HomeSportယူႏိုက္တက္ေနာက္ခံလူတစ္ဦးအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ (၁၃) သန္းအသံုးျပဳမည့္ အာဆင္နယ္။

ယူႏိုက္တက္ေနာက္ခံလူတစ္ဦးအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ (၁၃) သန္းအသံုးျပဳမည့္ အာဆင္နယ္။

- Advertisement -

အာဆင္နယ္အသင္းသည္ ရိုးမားအသင္းသို႔ အငွားနဲ႔သြားကစားေနသည့္ ယူႏုိက္တက္ေနာက္ခံလူ စေမာလင္းကို ေခၚယူရန္အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ (၁၃) သန္း အသံုးျပဳရန္ ျပင္ဆင္ထားေၾကာင္း သိရွိရပါတယ္။ ၿပီးခဲ့သည့္ေႏြရာသီ အေျပာင္းအေရႊ႕၌ လက္စတာအသင္းရဲ႕ ေနာက္ခံလူ မက္ဂိြဳင္းရားက ယူႏိုက္တက္အသင္းကို စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ (၈၅) သန္းျဖင့္ ေျပာင္းေရႊ႕ေရာက္ရွိလာျခင္းေၾကာင့္ စေမာလင္းတစ္ေယာက္ ယခုကဲ့သို႔ ရိုးမားအသင္း၌ တစ္ရာသီ အငွားစာခ်ဳပ္ျဖင့္ သြားေရာက္ကစားေနရျခင္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္၌ စေမာလင္းသည္ ရိုးမားအသင္းအတြက္ စီးရီးေအပဲြ (၁၁) ပဲြ ပါဝင္ကစားေပးထားၿပီး ေျခစြမ္းျပေနေသာေၾကာင့္ ထိပ္တန္းအသင္းႀကီး အမ်ားအျပားရဲ႕ ပစ္မွတ္ကစားသမား တစ္ဦးျဖစ္လာခဲ့ပါတယ္။ အီတလီသတင္းစာတစ္ေစာင္ရဲ႕ ေဖာ္ျပခ်က္အရ စေမာလင္းကို ရိုးမားအသင္းက အၿပီးသတ္ေခၚယူရန္ ျပင္ဆင္ေနၿပီး လက္ရွိအခ်ိန္၌ အာဆင္နယ္အသင္းကလည္း ရိုးမားအသင္းေပးေခ်ရန္ ျပင္ဆင္ေနသည့္  ေျပာင္းေရႊ႕ေၾကး ေပါင္ (၁၃) သန္း ပမာဏျဖင့္ ၾကားျဖတ္ေခၚယူရန္ ျပင္ဆင္ေနပါတယ္။

ယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားကိုယ္တိုင္က အီတလီႏို္င္ငံမွ လူမ်ိဳးေရးခဲြျခားမႈျပႆနာရပ္မ်ားေၾကာင့္ စေမာလင္းကို အသင္းထံျပန္ေခၚမည္ဟု ေျပာၾကားထားေပမယ့္ စေမာလင္းရဲ႕ ယူႏိုက္တက္ ကစားသမားဘဝ အနာဂတ္က မေရမရာျဖစ္ေနဆဲ အေနအထားတစ္ခု၌ရွိေနပါတယ္။ အာဆင္နယ္အသင္းကလည္း လက္ရွိအခ်ိန္၌ အမွတ္ေပးဇယားရဲ႕ အဆင့္ (၁၁) ေနရာအထိ ေရာက္ရွိေနၿပီး ခံစစ္ပိုင္းျပႆနာမ်ားေၾကာင့္ လာမည့္ေႏြရာသီ၌ ဗဟုိေနာက္ခံလူတစ္ေယာက္ ထပ္မံေခၚယူရန္ ျပင္ဆင္ေနပါတယ္။

