HomeEntertainmentEminem နဲ႔ ျဖစ္တဲ့ျပႆနာကို အဆံုးသတ္ႏိုင္ဖို႔အတြက္ Nick Cannon တစ္ေယာက္ ဘယ္လုိႀကိဳးစားခ့ဲသလဲ ? ? ?

Eminem နဲ႔ ျဖစ္တဲ့ျပႆနာကို အဆံုးသတ္ႏိုင္ဖို႔အတြက္ Nick Cannon တစ္ေယာက္ ဘယ္လုိႀကိဳးစားခ့ဲသလဲ ? ? ?

- Advertisement -

မၾကာေသးခင္က Eminem နဲ႔ Nick Cannon တို႔ၾကားမွာ ျဖစ္ေပၚခဲ့တဲ့ ရန္ပြဲတစ္ခုနဲ႔ ပတ္သက္ၿပီး Eminem  ေရာ Nick ေရာကပါ တစ္ဦးကိုတစ္ဦး ယခုခ်ိန္ထိ ျပန္လည္ေခ်ပဆဲျဖစ္ပါတယ္။ Eminem က Fat Joe ရဲ႕ သီခ်င္းအသစ္ “Lord Above” မွာ ပါဝင္သီဆိုရင္း Nick Cannon နဲ႔ သူ႔ရဲ႕ဇနီးေဟာင္း Mariah Carey တို႔ကို သီခ်င္းစာသားေတြနဲ႔ ျပင္းျပင္းထန္ထန္ေဝဖန္ခဲ့ရာကေန စတင္ခ့ဲျခင္းျဖစ္ပါတယ္။ Eminem ဟာ ယခင္တုန္းက Mairah နဲ႔ ပတ္သက္ခဲ့ဖူးေၾကာင္းကို သီခ်င္းထဲမွာ ထည့္သြင္းသီဆိုခဲ့တာပဲျဖစ္ပါတယ္။

- Advertisement -

အဆိုပါကိစၥနဲ႔ ပတ္သက္ၿပီး မေက်နပ္တဲ့ Nick က “The Invitaion” ဆိုတဲ့ သီခ်င္းနဲ႔ Eminem ကို ျပန္လည္ေခ်ပခဲ့တဲ့အျပင္ Eminem ရဲ႕ အသက္ရလာလို႔ အိုမင္းလာမႈကိုလည္း Nick Cannon TV Show မွာ   ေလွာင္ေျပာင္ေျပာဆိုခဲ့ပါေသးတယ္။ Nick Cannon က မၾကာေသးခင္ကမွ ေႂကြလြင့္သြားတဲ့ Juice Wrld ရဲ႕ ေသဆံုးမႈကို အသံုးခ်ၿပီး Eminem နဲ႔ျဖစ္တဲ့ ရန္ပြဲကိုအဆံုးသတ္ဖို႔အတြက္ “Pray For Him” အမည္ရွိသီခ်င္းနဲ႕ Eminem ကို ထပ္မံေခ်ပခဲ့ပါတယ္။

- Advertisement -

- Advertisement -

Nick Cannon ရဲ႕ “Pray For Him” သီခ်င္းထဲမွာ Charlie Clips ၊ Hitman Holla ၊ Conceited နဲ႔ Prince Eazy တို႔က ပါဝင္သီဆိုခဲ့ၿပီး Prince Eazy က “ဘုရားသခင္က ‘Juice Wrld’ အစား ‘Eminem’ ကို ေခၚသြားသင့္ေၾကာင္း ၾကမ္းတမ္းစြာသီဆိုထားတာကိုလည္း ေတြ႔ရမွာပဲျဖစ္ပါတယ္။ Cannon  က “The Invitation” သီခ်င္းထဲမွာ Eminem ရဲ႕ ဇနီးေဟာင္း Kim Mathers နဲ႔ သမီးေလး Hailie တို႔ကိုပါ ထိပါးေစာ္ကား သီဆိုထားပါေသးတယ္။

Cannon ရဲ႕ Eminem ကို ျပန္လည္ေခ်ပတဲ့သီခ်င္းကို 50Cent က “အမိႈက္သာသာပဲ” လို႔ ေျပာခဲ့တဲ့အျပင္ Joyner Lucas ကလည္း Cannon ရဲ႕ Eminem ကိုထိပါးေစာ္ကားေနတဲ့ သီခ်င္းေတြသီဆိုေနတာ ရပ္တန္းကရပ္သင့္ေၾကာင္း သူ႔ရဲ႕တြစ္တာမွာတင္ခဲ့ပါေသးတယ္။

