HomeEntertainmentထီေပါက္တာေၾကာင့္ Walmart ကေစ်းဝယ္သူေတြအားလံုးအတြက္ ေငြရွင္းေပးခဲ့တဲ့ ကမာၻေက်ာ္အႏုပညာရွင္။

ထီေပါက္တာေၾကာင့္ Walmart ကေစ်းဝယ္သူေတြအားလံုးအတြက္ ေငြရွင္းေပးခဲ့တဲ့ ကမာၻေက်ာ္အႏုပညာရွင္။

- Advertisement -

အသံပါဝါအားေကာင္းေကာင္းနဲ႔ လူႀကီးလူငယ္မေရြးႀကိဳက္ႏွစ္သက္တဲ့ အႏွစ္သာရအျပည့္အဝပါတဲ့ သီခ်င္းေတြကို သီဆိုဖန္တီးေပးခဲ့သူ Sia ဟာ ဘယ္လိုလူမ်ိဳးလဲဆိုတာကုိ လူေတာ္ေတာ္မ်ားမ်ားက တိတိက်က်မသိၾကပါဘူး။ Sia ဟာ သူ႔ရဲ႕သီခ်င္းဗီဒီယိုေတြထဲမွာလည္း သူ႔ရဲ႕႐ုပ္ပံုအမွန္ကို အသံုးျပဳေလ့မရွိသလို ဆုေပးပြဲ၊ ဂုဏ္ျပဳပြဲတို႔ကို တက္ေရာက္တဲ့အခါမွာလည္း မ်က္စိထိအုပ္ေနတဲ့ ဆံပင္တုႀကီးကိုဝတ္ေလ့ရွိပါတယ္။ ဒါေၾကာင့္လည္း လူေတြအေနနဲ႕ Sia ရဲ႕႐ုပ္အမွန္ကို မသိရျခင္းပဲျဖစ္ပါတယ္။

https://www.instagram.com/p/B5flcNslfZQ/?utm_source=ig_embed

- Advertisement -

ၿပီးခ့ဲတ့ဲ ရက္သတၱပတ္မွာေတာ့ အသက္ ၄၃ ႏွစ္အရြယ္ ေဟာလီဝုဒ္အေက်ာ္အေမာ္ Sia ဟာ Walmart မွာ  ေစ်းဝယ္ထြက္ရင္း ေစ်းဝယ္သူေတြအားလံုးရဲ႕ က်သင့္တဲ့ေငြေၾကးကိုရွင္းေပးမယ္လုိ႔ ေၾကျငာေပးခဲ့ပါတယ္။ Sia က သူ႔ကိုယ္သူ CiCi လို႔ေျပာကာ ထီေပါက္တာေၾကာင့္ ေစ်းဝယ္သူေတြကို ကူညီလိုျခင္းျဖစ္ေၾကာင္း  ေျပာျပခဲ့ပါတယ္။

- Advertisement -

- Advertisement -

ဒါေပမယ့္လည္း Sia ရဲ႕ ပရိသတ္ေတြကေတာ့ Sia ရဲ႕မ်က္ႏွာကို သိေနတာျဖစ္တဲ့အတြက္ေၾကာင့္ Sia ကို လာေရာက္ႏႈတ္ဆက္ကာ အတူယွဥ္တြဲ ဓာတ္ပံု႐ိုက္ခဲ့ပါတယ္။ ဒါကိုသိသြားတဲ့ Sia ရဲ႕ ပရိသတ္ေတြကလည္း သူမရဲ႕ၾကင္နာမႈနဲ႔ ဂုဏ္မေဖာ္တတ္တဲ့ စိတ္ထားေလးကို ခ်ီးက်ဴးမဆံုးျဖစ္ေနခဲ့ၾကပါတယ္။

