HomeEntertainmentEminem နဲ႔ Nick Cannon တို႔ရဲ႕ ရန္ပြဲၾကားပါဝင္လာတဲ့ 50 Cent

Eminem နဲ႔ Nick Cannon တို႔ရဲ႕ ရန္ပြဲၾကားပါဝင္လာတဲ့ 50 Cent

- Advertisement -

50 Cent က Eminemကို ဘယ္ေလာက္ႏွစ္သက္သေဘာက်လဲဆိုရင္ Eminem နဲ႔ ဘယ္သူပဲ ရန္ျဖစ္ပါေစ Eminem ဖက္ကပဲ ပါမယ္ဆိုတဲ့ အမာခံပရိသတ္မ်ိဳးပါ။ မၾကာေသးခင္က Eminem နဲ႔ Nick Cannon တို႔ၾကားမွာ အေျခအတင္တစ္ခု ျဖစ္ပြားခ့ဲပါတယ္။ Eminem ဟာ Fat Joe ရဲ႕ သီခ်င္းအသစ္ “Lord Above” မွာ ပါဝင္သီဆိုရင္း Cannon နဲ႔ သူ႔ရဲ႕ဇနီးေဟာင္း Mariah Carey တို႔နဲ႔ ပတ္သက္ၿပီး သီခ်င္းစာသားေတြနဲ႔ ျပင္းျပင္းထန္ထန္ေဝဖန္ခဲ့ရာကေနစပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး 50 Cent ဟာ ဒီဇင္ဘာ ၁၀ ရက္ေန႔က သူ႔ရဲ႕အင္စတာဂရမ္အေကာင့္မွာ “ဘယ္လိုလူကမ်ား Eminem နဲ႔  ရန္ျဖစ္ဖို႔ေရြးခ်ယ္တာလဲဆိုတာကို စဥ္းစားလို႔ကိုမရဘူး။ Eminem က ဘယ္သူနဲ႔မွမတူတဲ့ သတၱဝါလုိ႔ပဲ ေျပာရမယ္။ Nick… မင္းရဲ႕ျပန္ထိုးႏွက္ပံုက အမိႈက္ပါကြာ။ အျပင္မွာေတြလို႔ကေတာ့ မင္းကိုငါေစာ္ၿပီပဲ။” လုိ႔ ေရးသားကာ ဒီရန္ပြဲမွာ Eminem ဖက္မွ ရပ္တည္မယ့္အေၾကာင္းကို ေၾကျငာလိုက္ပါတယ္။

- Advertisement -

Nick Cannon ဟာ သူ႔ရဲ႕အင္စတာဂရမ္အေကာင့္မွာ Fat Joe ရဲ႕ သီခ်င္းေခြအသစ္အေပၚ ခ်ီးက်ဴးရင္း Eminemကို “Grandpa” လို႔ေခၚကာ ေစာ္ကားထားတာကိုေတြ႔ရမွာပဲျဖစ္ပါတယ္။ ဒါ့အျပင္ Nick ဟာ သူ႔ရဲ႕ Cannon’s MTV Show “Wild ‘n Out” Rap ရြတ္ၿပိဳင္ပြဲကိုလာဖို႔လည္း စိန္ေခၚထားပါေသးတယ္။ Eminem ကို မေက်နပ္ျဖစ္ေနတဲ့ Nick ကေတာ့ Nick Cannon Morning Show တစ္ခုမွာလည္း “Eminem ရဲ႕ နာမည္ကို Eminem ကေန Percocet အျဖစ္ေျပာင္းေပးရေအာင္။ သက္ႀကီးရြယ္အိုေတြ မွီဝဲရတဲ့ေဆးနာမည္က ဘာပါလိမ့္။ Cialis? ဒါဆိုရင္ သူ႔ကို Cialis လို႔ပဲေခၚရေအာင္။ ဘီးတပ္ကုလားထိုင္ကေနထၿပီး လမ္းေလွ်ာက္ေတာ့။” လို႔လည္း ရန္စကားျပန္ဆိုခဲ့ပါေသးတယ္။

- Advertisement -

ဒါ့အျပင္ ဒီဇင္ဘာ၉ရက္ေန႔မွာ Cannon က “The Invitation” လို႔အမည္ရတဲ့ Eminem ကို ျပန္ဖဲ့ထားတဲ့သီခ်င္းကို Youtube မွာတင္ခဲ့ပါေသးတယ္။ သီခ်င္းထဲမွာလည္း Nick က Eminem နဲ႔ ပတ္သက္တဲ့ စိတ္ဝင္စားစရာဗီဒီယိုတစ္ခု Eminem ရဲ႕ကားဒ႐ိုင္ဘာမွာ ရွိတယ္လို႔ ဆိုထားပါတယ္။ ဒီအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး အားလံုးရဲ႕ဆရာသမား Eminem က  ” စိတ္ဆိုးသြားတာလား ငါ့ညီ။ ငါ့မွာဘယ္တုန္းကမွ ကားဒ႐ိုင္ဘာမရွိခဲ့ဘူး။” လို႔ဆိုကာ Cannon ကို ျပန္ေခ်ပထားတာပဲျဖစ္ပါတယ္။

