HomeTechဂိမ္းစက္အသစ္ကို မိတ္ဆက္လိုက္တ့ဲ Xbox

ဂိမ္းစက္အသစ္ကို မိတ္ဆက္လိုက္တ့ဲ Xbox

- Advertisement -

Microsoft သည္ Xbox Series X ဟု အမည္ရသည့္ ဂိမ္းစက္အသစ္ကို မိတ္ဆက္လိုက္ၿပီျဖစ္ေၾကာင္း သိရွိရပါတယ္။ အဆိုပါ Xbox ဂိမ္းစက္အသစ္သည္ လာမည့္ (၂၀၂၀) ခုႏွစ္ အတြင္း ထြက္ရွိလာမည္ျဖစ္ၿပီး Xbox Series X သည္ PC Tower နဲ႔ ပံုစံတူၿပီး ယခင္ Xbox One X ထက္ပိုမိုရွည္လ်ားေၾကာင္း သိရွိရပါတယ္။

ဒါ့အျပင္ ယခု ထြက္ရွိလာမည့္ Xbox Series X သည္ ယခင္ Xbox One X ထက္ Memory  ေလးဆ ပိုမုိမ်ားျပားၿပီး၊ Resolution ေလးဆ ပိုမိုေကာင္းမြန္မည္ျဖစ္သလို ရုပ္ထြက္လည္း  ေလးဆ ပိုမိုေကာင္းမြန္မည္ျဖစ္ပါတယ္။ ကုမၸဏီမွ အဓိကထုတ္လုပ္ထားသည့္ ဂိမ္းစက္မ်ားအျဖစ္ Xbox One ကို ၿပီးခဲ့သည့္ (၂၀၁၃) ခုႏွစ္က ထုတ္လုပ္ခဲ့ၿပီး အဆိုပါဂိမ္းစက္ကိုပင္ အဆင့္ျမွင့္ထားသည့္ စက္မ်ားအျဖစ္ Xbox One S ကို (၂၀၁၆) ခုႏွစ္၊ Xbox One X ကို (1209၂၀၁၇) ခုႏွစ္၌ အသီးသီး ထုတ္လုပ္ခဲ့ပါတယ္။

- Advertisement -

Xbox Series X ရဲ႕ Controller ကို Bluetooth Controller အျဖစ္ ထုတ္လုပ္မည္ျဖစ္ၿပီး ယခင္ Controller အေဟာင္းထက္ အနည္းငယ္ပိုမိုေသးငယ္ပါတယ္။ ဒါေပမယ့္ မတူညီသည့္ လက္အရြယ္အစားမ်ိဳးစံုနဲ႔ အဆင္ေျပႏုိင္သည့္ Controller ျဖစ္လာႏိုင္ဖြယ္ရွိၿပီး Microsoft အေနျဖင့္ Xbox Series X ရဲ႕ ေစ်းႏႈန္းကိုမူ ထုတ္ျပန္ေၾကညာခဲ့ျခင္းမရွိေၾကာင္း သိရွိရပါတယ္။

- Advertisement -

Xbox က ယခုကဲ့သုိ႔ ဂိမ္းစက္အသစ္ ထုတ္လုပ္ရန္ေၾကညာခဲ့သလို Sony ကုမၸဏီကလည္း လာမည့္ (၂၀၂၀) ခုႏွစ္အတြင္း၌ PlayStation 5 ကို ထုတ္လုပ္သြားမည္ျဖစ္ေၾကာင္း လြန္ခဲ့သည့္လအနည္းငယ္က ေၾကညာခဲ့ပါတယ္။ အဆိုပါ PlayStation 5 သည္လည္း ယခင္ PlayStation ဂိမ္းစက္မ်ားထက္ အျမန္ႏႈန္း၊ ရုပ္ထြက္နဲ႔ အသံပိုင္းဆိုင္ရာမ်ား ပိုမိုေကာင္းမြန္လာမည္ျဖစ္ေၾကာင္း သိရွိရပါတယ္။

- Advertisement -

<Zawgyi Version>

 

Microsoft သည် Xbox Series X ဟု အမည်ရသည့် ဂိမ်းစက်အသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါ Xbox ဂိမ်းစက်အသစ်သည် လာမည့် (၂၀၂၀) ခုနှစ် အတွင်း ထွက်ရှိလာမည်ဖြစ်ပြီး Xbox Series X သည် PC Tower နဲ့ ပုံစံတူပြီး ယခင် Xbox One X ထက်ပိုမိုရှည်လျားကြောင်း သိရှိရပါတယ်။

ဒါ့အပြင် ယခု ထွက်ရှိလာမည့် Xbox Series X သည် ယခင် Xbox One X ထက် Memory  လေးဆ ပိုမိုများပြားပြီး၊ Resolution လေးဆ ပိုမိုကောင်းမွန်မည်ဖြစ်သလို ရုပ်ထွက်လည်း  လေးဆ ပိုမိုကောင်းမွန်မည်ဖြစ်ပါတယ်။ ကုမ္ပဏီမှ အဓိကထုတ်လုပ်ထားသည့် ဂိမ်းစက်များအဖြစ် Xbox One ကို ပြီးခဲ့သည့် (၂၀၁၃) ခုနှစ်က ထုတ်လုပ်ခဲ့ပြီး အဆိုပါဂိမ်းစက်ကိုပင် အဆင့်မြှင့်ထားသည့် စက်များအဖြစ် Xbox One S ကို (၂၀၁၆) ခုနှစ်၊ Xbox One X ကို (၂၀၁၇) ခုနှစ်၌ အသီးသီး ထုတ်လုပ်ခဲ့ပါတယ်။

Xbox Series X ရဲ့ Controller ကို Bluetooth Controller အဖြစ် ထုတ်လုပ်မည်ဖြစ်ပြီး ယခင် Controller အဟောင်းထက် အနည်းငယ်ပိုမိုသေးငယ်ပါတယ်။ ဒါပေမယ့် မတူညီသည့် လက်အရွယ်အစားမျိုးစုံနဲ့ အဆင်ပြေနိုင်သည့် Controller ဖြစ်လာနိုင်ဖွယ်ရှိပြီး Microsoft အနေဖြင့် Xbox Series X ရဲ့ စျေးနှုန်းကိုမူ ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိကြောင်း သိရှိရပါတယ်။

Xbox က ယခုကဲ့သို့ ဂိမ်းစက်အသစ် ထုတ်လုပ်ရန်ကြေညာခဲ့သလို Sony ကုမ္ပဏီကလည်း လာမည့် (၂၀၂၀) ခုနှစ်အတွင်း၌ PlayStation 5 ကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း လွန်ခဲ့သည့်လအနည်းငယ်က ကြေညာခဲ့ပါတယ်။ အဆိုပါ PlayStation 5 သည်လည်း ယခင် PlayStation ဂိမ်းစက်များထက် အမြန်နှုန်း၊ ရုပ်ထွက်နဲ့ အသံပိုင်းဆိုင်ရာများ ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း သိရှိရပါတယ်။

<Unicode Version>

 

Source ~ CNN News

#HM(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read