Breaking News

စပါးအုံ၊ ခွေးအနဲ့ ခွေးတူဝက်တူတို့ရဲ့ သုံးပွင့်ဆိုင်တိုက်ပွဲ။

ကမ္ဘာလှည့်ခရီးသွားတစ်ဦးဖြစ်သူ Roselyne Kerjosse သည် ပြီးခဲ့သည့်လအချို့က ဘော့ဆွာနာနိုင်ငံရှိ Chobe ဥယျာဉ်သို့ သွားရောက်လည်ပတ်ရင်း တိရိစ္ဆာန်များကြားမှ သဘာဝတိုက်ပွဲတစ်ခုကို ဗီဒီယိုမှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ Kerjosse ရိုက်ကူးထားသည့် အဆိုပါဗီဒီယိုအစပိုင်း၌ ခွေးတူဝက်တူ သတ္တဝါဟာ စပါးအုံးမြွေရဲ့ ရစ်ပတ်ခြင်းကိုခံနေရပေမယ့် နောက်ဆုံး၌ ပြန်လည်လွတ်မြောက်ကာ အဆိုပါစပါးအုံးမြွေကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။

ထို့နောက်တွင်မူ ခွေးအနှစ်ကောင်လည်းရောက်ရှိလာပြီး သေဆုံးသွားဟန်ရှိသော စပါးအုံးမြွေကို ဝိုင်းဝန်းလုယက်ခဲ့ကြပါတယ်။ ခွေးအတစ်ကောင်နဲ့ ခွေးတူဝက်တူတို့သည် စပါးအုံးမြွေရဲ့ တစ်ဖက်တစ်ချက်စီမှ အပြိုင်အဆိုင်ကိုက်ဆွဲကာ အစာလုယက်ခဲ့ကြပြီး အခြားသောခွေးအတစ်ကောင်က ခွေးတူဝက်တူကို တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ပါတယ်။ ခွေးတူဝက်တူသည် တစ်ကောင်တည်းပင်ဖြစ်လင့်ကစား စပါးအုံးမြွေနဲ့ ခွေးအနှစ်ကောင်တို့ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ပြီးနောက် စပါးအုံးမြွေကို ချုံပုတ်အတွင်းသို့ ဆွဲသွင်းသွားကာ နောက်ဆုံး၌ အောင်နိုင်သူဖြစ်ခဲ့ပါတယ်။

 

ဘော့ဆွာနာဒေသမှ ဂိုက်တစ်ဦးရဲ့အဆိုအရ အဆိုပါ ခွေးတူဝက်တူတိရိစ္ဆာန်များသည် သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ ပတ်သက်၍ နာမည်ကျော်ကြားပြီး ခြင်္သေ့များ၊ ကျွဲများကိုပင် တိုက်ခိုက်တတ်သည့်အပြင် တစ်ခါတစ်ရံ၌ မြွေများ၊ ပျားအုံများကိုပင် တိုက်ခိုက်တတ်ကြကြောင်း သိရှိရပါတယ်။ ခွေးအများသည် သေဆုံးပြီးသား သတ္တဝါများကို အလွယ်တကူ ယူဆောင်စားသောက်လေ့ရှိပြီး  ခြင်္သေ့များရဲ့အစာကိုပင် လုယက်စားသောက်တတ်ကြကြောင်း သိရှိရပါတယ်။

ဒါ့အပြင် ခွေးအများသည် ကျားသစ်များနဲ့ ဟိုင်အီးနားခွေးများကိုပင် တိုက်ခိုက်တတ်ကြသည့် တိရိစ္ဆာန်များဖြစ်ပါတယ်။ စပါးအုံးမြွေများသည် သူတို့ရဲ့ မေးရိုးများနဲ့ အရေအပြားကြောင့် သူတို့ထက် အရွယ်အစားပိုမိုကြီးမားသော တိရိစ္ဆာန်များကို လှုပ်မရအောင်ချည်နှောင်ဝါးမြိုတတ်ကြကြောင်း သိရှိရပါတယ်။

<Unicode Version>

 

 






<Zawgyi Version>

 

#SoshweAnimals

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ကမ္ဘာ့အကြီးမားဆုံးမိကျောင်းတစ်ကောင်ကို ဖိလစ်ပိုင်တွင် အရှင်ဖမ်းမိ။

လူနေမှုစနစ်တွေတိုးတက်လာတာနဲ့အမျှ သဘာဝရဲ့ဂေဟစနစ်က ပျက်စီးဆုံးရှုံးရစမြဲဖြစ်ပြီး လူနေအိမ်များ တိုးချဲ့မှုကြောင့် သဘာဝအတိုင်းနေထိုင်သည့် မိကျောင်းကဲ့သို့သော တိရစ္ဆာန်များအတွက် နေထိုင်စရာနေရာ ရှားပါးလာခဲ့ပါတယ်။ ထို့ကြောင့်လည်း မကြာခဏဆိုသလို လူနဲ့မိကျောင်း ထိပ်တိုက်တွေ့သည့်ဖြစ်ရပ်များကို ကြားသိနေရပြီး …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro