HomeEntertainment၂၀၁၉ ခုႏွစ္အတြင္း သီခ်င္းအယ္လ္ဘမ္အသစ္ထြက္ရွိခ့ဲျခင္းမရွိတ့ဲ ကမာၻေက်ာ္အဆိုေတာ္မ်ား။

၂၀၁၉ ခုႏွစ္အတြင္း သီခ်င္းအယ္လ္ဘမ္အသစ္ထြက္ရွိခ့ဲျခင္းမရွိတ့ဲ ကမာၻေက်ာ္အဆိုေတာ္မ်ား။

- Advertisement -

၂၀၁၉ တစ္ႏွစ္လံုးမွာ ကမာၻအရပ္ရပ္က သီခ်င္းအေခြအသစ္ေတြ ထုတ္လုပ္ခဲ့ၾကတဲ့ အႏုပညာရွင္ေတြအမ်ားႀကီးရွိခဲ့ၿပီး တခ်ိဳ႕ေသာအဆိုေတာ္ေတြကလည္း ဂုဏ္ျပဳဆုေပးပြဲေတြမွာ ကိုယ့္နဲ႔ထိုက္တန္တဲ့ ဆုေတြဆြတ္ခူးရရွိခဲ့ၾကသလို တခ်ိဳ႕ေသာအဆိုေတာ္ေတြကလည္း ပရိသတ္အသိမွတ္ျပဳလက္ခံၿပီး အားေပးမႈကို ရရွိႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။ ဒါေပမယ့္ နာမည္ေက်ာ္အဆိုေတာ္တခ်ိဳ႕ကေတာ့ ၂၀၁၉ ခုႏွစ္တစ္ႏွစ္လုံး သီခ်င္းအေခြအသစ္မထုတ္ဘဲ ရွိေနခဲ့တာကိုေတြ႔ရပါတယ္။ ဘယ္သူေတြျဖစ္မလဲဆိုတာကို ၾကည့္ရေအာင္ပါ။

 

- Advertisement -

၁။ Lady Gaga – Gaga ဟာ ၂၀၁၉ ခုႏွစ္မွာ သူ႔ရဲ႕မိတ္ကပ္ကုမၸဏီ Haus Labs ကို အာ႐ံုစိုက္ေနတာနဲ႔ပဲ သီခ်င္းဖက္ကို မလွည့္ျဖစ္ဘူးနဲ႔တူပါတယ္။ Lady Gaga ဟာ ၂၀၁၆ ခုႏွစ္မွာ “Joanne” အယ္လ္ဘမ္ကို ထုတ္ၿပီးေနာက္ အျခားေသာအယ္လ္ဘမ္ေတြကို ထပ္မထုတ္ေတာ့ဘူး။

- Advertisement -

https://www.instagram.com/p/B55mNPMFn80/?utm_source=ig_embed

- Advertisement -

၂။ Adele – Adele တစ္ေယာက္ ကြာရွင္းျပတ္ဆဲၿပီးေနာက္ အခ်ိန္အတုိင္းအတာတစ္ခုအထိ နာက်င္ခံစားေနခ့ဲရကာ သီခ်င္းအသစ္ေတြျပန္လုပ္ေတာ့မယ္ဆိုတာနဲ႕ပက္သက္ၿပီး အရိပ္အႁမြက္ေပးထားတာမ်ိဳးေတာ့ ျပဳလုပ္ခ့ဲပါတယ္။ Adele ဟာ ၂၀၁၅ ခုႏွစ္က “25” အမည္ရွိတဲ့ အယ္လ္ဘမ္ကို ေနာက္ဆုံးထုတ္ခ့ဲပါတယ္။

https://www.instagram.com/p/Bw7eoo5AwE7/?utm_source=ig_embed

၃။ Rihanna – ၂၀၁၆ ခုႏွစ္မွာ “Anti” သီခ်င္းအေခြကို ထုတ္ၿပီးေနာက္ Rihanna တစ္ေယာက္ကေတာ့ သီခ်င္းအသစ္ထုတ္ဖို႔ကလြဲၿပီး က်န္တာအကုန္လုပ္ေနတာျဖစ္တဲ့အတြက္ သူ႔ရဲ႕ပရိသတ္ေတြက သီခ်င္းအသစ္ကိုေစာင့္ေမွ်ာ္ေနၿပီပဲျဖစ္ပါတယ္။

