အေမရိကန္ျပည္ေထာင္စု သမၼတ Donald Trump ဟာ Marvel ႐ုပ္ရွင္ထဲက သူရဲေကာင္းေတြနဲ႔ သူရဲေကာင္းဘက္ေတာ္သားေတြကို အစုလိုက္အျပံဳလိုက္ သတ္ျဖတ္ဖ်က္ဆီးခဲ့တဲ့ ဗီလိန္ရာဇဝတ္ေကာင္ Tanos ရဲ႕ မ်က္ႏွာသြင္ျပင္ေနရာမွာ သမၼတႀကီးရဲ႕မ်က္ႏွာကိုထည့္ၿပီး PR အဖြဲ႔သားေတြက ဗီဒီယိုတစ္ခုျပဳလုပ္ခဲ့တာပဲျဖစ္ပါတယ္။
သမၼတႀကီးရဲ႕ PR အဖြဲ႔သားေတြက သမၼတႀကီးကို သူရဲေကာင္းတစ္ဦးအျဖစ္မဖန္တီးေပးဘဲ ဘာေၾကာင့္မ်ား ရက္စက္ၾကမ္းၾကဳတ္တဲ့ ဗီလိန္ရာဇဝတ္ေကာင္ ပံုစံမ်ိဳးဖန္တီးေပးလိုက္တာလဲဆိုတာကို လူေတြက ထင္ေၾကးေပး ေဝဖန္မႈေတြရွိလာခဲ့ပါတယ္။ အဆိုပါဗီဒီယိုျပဳလုပ္ျခင္းက အေပ်ာ္သေဘာမ်ိဳး လူေတြ ရယ္ေမာေစေအာင္ ျပဳလုပ္တာလား? ဒါမွမဟုတ္ ႏိုင္ငံေရးနဲ႔ ပတ္သက္ၿပီး ညႊန္းဆိုမႈတစ္ခုျပဳလုပ္တာလား? ဆိုၿပီး ေဝခြဲမရျဖစ္လာၾကပါတယ္။
House Democrats can push their sham impeachment all they want.
President Trump's re-election is 𝗶𝗻𝗲𝘃𝗶𝘁𝗮𝗯𝗹𝗲. pic.twitter.com/O7o02S26nS
— Trump War Room (@TrumpWarRoom) December 10, 2019
ေဖာ္ျပထားတဲ့ ဗီဒီယိုထဲမွာ သမၼတႀကီး Trump က “I am inevitable” လို႔ ေျပာခ်ိန္မွာ သမၼတႀကီးရဲ႕ မ်က္ႏွာထားဟာ အားရေက်နပ္ေနတဲ့ မ်က္ႏွာထားမ်ိဳးျဖစ္ေနၿပီး သမၼတႀကီးက လက္ေဖ်ာက္တီးခ်ိန္မွာေတာ့ House Speaker ျဖစ္သူ Nancy Pelosi နဲ႔ သူ႔ရဲ႕အဖြဲ႕သားေတြဟာ ျမဴမႈန္ေတြအျဖစ္ ေပ်ာက္ကြယ္သြားတာပဲ ျဖစ္ပါတယ္။ ဆိုလိုခ်င္တဲ့သေဘာကေတာ့ “ဒီမိုကေရစီဝါဒီေတြက သူတို႔လိုခ်င္တဲ့ပန္းတိုင္ကိုေရာက္ေအာင္ ဘယ္ေလာက္ပဲႀကိဳးစားလုပ္ေဆာင္ပါေစ သမၼတႀကီးကေတာ့ ေရြးေကာက္ပြဲကိုျပန္ျပဳလုပ္မွာျဖစ္ၿပီး ထိုေရြးေကာက္ပြဲမွာ Donald Trump နဲ႔ မလြဲမေသြျပန္လည္ ဆံုေတြ႔ရမည္။” ျဖစ္ေၾကာင္း သတိေပးလိုက္ျခင္းပဲ ျဖစ္ပါတယ္။
ဒီျဖစ္ရပ္ဟာ ဒီမိုကေရစီဝါဒီေတြအေနနဲ႕ အိမ္ျဖဴေတာ္ရဲ႕တရားစီရင္ေရးေကာ္မတီကို ထိန္းခ်ဳပ္လိုက္ၿပီး သမၼတႀကီးရဲ႕ အာဏာကိုလြဲမွားစြာအသံုးခ်ပံုကို ဆန္႔က်င္ျငင္းဆိုၿပီးေနာက္ပိုင္းမွာ ဒီဗီဒီယိုကို ျပဳလုပ္ခဲ့တာပဲျဖစ္ပါတယ္။ ဒီဗီဒီယိုထဲမွာ မွားယြင္းေနတဲ့ အယူအဆတစ္ခုက သမၼတႀကီး Donald Trumpကို လူမ်ိဳးတံုးသတ္ျဖတ္မႈ က်ဴးလြန္ခဲ့တဲ့ ဗီလိန္ရာဇဝတ္ေကာင္နဲ႔ ခိုင္းႏႈိင္းထားတာပဲျဖစ္ပါတယ္။
Marvel ႐ုပ္ရွင္ထုတ္လုပ္ေရးကုမၸဏီမွ အဆိုပါဗီလိန္ဇာတ္ေကာင္ Thanos ကို တီထြင္သူ Jim Starlin က သူ႔ရဲ႕တီထြင္မႈကိုအလြဲသံုးစားျပဳလုပ္တာနဲ႔ ပတ္သက္ၿပီး မေက်မနပ္ျဖစ္တဲ့အျပင္ အေမရိကန္ျပည္ေထာင္စုရဲ႕ ေခါင္းေဆာင္ကို လူသတ္ေကာင္နဲ႔ ႏႈိင္းယွဥ္ထားျခင္းကို ဂုဏ္ယူႏွစ္သက္ျခင္းကလည္း စက္ဆုပ္ရြံရွာဖြယ္ေကာင္းေၾကာင္း ေျပာဆိုခဲ့ပါတယ္။
<Zawgyi Version>