Eminem ကေတာ့ Nick Cannon ရဲ႕ သီခ်င္းအသစ္နဲ႔ ပတ္သက္ၿပီး ဘာတံု႔ျပန္မႈမွမျပဳလုပ္ေသးေပမယ့္ ဘာေတြဆက္ျဖစ္လာဦးမလဲဆိုတာကို ၾကည့္ရေအာင္ပါေနာ္။

<Zawgyi Version>

 

မကြာသေးခင်က Eminem နဲ့ Nick Cannon တို့ကြားမှာ ဖြစ်ပေါ်ခဲ့တဲ့ ရန်ပွဲတစ်ခုနဲ့ ပတ်သက်ပြီး Eminem  ရော Nick ရောကပါ တစ်ဦးကိုတစ်ဦး ယခုချိန်ထိ ပြန်လည်ချေပဆဲဖြစ်ပါတယ်။ Eminem က Fat Joe ရဲ့ သီချင်းအသစ် “Lord Above” မှာ ပါဝင်သီဆိုရင်း Nick Cannon နဲ့ သူ့ရဲ့ဇနီးဟောင်း Mariah Carey တို့ကို သီချင်းစာသားတွေနဲ့ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ရာကနေ စတင်ခဲ့ခြင်းဖြစ်ပါတယ်။ Eminem ဟာ ယခင်တုန်းက Mairah နဲ့ ပတ်သက်ခဲ့ဖူးကြောင်းကို သီချင်းထဲမှာ ထည့်သွင်းသီဆိုခဲ့တာပဲဖြစ်ပါတယ်။

 

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ Nick က “The Invitaion” ဆိုတဲ့ သီချင်းနဲ့ Eminem ကို ပြန်လည်ချေပခဲ့တဲ့အပြင် Eminem ရဲ့ အသက်ရလာလို့ အိုမင်းလာမှုကိုလည်း Nick Cannon TV Show မှာ   လှောင်ပြောင်ပြောဆိုခဲ့ပါသေးတယ်။ Nick Cannon က မကြာသေးခင်ကမှ ကြွေလွင့်သွားတဲ့ Juice Wrld ရဲ့ သေဆုံးမှုကို အသုံးချပြီး Eminem နဲ့ဖြစ်တဲ့ ရန်ပွဲကိုအဆုံးသတ်ဖို့အတွက် “Pray For Him” အမည်ရှိသီချင်းနဲ့ Eminem ကို ထပ်မံချေပခဲ့ပါတယ်။

Nick Cannon ရဲ့ “Pray For Him” သီချင်းထဲမှာ Charlie Clips ၊ Hitman Holla ၊ Conceited နဲ့ Prince Eazy တို့က ပါဝင်သီဆိုခဲ့ပြီး Prince Eazy က “ဘုရားသခင်က ‘Juice Wrld’ အစား ‘Eminem’ ကို ခေါ်သွားသင့်ကြောင်း ကြမ်းတမ်းစွာသီဆိုထားတာကိုလည်း တွေ့ရမှာပဲဖြစ်ပါတယ်။ Cannon  က “The Invitation” သီချင်းထဲမှာ Eminem ရဲ့ ဇနီးဟောင်း Kim Mathers နဲ့ သမီးလေး Hailie တို့ကိုပါ ထိပါးစော်ကား သီဆိုထားပါသေးတယ်။

Cannon ရဲ့ Eminem ကို ပြန်လည်ချေပတဲ့သီချင်းကို 50Cent က “အမှိုက်သာသာပဲ” လို့ ပြောခဲ့တဲ့အပြင် Joyner Lucas ကလည်း Cannon ရဲ့ Eminem ကိုထိပါးစော်ကားနေတဲ့ သီချင်းတွေသီဆိုနေတာ ရပ်တန်းကရပ်သင့်ကြောင်း သူ့ရဲ့တွစ်တာမှာတင်ခဲ့ပါသေးတယ်။

Eminem ကတော့ Nick Cannon ရဲ့ သီချင်းအသစ်နဲ့ ပတ်သက်ပြီး ဘာတုံ့ပြန်မှုမှမပြုလုပ်သေးပေမယ့် ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာကို ကြည့်ရအောင်ပါနော်။

<Unicode Version>

Source ~ Unilad

#SY(1209Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

Must Read