HomeSportယူႏိုက္တက္အသင္းရဲ႕ေျခစြမ္း ယခုထက္ပိုမိုတည္ၿငိမ္သင့္ေၾကာင္း ေျပာၾကားလိုက္သည့္ ဆိုးလ္ရွား။

ယူႏိုက္တက္အသင္းရဲ႕ေျခစြမ္း ယခုထက္ပိုမိုတည္ၿငိမ္သင့္ေၾကာင္း ေျပာၾကားလိုက္သည့္ ဆိုးလ္ရွား။

- Advertisement -

ယူႏိုက္တက္အသင္းရဲ႕ နည္းျပဆိုးလ္ရွားဟာ သူ႔ရဲ႕အသင္းအေနနဲ႔ ယခုထက္ပိုမိုၿပီး ေျခစြမ္းပိုင္း တည္ၿငိမ္သင့္ေၾကာင္း သံုးသပ္ေျပာၾကားလိုက္ပါတယ္။ ယူႏိုက္တက္အသင္းသည္ အက္စတြန္ဗီလာအသင္းကို အိမ္ကြင္း၌ ႏွစ္ဂိုးစီသေရက်ၿပီးေနာက္ စပါး၊ မန္စီးတီးတုိ႔ကဲ့သုိ႔ နာမည္ႀကီးအသင္းမ်ားကို ဆက္တိုက္အႏိုင္ယူခဲ့ၿပီး ဆုိးလ္ရွားက ယခုကဲ့သုိ႔ သံုးသပ္ခဲ့ျခင္းျဖစ္ပါတယ္။

Mirror သတင္းစာနဲ႔ ေတြ႕ဆံုရာ၌ ဆိုးလ္ရွားက “ဒါကစိတ္ပိုင္းဆိုင္ရာအေနအထားတစ္ခုျဖစ္ၿပီး ကြ်န္ေတာ္တို႔ ဒါကို ကိုင္တြယ္ႏုိင္ပါတယ္။ ဒီပြဲေတြမွာ ကြ်န္ေတာ္တုိ႔ကို အဆံုးအျဖတ္ေပးႏိုင္တဲ့ အေျခအေနေတြ အမ်ားႀကီးရွိခဲ့ၿပီး တခ်ိဳ႕ရလဒ္ေတြကို ကြ်န္ေတာ္တို႔ မထိန္းခ်ဳပ္ႏိုင္ခဲ့ပါဘူး။ ကြ်န္ေတာ္အရမ္းႀကီး စိတ္မပူရေပမယ့္ စိုးရိမ္မိပါတယ္။ တကယ္လို႔သာ ကြ်န္ေတာ့္ေကာင္ေလးေတြက ဒီပဲြေတြကို မရင္ဆိုင္ႏိုင္ဘူးဆိုရင္ ကြ်န္ေတာ္တို႔ဆီမွာ ျပႆနာရွိပါတယ္။”

- Advertisement -

“ကြ်န္ေတာ့္ ကစားသမားေတြနဲ႔ ကြ်န္ေတာ့္အၾကား ေကာင္းေကာင္းအတဲြအဖက္မိဖို႔ လိုပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြ်န္ေတာ္တို႔ ကစားသမားဘဝမွာ အဲ့ဒီလိုပံုစံနဲ႔ အမွတ္ေပးခ်န္ပီယံျဖစ္ခဲ့လို႔ပါ။ အသင္းငယ္ေတြကို ကြ်န္ေတာ္တို႔ အမွတ္လံုးဝမေပးခဲ့သလို အသင္းေကာင္းေတြကိုလည္း ဒီလိုပါပဲ။ ပရီးမီးယားလိဂ္က ခက္ခဲၾကမ္းတမ္းပါတယ္။ လိုခ်င္တဲ့ရလဒ္မ်ိဳး ရေအာင္ မယူႏိုင္တဲ့ စိတ္ပိုင္းဆိုင္ရာမ်ိဳး ရွိေနမယ္ဆုိရင္ ကြ်န္ေတာ္က ဒီအေပၚမွာလိုက္ၿပီး ျပင္ဆင္ေပးရမွာပါ။” ဟု ေျပာၾကားခဲ့ပါတယ္။

