<Zawgyi Version>
အသက် (၃၄) နှစ်အရွယ်သာရှိသေးသည့် Sanna Marin သည် ဖင်လန်နို်င်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြောက်ခံရကြောင်း သိရှိရပါတယ်။ Sanna Marin အနေဖြင့် ဖင်လန်နိုင်ငံသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်ခဲ့သလို ကမ္ဘာ့အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။
Finland’s government is now led by these five party leaders. #newgeneration pic.twitter.com/vis0qB9tO8
— Tuomas Niskakangas (@TNiskakangas) December 8, 2019
ဖင်လန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း Antti Rinne သည် သူ့ရဲ့ စီမံခန့်ခွဲမှုများနဲ့ ပတ်သက်၍ ဝေဖန်မှုများနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ပြီးခဲ့သည့်အပတ်က ရာထူးမှ နှုတ်ထွက်သွားခဲ့ခြင်းဖြစ်ပါတယ်။ (၂၀၁၅) ခုနှစ်တည်းက အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် Marin သည် ပါလီမန်ရဲ့ရွေးချယ်မှုဖြင့် ယခုကဲ့သို့ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး မဲအရေအတွက် (၃၂ – ၂၉) မဲရရှိခဲ့ပါတယ်။
ဒါ့အပြင် ယခုနှစ် အစောပိုင်းက ဝန်ကြီးချုပ်ဟောင်း Rinnie နမိုးနီးယားရောဂါခံစားခဲ့ရခြင်းကြောင့် နှစ်လခွင့်ယူသည့်အချိန်၌လည်း Marin က ဆိုရှယ်ဒီမိုကရက်တစ်ပါတီရဲ့ ဦးဆောင်သူအဖြစ် ခေတ္တခဏ တာဝန်ထမ်းဆောင်ခဲ့ရပါသေးတယ်။ ယခုကဲ့သို့ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရခြင်းနဲ့ ပတ်သက်၍လည်း Marin က “ပြီးခဲ့တဲ့အပတ်ကတော့ သာမန်ထက် တော်တော်လေး ထူးခြားကောင်းမွန်ခဲ့ပါတယ်။ အခုချိန်က ရှေ့ကို တည့်တည့်ကြည့်ရတော့မယ့် အချိန်ပါပဲ။ အခုချိန်မှာ ပြောစကားတွေကို လုပ်ရပ်တွေနဲ့ သက်သေပြပြီး အစိုးရပါတီအားလုံးနဲ့ ယုံကြည်မှုတည်ဆောက်ရပါမယ်။” ဟု ပြောကြားခဲ့ပါတယ်။
Marin သည် ဖင်လန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခွင့်ရရှိသည့် တတိယမြောက် အမျိုးသမီးတစ်ဦးဖြစ်ပြီး လက်ရှိအချိန်၌ တိုင်းပြည်ရှိ နိုင်ငံရေးပါတီ (၉) ခုအနက် (၅) ခုမှာ အမျိုးသမီးများ ခေါင်းဆောင်နေခြင်းဖြစ်ပါတယ်။
<Unicode Version>
Source ~ PEOPLE Magazine
#HM(Soshwe)
#SoshweNews
#SoshweForYourDailyLife
#Like&Share