HomeSportရီးရဲယ္မက္ဒရစ္တိုက္စစ္မွဴးတစ္ဦးကို ေစာင့္ၾကည့္ေနသည့္ ယူႏိုက္တက္။

ရီးရဲယ္မက္ဒရစ္တိုက္စစ္မွဴးတစ္ဦးကို ေစာင့္ၾကည့္ေနသည့္ ယူႏိုက္တက္။

- Advertisement -

ယူႏိုက္တက္အသင္းသည္ ရီးရဲယ္မက္ဒရစ္အသင္းရဲ႕ တိုက္စစ္မွဴးတစ္ဦးျဖစ္သူ လူကာဂ်ိဳဗစ္ကို ေခၚယူရန္ ေစာင့္ၾကည့္ေနဆဲျဖစ္ေၾကာင္း သိရွိရပါတယ္။ အဆိုပါ ဖရန္႔ဖတ္တိုက္စစ္မွဴးေဟာင္းသည္ ၿပီးခဲ့သည့္ ေႏြရာသီကမွ ရီးရဲယ္မက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ေၾကး ေပါင္ (၆၂) သန္းျဖင့္  ေျပာင္းေရႊ႕ေရာက္ရွိလာခဲ့ေပမယ့္ အသင္း၌ ပံုမွန္ေျခစြမ္းျပသႏိုင္ရန္ ရုန္းကန္ေနရျခင္းေၾကာင့္ ၿပီးခဲ့သည့္ေႏြရာသီ အေျပာင္းအေရႊ႕ မၿပီးဆံုးခင္တည္းက အငွားထြက္ကစားရန္ သတင္းမ်ားထြက္ေပၚခဲ့ဖူးသည့္ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။

အသက္ (၂၁) ႏွစ္အရြယ္ အဆိုပါ ဆာဘီးယားတိုက္စစ္မွဴးသည္ လက္ရွိေဘာလံုးရာသီ၌ ရီးရဲယ္မက္ဒရစ္အသင္းအတြက္ ပဲြထြက္ကစားသမားအျဖစ္ (၄) ပဲြ၊ လူစားဝင္ကစားသမားအျဖစ္ (၉) ပဲြသာ ကစားခြင့္ရရွိထားၿပီး သြင္းဂိုး (၁) ဂိုးတည္းသာ သြင္းယူထားႏိုင္ပါတယ္။ ရီးရဲယ္မက္ဒရစ္အသင္းကလည္း ဘန္ဇီမာေျခစြမ္းျပေနသည့္ အေနအထားေၾကာင့္ ဂ်ိဳဗစ္ကို လာမည့္ေဆာင္းရာသီအေျပာင္းအေရႊ႕၌ အငွားခ်ထားရန္ ျပင္ဆင္ေနၿပီး ယူႏိုက္တက္အသင္းက ယခုကဲ့သို႔ ကစားသမားနဲ႔ ရီးရဲယ္မက္ဒရစ္အသင္းတို႔ၾကား အေျခအေနမ်ားကို ေစာင့္ၾကည့္ေနျခင္းျဖစ္ပါတယ္။

လာမည့္ေဆာင္းရာသီအေျပာင္းအေရႊ႕၌ အသင္းရဲ႕ဗဟိုတိုက္စစ္မွဴးေနရာအတြက္ အင္အားျဖည့္တင္းမည့္ ယူႏိုက္တက္အသင္းသည္ ဆဲလ္ဘာ့ဂ္အသင္းရဲ႕ တိုက္စစ္မွဴးဟာလန္းကို ေစာင့္ၾကည့္ေနသလို ယခုလိုမ်ိဳး လြယ္လြယ္ကူကူရရွိႏုိင္မည့္ ရီးရဲယ္မက္ဒရစ္တိုက္စစ္မွဴး ဂ်ိဳဗစ္ကိုပါ ေခၚယူႏိုင္ရန္အတြက္ စိတ္ဝင္စားလာခဲ့ျခင္းျဖစ္ပါတယ္။

- Advertisement -

<Zawgyi Version>

- Advertisement -

 

ယူနိုက်တက်အသင်းသည် ရီးရဲယ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်သူ လူကာဂျိုဗစ်ကို ခေါ်ယူရန် စောင့်ကြည့်နေဆဲဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါ ဖရန့်ဖတ်တိုက်စစ်မှူးဟောင်းသည် ပြီးခဲ့သည့် နွေရာသီကမှ ရီးရဲယ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် (၆၂) သန်းဖြင့်  ပြောင်းရွှေ့ရောက်ရှိလာခဲ့ပေမယ့် အသင်း၌ ပုံမှန်ခြေစွမ်းပြသနိုင်ရန် ရုန်းကန်နေရခြင်းကြောင့် ပြီးခဲ့သည့်နွေရာသီ အပြောင်းအရွှေ့ မပြီးဆုံးခင်တည်းက အငှားထွက်ကစားရန် သတင်းများထွက်ပေါ်ခဲ့ဖူးသည့် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

အသက် (၂၁) နှစ်အရွယ် အဆိုပါ ဆာဘီးယားတိုက်စစ်မှူးသည် လက်ရှိဘောလုံးရာသီ၌ ရီးရဲယ်မက်ဒရစ်အသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် (၄) ပွဲ၊ လူစားဝင်ကစားသမားအဖြစ် (၉) ပွဲသာ ကစားခွင့်ရရှိထားပြီး သွင်းဂိုး (၁) ဂိုးတည်းသာ သွင်းယူထားနိုင်ပါတယ်။ ရီးရဲယ်မက်ဒရစ်အသင်းကလည်း ဘန်ဇီမာခြေစွမ်းပြနေသည့် အနေအထားကြောင့် ဂျိုဗစ်ကို လာမည့်ဆောင်းရာသီအပြောင်းအရွှေ့၌ အငှားချထားရန် ပြင်ဆင်နေပြီး ယူနိုက်တက်အသင်းက ယခုကဲ့သို့ ကစားသမားနဲ့ ရီးရဲယ်မက်ဒရစ်အသင်းတို့ကြား အခြေအနေများကို စောင့်ကြည့်နေခြင်းဖြစ်ပါတယ်။

လာမည့်ဆောင်းရာသီအပြောင်းအရွှေ့၌ အသင်းရဲ့ဗဟိုတိုက်စစ်မှူးနေရာအတွက် အင်အားဖြည့်တင်းမည့် ယူနိုက်တက်အသင်းသည် ဆဲလ်ဘာ့ဂ်အသင်းရဲ့ တိုက်စစ်မှူးဟာလန်းကို စောင့်ကြည့်နေသလို ယခုလိုမျိုး လွယ်လွယ်ကူကူရရှိနိုင်မည့် ရီးရဲယ်မက်ဒရစ်တိုက်စစ်မှူး ဂျိုဗစ်ကိုပါ ခေါ်ယူနိုင်ရန်အတွက် စိတ်ဝင်စားလာခဲ့ခြင်းဖြစ်ပါတယ်။

<Unicode Version>

 

Source ~ Sportsmole

#HM(Soshwe)

- Advertisement -

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

5 × five =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...