- Advertisement -

ယူႏိုက္တက္အသင္းသည္ ခ်ဲလ္ဆီး၊ မန္စီးတီး၊ စပါးအသင္းတုိ႔ကို အႏိုင္ယူႏိုင္ခဲ့ၿပီး လီဗာပူးတစ္သင္းတည္းကိုသာ အိမ္ကြင္းမွာ အမွတ္ခဲြေပးခဲ့ရေပမယ့္ ဝက္္စ္ဟမ္း၊ နယူးကာဆယ္၊ ခရစၥတယ္ပဲေလ့စ္အသင္းတို႔ကို ရံႈးနိမ့္ခဲ့ျခင္းေၾကာင့္ ဆိုးလ္ရွားက ယခုကဲ့သုိ႔ သံုးသပ္ေျပာၾကားသြားခဲ့ျခင္းျဖစ္ပါတယ္။

- Advertisement -

<Zawgyi Version>

 

ယူနိုက်တက်အသင်းရဲ့ နည်းပြဆိုးလ်ရှားဟာ သူ့ရဲ့အသင်းအနေနဲ့ ယခုထက်ပိုမိုပြီး ခြေစွမ်းပိုင်း တည်ငြိမ်သင့်ကြောင်း သုံးသပ်ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်အသင်းသည် အက်စတွန်ဗီလာအသင်းကို အိမ်ကွင်း၌ နှစ်ဂိုးစီသရေကျပြီးနောက် စပါး၊ မန်စီးတီးတို့ကဲ့သို့ နာမည်ကြီးအသင်းများကို ဆက်တိုက်အနိုင်ယူခဲ့ပြီး ဆိုးလ်ရှားက ယခုကဲ့သို့ သုံးသပ်ခဲ့ခြင်းဖြစ်ပါတယ်။

Mirror သတင်းစာနဲ့ တွေ့ဆုံရာ၌ ဆိုးလ်ရှားက “ဒါကစိတ်ပိုင်းဆိုင်ရာအနေအထားတစ်ခုဖြစ်ပြီး ကျွန်တော်တို့ ဒါကို ကိုင်တွယ်နိုင်ပါတယ်။ ဒီပွဲတွေမှာ ကျွန်တော်တို့ကို အဆုံးအဖြတ်ပေးနိုင်တဲ့ အခြေအနေတွေ အများကြီးရှိခဲ့ပြီး တချို့ရလဒ်တွေကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်အရမ်းကြီး စိတ်မပူရပေမယ့် စိုးရိမ်မိပါတယ်။ တကယ်လို့သာ ကျွန်တော့်ကောင်လေးတွေက ဒီပွဲတွေကို မရင်ဆိုင်နိုင်ဘူးဆိုရင် ကျွန်တော်တို့ဆီမှာ ပြဿနာရှိပါတယ်။”

“ကျွန်တော့် ကစားသမားတွေနဲ့ ကျွန်တော့်အကြား ကောင်းကောင်းအတွဲအဖက်မိဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ကစားသမားဘဝမှာ အဲ့ဒီလိုပုံစံနဲ့ အမှတ်ပေးချန်ပီယံဖြစ်ခဲ့လို့ပါ။ အသင်းငယ်တွေကို ကျွန်တော်တို့ အမှတ်လုံးဝမပေးခဲ့သလို အသင်းကောင်းတွေကိုလည်း ဒီလိုပါပဲ။ ပရီးမီးယားလိဂ်က ခက်ခဲကြမ်းတမ်းပါတယ်။ လိုချင်တဲ့ရလဒ်မျိုး ရအောင် မယူနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာမျိုး ရှိနေမယ်ဆိုရင် ကျွန်တော်က ဒီအပေါ်မှာလိုက်ပြီး ပြင်ဆင်ပေးရမှာပါ။” ဟု ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်အသင်းသည် ချဲလ်ဆီး၊ မန်စီးတီး၊ စပါးအသင်းတို့ကို အနိုင်ယူနိုင်ခဲ့ပြီး လီဗာပူးတစ်သင်းတည်းကိုသာ အိမ်ကွင်းမှာ အမှတ်ခွဲပေးခဲ့ရပေမယ့် ဝက််စ်ဟမ်း၊ နယူးကာဆယ်၊ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ကို ရှုံးနိမ့်ခဲ့ခြင်းကြောင့် ဆိုးလ်ရှားက ယခုကဲ့သို့ သုံးသပ်ပြောကြားသွားခဲ့ခြင်းဖြစ်ပါတယ်။

<Unicode Version>

 

Source ~ Sportsmole

HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read