HomeSportပေါ့ဘာအတွက် အသင်းရဲ့ကြယ်ပွင့် ကစားသမားနှစ်ယောက်ကို အလိုက်ပေးကမ်းလှမ်းမည့် ရီးရဲယ်မက်ဒရစ်။

ပေါ့ဘာအတွက် အသင်းရဲ့ကြယ်ပွင့် ကစားသမားနှစ်ယောက်ကို အလိုက်ပေးကမ်းလှမ်းမည့် ရီးရဲယ်မက်ဒရစ်။

- Advertisement -




- Advertisement -

<Zawgyi Version>

- Advertisement -

 

ရီးရဲယ်မက်ဒရစ်အသင်းသည် ယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမား ပေါ့ဘာကို ခေါ်ယူရန်အတွက် အသင်းရဲ့ ကြယ်ပွင့်ကစားသမားနှစ်ယောက်ဖြစ်သည့် ဂါရတ်ဘေးလ်နဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ နှစ်ဦးကို အလိုက်ပေးကမ်းလှမ်းသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။ ရီးရဲယ်မက်ဒရစ်အသင်းရဲ့ ကာလရှည် ပစ်မှတ်ကစားသမားဖြစ်ခဲ့သည့် ပေါ့ဘာသည် လက်ရှိအချိန်၌ ဒဏ်ရာကြောင့် အနားယူနေရပေမယ့် ရီးရဲယ်မက်ဒရစ်အသင်းကမူ လာမည့်ဆောင်းရာသီ အပြောင်းအရွှေ့၌ ပေါ့ဘာကို ခေါ်ယူရန် ပြန်လည်ကြိုးစားလာခဲ့ခြင်းဖြစ်ပါတယ်။

အသက် (၂၆) နှစ်အရွယ် အဆိုပါပြင်သစ်လက်ရွေးစင် ကစားသမားကလည်း ရီးရဲယ်မက်ဒရစ်အသင်းကို  ပြောင်းရွှေ့ကစားရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားထားဖူးပါတယ်။ ရီးရဲယ်မက်ဒရစ်အသင်းဖက်က အလိုက်ပေးရန်ပြင်ဆင်ထားသော ကစားသမားများဖြစ်သည့် ဂါရတ်ဘေးလ်၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့သည်လည်း ယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ကစားသမားများဖြစ်ခဲ့ဖူးပြီး လက်ရှိအချိန်၌မူ မက်ဒရစ်မြို့ခံကလပ်အသင်းက  ပေါ့ဘာအတွက် အဆိုပါကစားသမားနှစ်ယောက်ကို အလိုက်ပေးကမ်းလှမ်းရန် ပြင်ဆင်လာခြင်းဖြစ်ပါတယ်။

ပေါ့ဘာသည် ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း (၂) နှစ်ခွဲ ကျန်ရှိနေပြီး ယူနိုက်တက်အသင်းဖက်ကလည်း စာချုပ်သစ်ချုပ်ဆိုရန် ပြင်ဆင်နေပေမယ့် ကစားသမားနဲ့ ညှိနှိုင်းဆွေးနွေးမှုများ အဆင်မပြေဖြစ်ခဲ့ခြင်းကြောင့် လက်ရှိအချိန်၌ ပေါ့ဘာကို ရောင်းချရန် စတင်စဉ်းစားနေပြီဖြစ်ပါတယ်။

<Unicode Version>

 

Source ~ Sportsmole

#HM(Soshwe)

- Advertisement -

#SoshweSport

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

10 − 1 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...