HomeLifeStyle၂၀၂၀ ခုနှစ်အတွင်း သွားရောက်လည်ပတ်ဖို့ အသင့်တော်ဆုံးနိုင်ငံများ။

၂၀၂၀ ခုနှစ်အတွင်း သွားရောက်လည်ပတ်ဖို့ အသင့်တော်ဆုံးနိုင်ငံများ။

- Advertisement -



- Advertisement -

- Advertisement -




<Zawgyi Version>

 

ခရီးထွက်ရတာကြိုက်နှစ်သက်တဲ့သူတွေကတော့ အကြောင်းပြချက်အမျိုးမျိုး ၊ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ကမ္ဘာအရပ်ရပ်ဆီကို ခြေဆန့်ခရီးထွက်နေဦးမှာပဲဖြစ်ပါတယ်။ ဒါကြောင့် Soshwe စာဖတ်ပရိသတ်ထဲက ခရီးသွားရတာကြိုက်နှစ်သက်သူတွေအတွက် ၂၀၂၀ ခုနှစ်အတွင်း သွားရောက်လည်ပတ်ဖို့ အသင့်တော်ဆုံးနိုင်ငံတွေကို ပြောပြသွားပေးမှာပဲဖြစ်ပါတယ်။

နိုင်ငံတကာခရီးသွားကောင်စီက ၂၀၂၀ ခုနှစ်မှာ ခရီးထွက်ဖို့စီစဉ်ထားသူတွေအတွက် ထုတ်ပြန်ချက်တစ်ခုကို မကြာသေးခင်က ကြေငြာခဲ့ပါတယ်။ နိုင်ငံတစ်နိုင်ငံကို လည်ပတ်သွားရောက်တဲ့အခါမှာ ကြုံတွေ့နိုင်တဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတွေ (ဥပမာ – လက်တလောဖြစ်ပေါ်နေတဲ့ ကူးစက်ရောဂါ) နဲ့ ခရီးသွားအာမခံချက်ဆိုင်ရာပြဿနာတွေ (ဥပမာ – နိုင်ငံရေးမတည်ငြိမ်မှု) တွေကို သာမန်အခြေအနေကနေ အဆိုးရွားဆုံးအခြေအနေအထိ ပြောပြသတိပေးခဲ့ပါတယ်။

- Advertisement -

နိုင်ငံအရပ်ရပ်မှာဖြစ်ပေါ်နေတဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနဲ့ ကျန်းမာရေးအစရှိတဲ့အရာတွေရဲ့ လက်ရှိအခြေအနေကို သုံးသပ်လေ့လာပြီးတဲ့အခါမှာတော့ ခရီးသွားလည်ပတ်အပန်းဖြေဖို့ အသင့်တော်ဆုံးနဲ့ လုံခြုံစိတ်အချရဆုံးသောနိုင်ငံတွေကို ဖော်ပြပေးခဲ့ပါတယ်။

(၁) Denmark နိုင်ငံ၊ (၂) Finland နိုင်ငံ၊ (၃) Greenland နိုင်ငံ၊ (၄) Iceland နိုင်ငံ၊ (၅) Norway နိုင်ငံ၊ (၆) Slovenia နိုင်ငံ၊ (၇) Luxembourg နိုင်ငံနဲ့ (၈) Switzerland နိုင်ငံတို့ပဲဖြစ်ပါတယ်။ ဆိုမာလီယာနိုင်ငံ၊ ဆီးရီးယားနိုင်ငံနဲ့ အာဖဂန်နစ်စတန်နိုင်ငံတို့ကိုတော့ လုံးဝမသွားရောက်သင့်ကြောင်း သတိပေးထားပါတယ်။

နိုင်ငံတကာခရီးသွားကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီလိုမျိုးသတိပေးချက်ထုတ်ပြန်ရခြင်းဟာ ခရီးသွားတွေအားလုံးရဲ့ လုံခြုံရေးကိုသာ ရှေးရှုခြင်းဖြစ်ကြောင်း CNNသတင်းဌာနကို ပြောကြားသွားခဲ့ပါတယ်။

<Unicode Version>

 

Source ~ CNN News

#SY(Soshwe)

#SoshweTravel

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

fourteen − ten =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...