<Zawgyi Version>
အသက် (၂၁) အရွယ်သာရှိသေးသည့် Juice Wrld အမည်ရ တက်သစ်စ လူငယ် Rapper လေးသည် ချီကာဂိုရှိ Midway အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အရေးပေါ်ဆေးကုသမှုခံယူပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ ချီကာဂိုရဲတပ်ဖွဲ့ကလည်း သူ့ရဲ့သေဆုံးမှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရှိရပါတယ်။
rip juice. so sad how often this is happening lately to young talented rising artists. 🖤
— not obamas cousin (@LilNasX) December 8, 2019
Juice Wrld သည် တနင်္ဂနွေနေ့မနက်ပိုင်းက လေဆိပ်အတွင်း၌ လဲကျသွားခဲ့ပြီးနောက် ဆေးရုံသို့ တင်ပို့ခဲ့ရခြင်းဖြစ်ပြီး မနက် (၃း၁၄) နာရီ၌ သေဆုံးသွားခဲ့ခြင်းဖြစ်ပါတယ်။ Juice Wrld ရဲ့အမည်ရင်းသည် Jarad Higgins ဖြစ်ပြီး streaming platform ရဲ့ ထိပ်တန်းအနုပညာရှင်အဖြစ် သတ်မှတ်ခံခဲ့ရဖူးသည့် တက်သစ်စ အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။ ဒါ့အပြင် Juice Wrld ရဲ့ “Lucid Dreams” အမည်ရ သီချင်းသည်လည်း Billboard Hot 100 chart ရဲ့ အဆင့် (၂) နေရာအထိ ရောက်ရှိခဲ့ဖူးသလို သူ့ရဲ့ ဒုတိယမြောက်အယ်လ်ဘမ်ဖြစ်သည့် Death Race for Love သည်လည်း Billboard albums chart ၌ ထိပ်ဆုံးနေရာအထိ ရောက်ရှိခဲ့ဖူးပါတယ်။
RIP Juicewrld… this ones tough. Met this man a couple times and I swear he was the most humble dude I’ve met. Always showed mad love and went out of his way when he didn’t even have to. Rest easy man. You impacted BILLIONS of people. This one hurts.
— Dax (@thatsdax) December 8, 2019
Juice Wrld ရဲ့ ပရိသတ်များ၊ တွဲဖက်အနုပညာရှင်များကလည်း သူတို့ရဲ့ လူမှုကွန်ရက်ဝက်ဘ်ဆိုက်များမှတစ်ဆင့် Juice Wrld ရဲ့ သေဆုံးမှုအပေါ် ဝမ်းနည်းကြောင်း စာသားများရေးသားခဲ့ကြောင်း သိရှိရပါတယ်။
<Unicode Version>
Source ~ BuzzFeed
#HM(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share