မၾကာေသးခင္ကလည္း Sia က တြစ္တာအေကာင့္မွာ သူလက္တေလာခံစားေနရတဲ့ ဦးေႏွာက္နဲ႔ အာ႐ံုေၾကာဆိုင္ရာ နာတာရွည္ေရာဂါေဝဒနာအေၾကာင္းကို ေျပာျပခဲ့ၿပီး သူ႔လိုမ်ိဳးခံစားေနရတဲ့သူေတြကိုလည္း အားတင္းထားေစလိုေၾကာင္း အားေပးစကားေျပာခဲ့တာကို ေတြ႔ရပါတယ္။

<Zawgyi Version>

 

အသံပါဝါအားကောင်းကောင်းနဲ့ လူကြီးလူငယ်မရွေးကြိုက်နှစ်သက်တဲ့ အနှစ်သာရအပြည့်အဝပါတဲ့ သီချင်းတွေကို သီဆိုဖန်တီးပေးခဲ့သူ Sia ဟာ ဘယ်လိုလူမျိုးလဲဆိုတာကို လူတော်တော်များများက တိတိကျကျမသိကြပါဘူး။ Sia ဟာ သူ့ရဲ့သီချင်းဗီဒီယိုတွေထဲမှာလည်း သူ့ရဲ့ရုပ်ပုံအမှန်ကို အသုံးပြုလေ့မရှိသလို ဆုပေးပွဲ၊ ဂုဏ်ပြုပွဲတို့ကို တက်ရောက်တဲ့အခါမှာလည်း မျက်စိထိအုပ်နေတဲ့ ဆံပင်တုကြီးကိုဝတ်လေ့ရှိပါတယ်။ ဒါကြောင့်လည်း လူတွေအနေနဲ့ Sia ရဲ့ရုပ်အမှန်ကို မသိရခြင်းပဲဖြစ်ပါတယ်။

https://www.instagram.com/p/B5flcNslfZQ/?utm_source=ig_embed

ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာတော့ အသက် ၄၃ နှစ်အရွယ် ဟောလီဝုဒ်အကျော်အမော် Sia ဟာ Walmart မှာ  စျေးဝယ်ထွက်ရင်း စျေးဝယ်သူတွေအားလုံးရဲ့ ကျသင့်တဲ့ငွေကြေးကိုရှင်းပေးမယ်လို့ ကြေငြာပေးခဲ့ပါတယ်။ Sia က သူ့ကိုယ်သူ CiCi လို့ပြောကာ ထီပေါက်တာကြောင့် စျေးဝယ်သူတွေကို ကူညီလိုခြင်းဖြစ်ကြောင်း  ပြောပြခဲ့ပါတယ်။

ဒါပေမယ့်လည်း Sia ရဲ့ ပရိသတ်တွေကတော့ Sia ရဲ့မျက်နှာကို သိနေတာဖြစ်တဲ့အတွက်ကြောင့် Sia ကို လာရောက်နှုတ်ဆက်ကာ အတူယှဉ်တွဲ ဓာတ်ပုံရိုက်ခဲ့ပါတယ်။ ဒါကိုသိသွားတဲ့ Sia ရဲ့ ပရိသတ်တွေကလည်း သူမရဲ့ကြင်နာမှုနဲ့ ဂုဏ်မဖော်တတ်တဲ့ စိတ်ထားလေးကို ချီးကျူးမဆုံးဖြစ်နေခဲ့ကြပါတယ်။

မကြာသေးခင်ကလည်း Sia က တွစ်တာအကောင့်မှာ သူလက်တလောခံစားနေရတဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ နာတာရှည်ရောဂါဝေဒနာအကြောင်းကို ပြောပြခဲ့ပြီး သူ့လိုမျိုးခံစားနေရတဲ့သူတွေကိုလည်း အားတင်းထားစေလိုကြောင်း အားပေးစကားပြောခဲ့တာကို တွေ့ရပါတယ်။

<Unicode Version>

Source ~ BrightHumanity

#SY(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

Must Read