https://www.instagram.com/p/B2i8vQxnQYj/?utm_source=ig_embed

၄။ Justin Bieber – ၂၀၁၅ ခုႏွစ္မွာ “Purpose” သီခ်င္းအယ္လ္ဘမ္ကို ထြက္ရွိၿပီးေနာက္ မိန္းမရေတာ့မွပဲ ျပန္ေပၚလာသူက ႏႈတ္ခမ္းနီမေလးေတြအသည္းစြဲ Justin Biber ပဲျဖစ္ပါတယ္။ Justin ဟာ တျခားေသာအဆိုေတာ္ေတြနဲ႔ေတာ့ တြဲဖက္ၿပီးသီခ်င္းေတြ သီဆိုခဲ့ေပမယ့္ တစ္ကိုယ္ေတာ္သီဆုိထားတဲ့ သီခ်င္းေခြမ်ိဳးမထြက္ရွိလာေသးပါဘူး။

၅။ Lorde – ၂၀၁၇ ခုႏွစ္မွာ “Melodrama” သီခ်င္းအေခြကို တစ္ဝက္ထုတ္ၿပီးေနာက္ ေခြးေလး Pearl ေသဆံုးမႈေၾကာင့္ ဝမ္းနည္းပူေဆြးေနရတာနဲ႔ပဲ သီခ်င္းဖက္က္ို အာ႐ံုမလွည့္ျဖစ္တာကေတာ့ Lorde ပါပဲ။ Lorde ဟာ သူ႔ရဲ႕ပရိသတ္ကို အေႂကြးဆပ္ဖို႔က်န္ေနေသးတာျဖစ္တာေၾကာင့္ ႀကိဳးစားေနတယ္လို႔ေတာ့ ဆိုခဲ့ပါတယ္။

https://www.instagram.com/p/BhNRIZLHQqV/?utm_source=ig_embed

၆။ Kendrick Lamar – Kendrick ရဲ႕ ပရိသတ္ေတြကေတာ့ သူ႔ရဲ႕သီခ်င္းအေခြအသစ္ေလး ဘယ္ေန႔မွာ ထြက္ရွိလာမလဲဆိုၿပီး ေစာင့္ေမွ်ာ္ေနရတာပဲျဖစ္ပါတယ္။ Kendrick ရဲ႕ ၂၀၁၇ခုႏွစ္မွာ ေနာက္ဆံုးထြက္ရွိခဲ့တဲ့ သီခ်င္းအေခြကေတာ့ “Damn” ပဲျဖစ္ပါတယ္။

<Zawgyi Version>

 

၂၀၁၉ တစ်နှစ်လုံးမှာ ကမ္ဘာအရပ်ရပ်က သီချင်းအခွေအသစ်တွေ ထုတ်လုပ်ခဲ့ကြတဲ့ အနုပညာရှင်တွေအများကြီးရှိခဲ့ပြီး တချို့သောအဆိုတော်တွေကလည်း ဂုဏ်ပြုဆုပေးပွဲတွေမှာ ကိုယ့်နဲ့ထိုက်တန်တဲ့ ဆုတွေဆွတ်ခူးရရှိခဲ့ကြသလို တချို့သောအဆိုတော်တွေကလည်း ပရိသတ်အသိမှတ်ပြုလက်ခံပြီး အားပေးမှုကို ရရှိနိုင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် နာမည်ကျော်အဆိုတော်တချို့ကတော့ ၂၀၁၉ ခုနှစ်တစ်နှစ်လုံး သီချင်းအခွေအသစ်မထုတ်ဘဲ ရှိနေခဲ့တာကိုတွေ့ရပါတယ်။ ဘယ်သူတွေဖြစ်မလဲဆိုတာကို ကြည့်ရအောင်ပါ။

 

