စပါးအသင္းရဲ႕ ကစားသမားမ်ားသည္ ဝုလ္ဗ္အသင္းရဲ႕ ေတာင္ပံကစားသမား တစ္ဦးျဖစ္သူ အဒမ္မာထရာအိုေရးကို ေခၚယူေပးရန္ နည္းျပေမာ္ရင္ဟိုကို ဝိုင္းဝန္းေတာင္းဆိုခဲ့ေၾကာင္း သိရွိရပါတယ္။ ၿပီးခဲ့သည့္ တနဂၤေႏြေန႔က ကစားခဲ့သည့္ ဝုလ္ဗ္အသင္းနဲ႔ အေဝးကြင္းပဲြစဥ္၌ စပါးအသင္းက ဗာတြန္ဂန္ရဲ႕ ေနာက္ဆံုးမိနစ္ အႏို္င္ဂိုးေၾကာင့္ အႏုိုင္ရရွိခဲ့ေပမယ့္ စပါးကစားသမားမ်ားအေနျဖင့္ အသက္ (၂၃) ႏွစ္အရြယ္ ထရာအိုေရးကို ထိန္းခ်ဳပ္ႏုိင္ရန္အတြက္ ခက္ခက္ခဲခဲ ႀကိဳးစားခဲ့ရၿပီး ထရာအိုေရးကို ျပစ္ဒဏ္က်ဴးလြန္ျခင္းေၾကာင့္ အဝါကတ္မ်ားလည္း ျပသခံခဲ့ပါတယ္။
အဆိုပါပဲြ၌ ထရာအိုေရးက စပါးအသင္းဘက္ကို အေကာင္းဆံုး ဒုကၡေပးခဲ့ၿပီး အသင္းအတြက္ ေခ်ပဂိုးတစ္ဂိုးကိုလည္း သူ႔ရဲ႕တစ္ကိုယ္ေတာ္ ကြ်မ္းက်င္မႈျဖင့္ သြင္းယူေပးႏိုင္ခဲ့ပါတယ္။ Football Insider ရဲ႕ ေဖာ္ျပခ်က္အရ စပါးအသင္းရဲ႕ စီနီယာကစားသမားမ်ားသည္ အဆိုပါကစားသမားကို ေခၚယူေပးရန္အတြက္ ေမာ္ရင္ဟိုကို ေတာင္းဆိုခဲ့ၾကေၾကာင္း သိရွိရပါတယ္။
ထရာအိုေရးအေနျဖင့္ ဝုလ္ဗ္အသင္း၌ ပံုမွန္ပဲြထြက္ခြင့္ရရွိရန္ ရုန္းကန္ေနရေပမယ့္ ပါဝင္ကစားခြင့္ရသည့္အခ်ိန္တိုင္း ေျခစြမ္းျပကစားႏိုင္ခဲ့သည့္အျပင္ ယခုကဲ့သို႔သူ႔ရဲ႕တိုးတက္မႈမ်ားေၾကာင့္ စပါးကစားသမားမ်ားက ယခုကဲ့သုိ႔ ေတာင္းဆိုခဲ့ျခင္းျဖစ္ပါတယ္။ ဒါေပမယ့္ ထရာအိုေရးအေနျဖင့္ ဝုလ္ဗ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း (၃) ႏွစ္ခဲြအထိ က်န္ရွိေနဆဲျဖစ္ေၾကာင္း သိရွိရပါတယ္။
<Zawgyi Version>
စပါးအသင်းရဲ့ ကစားသမားများသည် ဝုလ်ဗ်အသင်းရဲ့ တောင်ပံကစားသမား တစ်ဦးဖြစ်သူ အဒမ်မာထရာအိုရေးကို ခေါ်ယူပေးရန် နည်းပြမော်ရင်ဟိုကို ဝိုင်းဝန်းတောင်းဆိုခဲ့ကြောင်း သိရှိရပါတယ်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကစားခဲ့သည့် ဝုလ်ဗ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်၌ စပါးအသင်းက ဗာတွန်ဂန်ရဲ့ နောက်ဆုံးမိနစ် အနို်င်ဂိုးကြောင့် အနိုုင်ရရှိခဲ့ပေမယ့် စပါးကစားသမားများအနေဖြင့် အသက် (၂၃) နှစ်အရွယ် ထရာအိုရေးကို ထိန်းချုပ်နိုင်ရန်အတွက် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပြီး ထရာအိုရေးကို ပြစ်ဒဏ်ကျူးလွန်ခြင်းကြောင့် အဝါကတ်များလည်း ပြသခံခဲ့ပါတယ်။
အဆိုပါပွဲ၌ ထရာအိုရေးက စပါးအသင်းဘက်ကို အကောင်းဆုံး ဒုက္ခပေးခဲ့ပြီး အသင်းအတွက် ချေပဂိုးတစ်ဂိုးကိုလည်း သူ့ရဲ့တစ်ကိုယ်တော် ကျွမ်းကျင်မှုဖြင့် သွင်းယူပေးနိုင်ခဲ့ပါတယ်။ Football Insider ရဲ့ ဖော်ပြချက်အရ စပါးအသင်းရဲ့ စီနီယာကစားသမားများသည် အဆိုပါကစားသမားကို ခေါ်ယူပေးရန်အတွက် မော်ရင်ဟိုကို တောင်းဆိုခဲ့ကြကြောင်း သိရှိရပါတယ်။
ထရာအိုရေးအနေဖြင့် ဝုလ်ဗ်အသင်း၌ ပုံမှန်ပွဲထွက်ခွင့်ရရှိရန် ရုန်းကန်နေရပေမယ့် ပါဝင်ကစားခွင့်ရသည့်အချိန်တိုင်း ခြေစွမ်းပြကစားနိုင်ခဲ့သည့်အပြင် ယခုကဲ့သို့သူ့ရဲ့တိုးတက်မှုများကြောင့် စပါးကစားသမားများက ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ထရာအိုရေးအနေဖြင့် ဝုလ်ဗ်အသင်းနဲ့ စာချုပ်သက်တမ်း (၃) နှစ်ခွဲအထိ ကျန်ရှိနေဆဲဖြစ်ကြောင်း သိရှိရပါတယ်။
<Unicode Version>
Source ~ Sportsmole
#HM(1209Soshwe)
#SoshweSport
#SoshweForYourDailyLife
#Like&Share