးယားကြင္းလယ္ကစားသမားသည္ နည္းျပဆိုးလ္ရွားလက္ထက္၌ ပံုမွန္ပဲြထြက္ခြင့္ရရွိရန္ ရုန္းကန္ေနရၿပီး လက္ရွိေဘာလံုးရာသီ၌ အသင္းအတြက္ (၃) ပဲြသာ ပါဝင္ကစားခြင့္ရရွိထားပါတယ္။

အင္တာမီလန္အသင္းရဲ႕ ကြင္းလယ္ကစားသမားမ်ားျဖစ္သည့္ ဆန္စီ၊ ဘာရီလာနဲ႔ ဂယ္လ္ဂလီယာဒီနီတို႔သည္ လက္ရွိအခ်ိန္၌ ဒဏ္ရာျပႆနာမ်ားနဲ႔ ရင္ဆုိင္ေနရျခင္းေၾကာင့္ နည္းျပကြန္တီက မာတစ္ကို လာမည့္ေဆာင္းရာသီ အေျပာင္းအေရႊ႕၌ပင္ အရေခၚယူသြားရန္ဆႏၵရွိေနပါတယ္။ ကြန္တီနဲ႔မာတစ္တို႔သည္ ခ်ဲလ္ဆီးအသင္း၌ လက္တဲြခဲ့ဖူးၿပီး ႏွစ္သင္းၾကားေဆြးေႏြးမႈမ်ား အဆင္ေျပခဲ့ပါက ဆရာတပည့္ႏွစ္ဦး အင္တာမီလန္အသင္း၌ ျပန္လည္ေပါင္းစည္းျဖစ္ဖြယ္ရွိေနပါတယ္။

လက္ရွိအင္တာမီလန္အသင္း၌ ယူႏို္က္တက္ကစားသမားေဟာင္းမ်ားအျဖစ္ လူကာကူနဲ႔ အလက္ဆစ္ဆန္းခ်က္ဇ္တို႔ရွိေနၿပီး မာတစ္သာေရာက္ရွိလာခဲ့မည္ဆုိပါက ယူႏိုက္တက္ကစားသမားေဟာင္း (၃) ေယာက္အထိ အင္တာမီလန္အသင္း၌ ရွိေနမည္လည္းျဖစ္ပါတယ္။ ဒါ့အျပင္ အင္တာမီလန္အသင္းအေနျဖင့္ သူတုိ႔ရဲ႕ကြင္းလယ္ပိုင္းကို အားျဖည့္ရန္အတြက္ ဘာစီလိုနာအသင္းရဲ႕ ကြင္းလယ္ကစားသမား ရာကီတစ္ကိုလည္း ေစာင့္ၾကည့္ေနဆဲျဖစ္ေၾကာင္း သိရွိရပါတယ္။

- Advertisement -

<Zawgyi Version>

- Advertisement -

 

အီတလီစီးရီးအေကလပ် အင်တာမီလန်အသင်းသည် ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သူ နီမန်ဂျာမာတစ်ကို လာမည့်ဆောင်းရာသီအပြောင်းအရွှေ့၌ပင် အရခေါ်ယူရန် ကြိုးစားသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။ အသက် (၃၁) နှစ်အရွယ်ရှိပြီဖြစ်သူ အဆိုပါ ဆာဘီးယားကွင်းလယ်ကစားသမားသည် နည်းပြဆိုးလ်ရှားလက်ထက်၌ ပုံမှန်ပွဲထွက်ခွင့်ရရှိရန် ရုန်းကန်နေရပြီး လက်ရှိဘောလုံးရာသီ၌ အသင်းအတွက် (၃) ပွဲသာ ပါဝင်ကစားခွင့်ရရှိထားပါတယ်။

အင်တာမီလန်အသင်းရဲ့ ကွင်းလယ်ကစားသမားများဖြစ်သည့် ဆန်စီ၊ ဘာရီလာနဲ့ ဂယ်လ်ဂလီယာဒီနီတို့သည် လက်ရှိအချိန်၌ ဒဏ်ရာပြဿနာများနဲ့ ရင်ဆိုင်နေရခြင်းကြောင့် နည်းပြကွန်တီက မာတစ်ကို လာမည့်ဆောင်းရာသီ အပြောင်းအရွှေ့၌ပင် အရခေါ်ယူသွားရန်ဆန္ဒရှိနေပါတယ်။ ကွန်တီနဲ့မာတစ်တို့သည် ချဲလ်ဆီးအသင်း၌ လက်တွဲခဲ့ဖူးပြီး နှစ်သင်းကြားဆွေးနွေးမှုများ အဆင်ပြေခဲ့ပါက ဆရာတပည့်နှစ်ဦး အင်တာမီလန်အသင်း၌ ပြန်လည်ပေါင်းစည်းဖြစ်ဖွယ်ရှိနေပါတယ်။

လက်ရှိအင်တာမီလန်အသင်း၌ ယူနို်က်တက်ကစားသမားဟောင်းများအဖြစ် လူကာကူနဲ့ အလက်ဆစ်ဆန်းချက်ဇ်တို့ရှိနေပြီး မာတစ်သာရောက်ရှိလာခဲ့မည်ဆိုပါက ယူနိုက်တက်ကစားသမားဟောင်း (၃) ယောက်အထိ အင်တာမီလန်အသင်း၌ ရှိနေမည်လည်းဖြစ်ပါတယ်။ ဒါ့အပြင် အင်တာမီလန်အသင်းအနေဖြင့် သူတို့ရဲ့ကွင်းလယ်ပိုင်းကို အားဖြည့်ရန်အတွက် ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ရာကီတစ်ကိုလည်း စောင့်ကြည့်နေဆဲဖြစ်ကြောင်း သိရှိရပါတယ်။

<Unicode Version>

 

Source ~ Sportsmole

#HM(Soshwe)

- Advertisement -

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

8 + nineteen =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...