ဒီရန္ပြဲက ဘယ္အထိတာရွည္ၿပီး ဘာေတြဆက္ျဖစ္လာဦးမလဲဆိုတာကို ဆက္လက္နားစြင့္ၾကရေအာင္ပါေနာ္။

<Zawgyi Version>

 

50 Cent က Eminemကို ဘယ်လောက်နှစ်သက်သဘောကျလဲဆိုရင် Eminem နဲ့ ဘယ်သူပဲ ရန်ဖြစ်ပါစေ Eminem ဖက်ကပဲ ပါမယ်ဆိုတဲ့ အမာခံပရိသတ်မျိုးပါ။ မကြာသေးခင်က Eminem နဲ့ Nick Cannon တို့ကြားမှာ အခြေအတင်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ Eminem ဟာ Fat Joe ရဲ့ သီချင်းအသစ် “Lord Above” မှာ ပါဝင်သီဆိုရင်း Cannon နဲ့ သူ့ရဲ့ဇနီးဟောင်း Mariah Carey တို့နဲ့ ပတ်သက်ပြီး သီချင်းစာသားတွေနဲ့ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ရာကနေစပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး 50 Cent ဟာ ဒီဇင်ဘာ ၁၀ ရက်နေ့က သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ “ဘယ်လိုလူကများ Eminem နဲ့  ရန်ဖြစ်ဖို့ရွေးချယ်တာလဲဆိုတာကို စဉ်းစားလို့ကိုမရဘူး။ Eminem က ဘယ်သူနဲ့မှမတူတဲ့ သတ္တဝါလို့ပဲ ပြောရမယ်။ Nick… မင်းရဲ့ပြန်ထိုးနှက်ပုံက အမှိုက်ပါကွာ။ အပြင်မှာတွေလို့ကတော့ မင်းကိုငါစော်ပြီပဲ။” လို့ ရေးသားကာ ဒီရန်ပွဲမှာ Eminem ဖက်မှ ရပ်တည်မယ့်အကြောင်းကို ကြေငြာလိုက်ပါတယ်။

Nick Cannon ဟာ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ Fat Joe ရဲ့ သီချင်းခွေအသစ်အပေါ် ချီးကျူးရင်း Eminemကို “Grandpa” လို့ခေါ်ကာ စော်ကားထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် Nick ဟာ သူ့ရဲ့ Cannon’s MTV Show “Wild ‘n Out” Rap ရွတ်ပြိုင်ပွဲကိုလာဖို့လည်း စိန်ခေါ်ထားပါသေးတယ်။ Eminem ကို မကျေနပ်ဖြစ်နေတဲ့ Nick ကတော့ Nick Cannon Morning Show တစ်ခုမှာလည်း “Eminem ရဲ့ နာမည်ကို Eminem ကနေ Percocet အဖြစ်ပြောင်းပေးရအောင်။ သက်ကြီးရွယ်အိုတွေ မှီဝဲရတဲ့ဆေးနာမည်က ဘာပါလိမ့်။ Cialis? ဒါဆိုရင် သူ့ကို Cialis လို့ပဲခေါ်ရအောင်။ ဘီးတပ်ကုလားထိုင်ကနေထပြီး လမ်းလျှောက်တော့။” လို့လည်း ရန်စကားပြန်ဆိုခဲ့ပါသေးတယ်။

- Advertisement -

ဒါ့အပြင် ဒီဇင်ဘာ၉ရက်နေ့မှာ Cannon က “The Invitation” လို့အမည်ရတဲ့ Eminem ကို ပြန်ဖဲ့ထားတဲ့သီချင်းကို Youtube မှာတင်ခဲ့ပါသေးတယ်။ သီချင်းထဲမှာလည်း Nick က Eminem နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာဗီဒီယိုတစ်ခု Eminem ရဲ့ကားဒရိုင်ဘာမှာ ရှိတယ်လို့ ဆိုထားပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အားလုံးရဲ့ဆရာသမား Eminem က  ” စိတ်ဆိုးသွားတာလား ငါ့ညီ။ ငါ့မှာဘယ်တုန်းကမှ ကားဒရိုင်ဘာမရှိခဲ့ဘူး။” လို့ဆိုကာ Cannon ကို ပြန်ချေပထားတာပဲဖြစ်ပါတယ်။

ဒီရန်ပွဲက ဘယ်အထိတာရှည်ပြီး ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာကို ဆက်လက်နားစွင့်ကြရအောင်ပါနော်။

<Unicode Version>

Source ~ US Magazine

#SY(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

2 × four =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...