၁။ Lady Gaga – Gaga ဟာ ၂၀၁၉ ခုနှစ်မှာ သူ့ရဲ့မိတ်ကပ်ကုမ္ပဏီ Haus Labs ကို အာရုံစိုက်နေတာနဲ့ပဲ သီချင်းဖက်ကို မလှည့်ဖြစ်ဘူးနဲ့တူပါတယ်။ Lady Gaga ဟာ ၂၀၁၆ ခုနှစ်မှာ “Joanne” အယ်လ်ဘမ်ကို ထုတ်ပြီးနောက် အခြားသောအယ်လ်ဘမ်တွေကို ထပ်မထုတ်တော့ဘူး။

https://www.instagram.com/p/B55mNPMFn80/?utm_source=ig_embed

၂။ Adele – Adele တစ်ယောက် ကွာရှင်းပြတ်ဆဲပြီးနောက် အချိန်အတိုင်းအတာတစ်ခုအထိ နာကျင်ခံစားနေခဲ့ရကာ သီချင်းအသစ်တွေပြန်လုပ်တော့မယ်ဆိုတာနဲ့ပက်သက်ပြီး အရိပ်အမြွက်ပေးထားတာမျိုးတော့ ပြုလုပ်ခဲ့ပါတယ်။ Adele ဟာ ၂၀၁၅ ခုနှစ်က “25” အမည်ရှိတဲ့ အယ်လ်ဘမ်ကို နောက်ဆုံးထုတ်ခဲ့ပါတယ်။

https://www.instagram.com/p/Bw7eoo5AwE7/?utm_source=ig_embed

၃။ Rihanna – ၂၀၁၆ ခုနှစ်မှာ “Anti” သီချင်းအခွေကို ထုတ်ပြီးနောက် Rihanna တစ်ယောက်ကတော့ သီချင်းအသစ်ထုတ်ဖို့ကလွဲပြီး ကျန်တာအကုန်လုပ်နေတာဖြစ်တဲ့အတွက် သူ့ရဲ့ပရိသတ်တွေက သီချင်းအသစ်ကိုစောင့်မျှော်နေပြီပဲဖြစ်ပါတယ်။

https://www.instagram.com/p/B2i8vQxnQYj/?utm_source=ig_embed

၄။ Justin Bieber – ၂၀၁၅ ခုနှစ်မှာ “Purpose” သီချင်းအယ်လ်ဘမ်ကို ထွက်ရှိပြီးနောက် မိန်းမရတော့မှပဲ ပြန်ပေါ်လာသူက နှုတ်ခမ်းနီမလေးတွေအသည်းစွဲ Justin Biber ပဲဖြစ်ပါတယ်။ Justin ဟာ တခြားသောအဆိုတော်တွေနဲ့တော့ တွဲဖက်ပြီးသီချင်းတွေ သီဆိုခဲ့ပေမယ့် တစ်ကိုယ်တော်သီဆိုထားတဲ့ သီချင်းခွေမျိုးမထွက်ရှိလာသေးပါဘူး။

၅။ Lorde – ၂၀၁၇ ခုနှစ်မှာ “Melodrama” သီချင်းအခွေကို တစ်ဝက်ထုတ်ပြီးနောက် ခွေးလေး Pearl သေဆုံးမှုကြောင့် ဝမ်းနည်းပူဆွေးနေရတာနဲ့ပဲ သီချင်းဖက်က်ို အာရုံမလှည့်ဖြစ်တာကတော့ Lorde ပါပဲ။ Lorde ဟာ သူ့ရဲ့ပရိသတ်ကို အကြွေးဆပ်ဖို့ကျန်နေသေးတာဖြစ်တာကြောင့် ကြိုးစားနေတယ်လို့တော့ ဆိုခဲ့ပါတယ်။

https://www.instagram.com/p/BhNRIZLHQqV/?utm_source=ig_embed

၆။ Kendrick Lamar – Kendrick ရဲ့ ပရိသတ်တွေကတော့ သူ့ရဲ့သီချင်းအခွေအသစ်လေး ဘယ်နေ့မှာ ထွက်ရှိလာမလဲဆိုပြီး စောင့်မျှော်နေရတာပဲဖြစ်ပါတယ်။ Kendrick ရဲ့ ၂၀၁ရခုနှစ်မှာ နောက်ဆုံးထွက်ရှိခဲ့တဲ့ သီချင်းအခွေကတော့ “Damn” ပဲဖြစ်ပါတယ်။

<Unicode Version>

Source ~ Cosmopolitan

#SY(1209Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

Must Read