HomeEntertainmentနာမည်ကြီးအဆိုတော်တစ်ယောက်ကို သီချင်းအသစ်ဖြင့် ထိုးနှက်လိုက်တဲ့ Eminem

နာမည်ကြီးအဆိုတော်တစ်ယောက်ကို သီချင်းအသစ်ဖြင့် ထိုးနှက်လိုက်တဲ့ Eminem

- Advertisement -



- Advertisement -

- Advertisement -


<Zawgyi Version>

 

နာမည်ကျော် Rapper တစ်ဦးဖြစ်သူ Eminem က What Would Chine Gunn Do (WWCD) ဟု အမည်ရသည့် အယ်လ်ဘမ်၌ ပါဝင်သည့် Bang သီချင်းတွင် သူ့ကို Iggy Azalea သို့မဟုတ် Milli Vanilli တို့နဲ့ နှိုင်းယှဉ်ခြင်းမပြုရန် တိုက်ခိုက်သီဆိုသွားခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ WWCD အယ်လ်ဘမ်သည် Buffalo မှ ထုတ်ဝေသည့် (၁၃) ခွေမြောက် အယ်လ်ဘမ်ဖြစ်ပြီး Eminem အပါအဝင် Raekwon နဲ့ 50 Cent တို့လည်း ပါဝင်သီဆိုထားပါတယ်။

Eminem ရဲ့ Bang သီချင်းထဲ၌ Iggy b*tch နဲ့ f*ckin Milli Vanilli ဟူသည့် စာသားများ ပါဝင်ခဲ့ပြီး အဆိုပါပုဂ္ဂိုလ်များ၌ သူ့ကိုနှိုင်းယှဉ်ခြင်းမပြုရန် ထည့်သွင်းသီဆိုသွားခဲ့ပါတယ်။ သို့ရာတွင်မူ Eminem က “ငါ့ကို Manson၊ Marilyn၊ Charles၊ Biggie ဒါမှမဟုတ် Tupac Shakur တို့နဲ့ပဲ နှိုင်းယှဉ်ကြစမ်းပါ။” ဟုလည်း ထည့်သွင်းသီဆိုခဲ့ကြောင်း သိရှိရပါတယ်။

- Advertisement -

Eminem အနေနဲ့ ယခုကဲ့သို့ Iggy ကို တိုက်ခိုက်သီဆိုခြင်းက ပထမဆုံးအကြိမ်မဟုတ်ဘဲ ပြီးခဲ့သည့် (၂၀၁၈) ခုနှစ်ကလည်း Iggy ကို ယခုကဲ့သို့ တိုက်ခိုက်သီဆိုခဲ့ပါသေးတယ်။ ထိုစဉ်ကမူ Iggy က Eminem ရဲ့ သီချင်းကို အင်တာဗျူးတစ်ခုမှတစ်ဆင့် ပြန်လည်တုံ့ပြန်ခဲ့ပြီး ဒီတစ်ကြိမ်၌လည်း Iggy ဘက်မှ Eminem ကို မည်ကဲ့သို့ တုံ့ပြန်လာမည်ဆိုသည်ကို စိတ်ဝင်တစားစောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

<Unicode Version>

 

Source ~ Unilad

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

13 − nine =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...