HomeLifeStyleေႂကြလြင့္စစ္သားေတြရဲ႕ မိသားစုဝင္ေထာင္ေက်ာ္ကို Disney Land သို႔ အလည္အပတ္ပို႔ေပးခဲ့တဲ့ Forrest Gump မင္းသားႀကီး။

ေႂကြလြင့္စစ္သားေတြရဲ႕ မိသားစုဝင္ေထာင္ေက်ာ္ကို Disney Land သို႔ အလည္အပတ္ပို႔ေပးခဲ့တဲ့ Forrest Gump မင္းသားႀကီး။

- Advertisement -

ၿပီးခ့ဲတ့ဲရက္သတၱပတ္က Gary Sinise ဟာ ေႂကြလြင့္ေလၿပီးေသာ စစ္သားေတြရဲ႕ က်န္ရစ္ခဲ့တဲ့ မိသားစုဝင္ ၁၇၀၀ ကို ဖေလာ္ရီဒါ၊ ေအာ္လန္ဒိုၿမိဳ႕သို႕ စရိတ္ၿငိမ္းခရီးစဥ္တစ္ခုကို ပို႔ေဆာင္ေပးခ့ဲပါတယ္။ Gary ဟာ Gary Sinise Foundation ကေန ရရွိထားတဲ့ ရန္ပံုေငြ အလွဴေငြေတြကို အသံုးျပဳကာ American Airline နဲ႔ ပူးေပါင္းၿပီး ႏွစ္စဥ္ဒီဇင္ဘာလတိုင္းမွာ အေမရိကန္ျပည္နယ္တစ္ဝွမ္းမွာရွိတဲ့ ခရီးသြားအပန္းေျဖဖို႔ မတတ္ႏိုင္တဲ့ အေမရိကန္ႏိုင္ငံသားေတြကို ခရီးစဥ္အခမဲ့ေရးဆြဲေပးေလ့ရွိပါတယ္။

- Advertisement -

ဒီအစီအစဥ္ကေတာ့ ၂၀၀၆ ခုႏွစ္မွာ စတင္ေပၚေပါက္ခဲ့တာျဖစ္ၿပီး ထိုအစီအစဥ္ စတင္ေပၚေပါက္ခဲ့ရျခင္း အေၾကာင္းအရင္းကေတာ့ ႏိုင္ငံ့တာဝန္ထမ္းေဆာင္ေနတ့ဲ စစ္သားတစ္ေယာက္အေနနဲ႕ သူသာ အသက္ရွင္ေနေသးခဲ့မယ္ဆိုရင္ သူ႔မိသားစုကို Disney Land သို႕ ေခၚသြားလိုေၾကာင္း ေရးခဲ့တဲ့စာကို အထက္လူႀကီးေတြနဲ႔ တာဝန္ရွိသူေတြ ေတြ႕ရွိၿပီးေနာက္ စတင္ေပၚေပါက္လာခ့ဲတာပဲျဖစ္ပါတယ္။ အ့ဲဒီေနာက္မွာေတာ့ ေသဆံုးသြားတဲ့ စစ္သားရဲ႕ဆႏၵကို ျဖည့္ဆည္းေပးဖို႔အတြက္ ေဆာင္ရြက္ရာကေန ဒီအစီအစဥ္ဟာ ယခုခ်ိန္ထိ အသက္ဝင္ေနတုန္းျဖစ္ပါတယ္။

- Advertisement -

- Advertisement -

ဒီႏွစ္မွာဆိုရင္လည္း Gary ဟာ ႏိုင္ငံ့တာဝန္ထမ္းေဆာင္ရင္း အသက္ေပးခဲ့ရတဲ့ မိသားစုဝင္စစ္သားေတြအတြက္ ေၾကကြဲဝမ္းနည္းေနတဲ့ က်န္ရစ္သူမိသားစုဝင္ေတြရဲ႕ ဝမ္းနည္းမႈကို ႏွစ္သိမ့္ေပးဖို႔ Disney Land သို႕ (၅) ရက္ေန စရိတ္ၿငိမ္းလည္ပတ္ခြင့္ရရွိေအာင္ စီစဥ္ေပးခဲ့တာပဲျဖစ္ပါတယ္။

