HomeSportPSG အသင္းမွ ထြက္ခြာမည့္ သတင္းမ်ားနဲ႕ပက္သက္ၿပီးေျဖရွင္းလိုက္တ့ဲ ေနမာ။

PSG အသင္းမွ ထြက္ခြာမည့္ သတင္းမ်ားနဲ႕ပက္သက္ၿပီးေျဖရွင္းလိုက္တ့ဲ ေနမာ။

- Advertisement -

PSG အသင္းရဲ႕ အဓိကတိုက္စစ္ကစားသမားတစ္ဦးျဖစ္သူ ေနမာမွ အသင္းမွထြက္ခြာမည့္ သတင္းမ်ားအေပၚ ျငင္းဆန္ေျပာၾကားသြားခဲ့ပါတယ္။ ၿပီးခဲ့သည့္ ေႏြရာသီအေျပာင္းအေရႊ႕​၌ အသင္းေဟာင္း ဘာစီလိုနာကို ျပန္ရန္ သတင္းမ်ားက်ယ္ေလာင္စြာထြက္ေပၚခဲ့သည့္ ေနမာသည္ ပဲရစ္ၿမိဳ႕၌ မေပ်ာ္ရႊင္ဘဲ အသင္းေဟာင္းကိုသာ ျပန္ရန္ ဆႏၵရွိေနသည္ဟု သတင္းမ်ားက လက္ရွိအခ်ိန္အထိ ေဖာ္ျပေနေပမယ့္ လက္ရွိအခ်ိန္၌ ကာယကံရွင္ကိုယ္တိုင္က ယခုကဲ့သုိ႔ ျငင္းဆန္လိုက္ျခင္းျဖစ္ပါတယ္။

France Football နဲ႔ ေတြ႕ဆံုရာ၌ အသက္ (၂၇) ႏွစ္အရြယ္ အဆိုပါ ဘရာဇီး လက္ေရြးစင္ ကစားသမားက “ကြ်န္ေတာ္ ဘာျဖစ္လို႔ အသင္းက ထြက္ရမွာလဲ။ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းက (၂) ႏွစ္ က်န္ေသးသလို ဒီအသင္းကလည္း ဆက္လက္တိုးတက္ေနဆဲပါ။ ဒီရာသီမွာ ကြ်န္ေတာ္တို႔ တတ္ႏုိင္သေလာက္ ဆုဖလားေတြ ရယူႏုိင္ဖို႔ အာရံုစုိက္ထားၿပီး ကြ်န္ေတာ္တို႔ရဲ႕ အဓိက ပစ္မွတ္က ခ်န္ပီယံလိဂ္ဖလားျဖစ္သလို ကြ်န္ေတာ့္ရဲ႕ ဦးစားေပးအသင္းကလည္း PSG အသင္းပါ။”

“ေနာက္လာမယ့္ပဲြကို အႏုိင္ရဖို႔က အၿမဲတမ္း ပစ္မွတ္တစ္ခုအျဖစ္ သတ္မွတ္ထားၿပီး ကလပ္အသင္းအတြက္ ကြ်န္ေတာ္တို႔ ကိုယ့္ကုိယ္ကိုယ္ တြန္းအားေပးရမွာပါ။ ဒါကပဲ နည္းလမ္းတစ္ခုလို႔ ကြ်န္ေတာ္ျမင္ပါတယ္။” ဟု ေျပာၾကားသြားခဲ့ပါတယ္။ ေနမာသည္ လက္ရွိ ေဘာလံုးရာသီ၌ PSG အသင္းအတြက္ (၁၁) ပဲြ ပါဝင္ကစားေပးထားၿပီး (၈) ဂိုးသြင္း၊ (၅) ႀကိမ္ ဂိုးဖန္တီးမႈ ျပဳလုပ္ေပးထားႏိုင္ေၾကာင္း သိရွိရပါတယ္။

- Advertisement -

<Zawgyi Version>

- Advertisement -

 

PSG အသင်းရဲ့ အဓိကတိုက်စစ်ကစားသမားတစ်ဦးဖြစ်သူ နေမာမှ အသင်းမှထွက်ခွာမည့် သတင်းများအပေါ် ငြင်းဆန်ပြောကြားသွားခဲ့ပါတယ်။ ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့၌ အသင်းဟောင်း ဘာစီလိုနာကို ပြန်ရန် သတင်းများကျယ်လောင်စွာထွက်ပေါ်ခဲ့သည့် နေမာသည် ပဲရစ်မြို့၌ မပျော်ရွှင်ဘဲ အသင်းဟောင်းကိုသာ ပြန်ရန် ဆန္ဒရှိနေသည်ဟု သတင်းများက လက်ရှိအချိန်အထိ ဖော်ပြနေပေမယ့် လက်ရှိအချိန်၌ ကာယကံရှင်ကိုယ်တိုင်က ယခုကဲ့သို့ ငြင်းဆန်လိုက်ခြင်းဖြစ်ပါတယ်။

France Football နဲ့ တွေ့ဆုံရာ၌ အသက် (၂၇) နှစ်အရွယ် အဆိုပါ ဘရာဇီး လက်ရွေးစင် ကစားသမားက “ကျွန်တော် ဘာဖြစ်လို့ အသင်းက ထွက်ရမှာလဲ။ အသင်းနဲ့ စာချုပ်သက်တမ်းက (၂) နှစ် ကျန်သေးသလို ဒီအသင်းကလည်း ဆက်လက်တိုးတက်နေဆဲပါ။ ဒီရာသီမှာ ကျွန်တော်တို့ တတ်နိုင်သလောက် ဆုဖလားတွေ ရယူနိုင်ဖို့ အာရုံစိုက်ထားပြီး ကျွန်တော်တို့ရဲ့ အဓိက ပစ်မှတ်က ချန်ပီယံလိဂ်ဖလားဖြစ်သလို ကျွန်တော့်ရဲ့ ဦးစားပေးအသင်းကလည်း PSG အသင်းပါ။”

“နောက်လာမယ့်ပွဲကို အနိုင်ရဖို့က အမြဲတမ်း ပစ်မှတ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး ကလပ်အသင်းအတွက် ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးရမှာပါ။ ဒါကပဲ နည်းလမ်းတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။” ဟု ပြောကြားသွားခဲ့ပါတယ်။ နေမာသည် လက်ရှိ ဘောလုံးရာသီ၌ PSG အသင်းအတွက် (၁၁) ပွဲ ပါဝင်ကစားပေးထားပြီး (၈) ဂိုးသွင်း၊ (၅) ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးထားနိုင်ကြောင်း သိရှိရပါတယ်။

<Unicode Version>

 

Source ~ Sportsmole

#Soshwe

- Advertisement -

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

two × two =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...