အမေရိကန်ပြည်ထောင်စု သမ္မတ Donald Trump ဟာ Marvel ရုပ်ရှင်ထဲက သူရဲကောင်းတွေနဲ့ သူရဲကောင်းဘက်တော်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖျက်ဆီးခဲ့တဲ့ ဗီလိန်ရာဇဝတ်ကောင် Tanos ရဲ့ မျက်နှာသွင်ပြင်နေရာမှာ သမ္မတကြီးရဲ့မျက်နှာကိုထည့်ပြီး PR အဖွဲ့သားတွေက ဗီဒီယိုတစ်ခုပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။
သမ္မတကြီးရဲ့ PR အဖွဲ့သားတွေက သမ္မတကြီးကို သူရဲကောင်းတစ်ဦးအဖြစ်မဖန်တီးပေးဘဲ ဘာကြောင့်များ ရက်စက်ကြမ်းကြုတ်တဲ့ ဗီလိန်ရာဇဝတ်ကောင် ပုံစံမျိုးဖန်တီးပေးလိုက်တာလဲဆိုတာကို လူတွေက ထင်ကြေးပေး ဝေဖန်မှုတွေရှိလာခဲ့ပါတယ်။ အဆိုပါဗီဒီယိုပြုလုပ်ခြင်းက အပျော်သဘောမျိုး လူတွေ ရယ်မောစေအောင် ပြုလုပ်တာလား? ဒါမှမဟုတ် နိုင်ငံရေးနဲ့ ပတ်သက်ပြီး ညွှန်းဆိုမှုတစ်ခုပြုလုပ်တာလား? ဆိုပြီး ဝေခွဲမရဖြစ်လာကြပါတယ်။
House Democrats can push their sham impeachment all they want.
President Trump's re-election is 𝗶𝗻𝗲𝘃𝗶𝘁𝗮𝗯𝗹𝗲. pic.twitter.com/O7o02S26nS
— Trump War Room (@TrumpWarRoom) December 10, 2019
ဖော်ပြထားတဲ့ ဗီဒီယိုထဲမှာ သမ္မတကြီး Trump က “I am inevitable” လို့ ပြောချိန်မှာ သမ္မတကြီးရဲ့ မျက်နှာထားဟာ အားရကျေနပ်နေတဲ့ မျက်နှာထားမျိုးဖြစ်နေပြီး သမ္မတကြီးက လက်ဖျောက်တီးချိန်မှာတော့ House Speaker ဖြစ်သူ Nancy Pelosi နဲ့ သူ့ရဲ့အဖွဲ့သားတွေဟာ မြူမှုန်တွေအဖြစ် ပျောက်ကွယ်သွားတာပဲ ဖြစ်ပါတယ်။ ဆိုလိုချင်တဲ့သဘောကတော့ “ဒီမိုကရေစီဝါဒီတွေက သူတို့လိုချင်တဲ့ပန်းတိုင်ကိုရောက်အောင် ဘယ်လောက်ပဲကြိုးစားလုပ်ဆောင်ပါစေ သမ္မတကြီးကတော့ ရွေးကောက်ပွဲကိုပြန်ပြုလုပ်မှာဖြစ်ပြီး ထိုရွေးကောက်ပွဲမှာ Donald Trump နဲ့ မလွဲမသွေပြန်လည် ဆုံတွေ့ရမည်။” ဖြစ်ကြောင်း သတိပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ဟာ ဒီမိုကရေစီဝါဒီတွေအနေနဲ့ အိမ်ဖြူတော်ရဲ့တရားစီရင်ရေးကော်မတီကို ထိန်းချုပ်လိုက်ပြီး သမ္မတကြီးရဲ့ အာဏာကိုလွဲမှားစွာအသုံးချပုံကို ဆန့်ကျင်ငြင်းဆိုပြီးနောက်ပိုင်းမှာ ဒီဗီဒီယိုကို ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီဗီဒီယိုထဲမှာ မှားယွင်းနေတဲ့ အယူအဆတစ်ခုက သမ္မတကြီး Donald Trumpကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ ဗီလိန်ရာဇဝတ်ကောင်နဲ့ ခိုင်းနှိုင်းထားတာပဲဖြစ်ပါတယ်။
Marvel ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီမှ အဆိုပါဗီလိန်ဇာတ်ကောင် Thanos ကို တီထွင်သူ Jim Starlin က သူ့ရဲ့တီထွင်မှုကိုအလွဲသုံးစားပြုလုပ်တာနဲ့ ပတ်သက်ပြီး မကျေမနပ်ဖြစ်တဲ့အပြင် အမေရိကန်ပြည်ထောင်စုရဲ့ ခေါင်းဆောင်ကို လူသတ်ကောင်နဲ့ နှိုင်းယှဉ်ထားခြင်းကို ဂုဏ်ယူနှစ်သက်ခြင်းကလည်း စက်ဆုပ်ရွံရှာဖွယ်ကောင်းကြောင်း ပြောဆိုခဲ့ပါတယ်။
<Unicode Version>
Source ~ Unilad
#SY(1209Soshwe)
#SoshweFunny
#SoshweForYourDailyLife
#Like&Share