Gary က သူ႔ရဲ႕တြစ္တာအေကာင့္မွာ Disney Land သို႕ သြားေရာက္လည္ပတ္မယ့္ ေလယာဥ္ေပၚကို တက္လာတဲ့ မိသားစုဝင္ေတြအား သူကိုယ္တိုင္ ေႏြးေထြးစြာႀကိဳဆိုေနတ့ဲ ဗီဒီယို တင္ေပးခဲ့ပါတယ္။ ဒီျဖစ္ရပ္ကိုေတြ႕ရတ့ဲ လူေတြဟာလည္း Gary ရဲ႕လုပ္ရပ္ကို ခ်ီးက်ဴးၾကၿပီး မိသားစုဝင္ေတြအတြက္ ဝမ္းသာပီတိျဖစ္ခဲ့ၾကရပါတယ္။

<Zawgyi Version>

 

ပြီးခဲ့တဲ့ရက်သတ္တပတ်က Gary Sinise ဟာ ကြွေလွင့်လေပြီးသော စစ်သားတွေရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင် ၁၇၀၀ ကို ဖလော်ရီဒါ၊ အော်လန်ဒိုမြို့သို့ စရိတ်ငြိမ်းခရီးစဉ်တစ်ခုကို ပို့ဆောင်ပေးခဲ့ပါတယ်။ Gary ဟာ Gary Sinise Foundation ကနေ ရရှိထားတဲ့ ရန်ပုံငွေ အလှူငွေတွေကို အသုံးပြုကာ American Airline နဲ့ ပူးပေါင်းပြီး နှစ်စဉ်ဒီဇင်ဘာလတိုင်းမှာ အမေရိကန်ပြည်နယ်တစ်ဝှမ်းမှာရှိတဲ့ ခရီးသွားအပန်းဖြေဖို့ မတတ်နိုင်တဲ့ အမေရိကန်နိုင်ငံသားတွေကို ခရီးစဉ်အခမဲ့ရေးဆွဲပေးလေ့ရှိပါတယ်။

ဒီအစီအစဉ်ကတော့ ၂၀၀၆ ခုနှစ်မှာ စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ထိုအစီအစဉ် စတင်ပေါ်ပေါက်ခဲ့ရခြင်း အကြောင်းအရင်းကတော့ နိုင်ငံ့တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတစ်ယောက်အနေနဲ့ သူသာ အသက်ရှင်နေသေးခဲ့မယ်ဆိုရင် သူ့မိသားစုကို Disney Land သို့ ခေါ်သွားလိုကြောင်း ရေးခဲ့တဲ့စာကို အထက်လူကြီးတွေနဲ့ တာဝန်ရှိသူတွေ တွေ့ရှိပြီးနောက် စတင်ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သေဆုံးသွားတဲ့ စစ်သားရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက် ဆောင်ရွက်ရာကနေ ဒီအစီအစဉ်ဟာ ယခုချိန်ထိ အသက်ဝင်နေတုန်းဖြစ်ပါတယ်။

ဒီနှစ်မှာဆိုရင်လည်း Gary ဟာ နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း အသက်ပေးခဲ့ရတဲ့ မိသားစုဝင်စစ်သားတွေအတွက် ကြေကွဲဝမ်းနည်းနေတဲ့ ကျန်ရစ်သူမိသားစုဝင်တွေရဲ့ ဝမ်းနည်းမှုကို နှစ်သိမ့်ပေးဖို့ Disney Land သို့ (၅) ရက်နေ စရိတ်ငြိမ်းလည်ပတ်ခွင့်ရရှိအောင် စီစဉ်ပေးခဲ့တာပဲဖြစ်ပါတယ်။

Gary က သူ့ရဲ့တွစ်တာအကောင့်မှာ Disney Land သို့ သွားရောက်လည်ပတ်မယ့် လေယာဉ်ပေါ်ကို တက်လာတဲ့ မိသားစုဝင်တွေအား သူကိုယ်တိုင် နွေးထွေးစွာကြိုဆိုနေတဲ့ ဗီဒီယို တင်ပေးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကိုတွေ့ရတဲ့ လူတွေဟာလည်း Gary ရဲ့လုပ်ရပ်ကို ချီးကျူးကြပြီး မိသားစုဝင်တွေအတွက် ဝမ်းသာပီတိဖြစ်ခဲ့ကြရပါတယ်။

<Unicode Version>

 

Source ~ Unilad

#SY(1209Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read