- Advertisement -

ယူႏိုက္တက္အသင္းကမူ စေမာလင္းအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ (၁၇) သန္းအထိ  ေတာင္းဆုိရန္ဆႏၵရွိေနၿပီး ရိုးမား၊ အာဆင္နယ္တုိ႔အျပင္ ဂ်ဴဗင္တပ္စ္နဲ႔အင္တာမီလန္အသင္းတုိ႔ကလည္း စေမာလင္းကို ေခၚယူရန္ စိတ္ဝင္စားလ်က္ရွိပါတယ္။

- Advertisement -

<Zawgyi Version>

 

အာဆင်နယ်အသင်းသည် ရိုးမားအသင်းသို့ အငှားနဲ့သွားကစားနေသည့် ယူနိုက်တက်နောက်ခံလူ စမောလင်းကို ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေး ပေါင် (၁၃) သန်း အသုံးပြုရန် ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။ ပြီးခဲ့သည့်နွေရာသီ အပြောင်းအရွှေ့၌ လက်စတာအသင်းရဲ့ နောက်ခံလူ မက်ဂွိုင်းရားက ယူနိုက်တက်အသင်းကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၈၅) သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိလာခြင်းကြောင့် စမောလင်းတစ်ယောက် ယခုကဲ့သို့ ရိုးမားအသင်း၌ တစ်ရာသီ အငှားစာချုပ်ဖြင့် သွားရောက်ကစားနေရခြင်းဖြစ်ပါတယ်။

လက်ရှိအချိန်၌ စမောလင်းသည် ရိုးမားအသင်းအတွက် စီးရီးအေပွဲ (၁၁) ပွဲ ပါဝင်ကစားပေးထားပြီး ခြေစွမ်းပြနေသောကြောင့် ထိပ်တန်းအသင်းကြီး အများအပြားရဲ့ ပစ်မှတ်ကစားသမား တစ်ဦးဖြစ်လာခဲ့ပါတယ်။ အီတလီသတင်းစာတစ်စောင်ရဲ့ ဖော်ပြချက်အရ စမောလင်းကို ရိုးမားအသင်းက အပြီးသတ်ခေါ်ယူရန် ပြင်ဆင်နေပြီး လက်ရှိအချိန်၌ အာဆင်နယ်အသင်းကလည်း ရိုးမားအသင်းပေးချေရန် ပြင်ဆင်နေသည့်  ပြောင်းရွှေ့ကြေး ပေါင် (၁၃) သန်း ပမာဏဖြင့် ကြားဖြတ်ခေါ်ယူရန် ပြင်ဆင်နေပါတယ်။

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားကိုယ်တိုင်က အီတလီနို်င်ငံမှ လူမျိုးရေးခွဲခြားမှုပြဿနာရပ်များကြောင့် စမောလင်းကို အသင်းထံပြန်ခေါ်မည်ဟု ပြောကြားထားပေမယ့် စမောလင်းရဲ့ ယူနိုက်တက် ကစားသမားဘဝ အနာဂတ်က မရေမရာဖြစ်နေဆဲ အနေအထားတစ်ခု၌ရှိနေပါတယ်။ အာဆင်နယ်အသင်းကလည်း လက်ရှိအချိန်၌ အမှတ်ပေးဇယားရဲ့ အဆင့် (၁၁) နေရာအထိ ရောက်ရှိနေပြီး ခံစစ်ပိုင်းပြဿနာများကြောင့် လာမည့်နွေရာသီ၌ ဗဟိုနောက်ခံလူတစ်ယောက် ထပ်မံခေါ်ယူရန် ပြင်ဆင်နေပါတယ်။

ယူနိုက်တက်အသင်းကမူ စမောလင်းအတွက် ပြောင်းရွှေ့ကြေး ပေါင် (၁၇) သန်းအထိ  တောင်းဆိုရန်ဆန္ဒရှိနေပြီး ရိုးမား၊ အာဆင်နယ်တို့အပြင် ဂျူဗင်တပ်စ်နဲ့အင်တာမီလန်အသင်းတို့ကလည်း စမောလင်းကို ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိပါတယ်။

<Unicode Version>

Source ~ Sportsmole

- Advertisement -

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

4 × 5 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...