HomeEntertainmentBlack Widow ဇာတ်ကားရဲ့ ပထမဆုံး Trailer ထွက်ရှိလာ။

Black Widow ဇာတ်ကားရဲ့ ပထမဆုံး Trailer ထွက်ရှိလာ။

- Advertisement -


- Advertisement -


- Advertisement -


- Advertisement -


<Zawgyi Version>

 

လာမည့် (၂၀၂၀) ခုနှစ်၊ မေလ (၁) ရက်နေ့မှာ ရုံတင်ပြသမည့် Black Widow ဇာတ်ကားရဲ့ ပထမဆုံး Trailer ကို Marvel မှ ပရိသတ်တွေထံ ချပြခဲ့ပါတယ်။ အဆိုပါ Trailer ၌ Scarlett Johansson က Natasha အဖြစ် အဓိကပါဝင်သရုပ်ဆောင်ထားပြီး Rachel Weisz၊ David Harbour နဲ့ Melina Vostokoff တို့အပြင် Samuel L. Jackson နဲ့ Jeremy Renner တို့လည်း ပါဝင်သရုပ်ဆောင်ထားသည်ကို ပရိသတ်များ မြင်တွေ့ရမှာပါ။

Black Widow ဇာတ်ကားရဲ့ ဇာတ်လမ်းဇာတ်အိမ်နဲ့ ပတ်သက်၍ Johansson က “ဒီဇာတ်ကားကို ရိုက်ကူးနေချိန်မှာ တကယ့်အပြင်က ဖြစ်ရပ်တွေနဲ့ တိုက်ဆိုင်နေတာကို ကျွန်မသတိထားမိခဲ့ပါတယ်။ ဇာတ်ကားထဲက ဇာတ်ကောင်က အရာအားလုံးကို နည်းမျိုးစုံနဲ့ တစ်ယောက်တည်းရင်ဆိုင်တယ်။ တစ်ဖက်ကလည်း ဝေဖန်မှုတွေခံနေရသလို တခြားတစ်ဖက်မှာလည်း ပြဿနာ အားလုံးကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့်နဲ့ ဖြေရှင်းခဲ့တဲ့ ဇာတ်ကောင်တစ်ယောက်ပါ။” ဟု ပြောကြားသွားခဲ့ပါတယ်။

https://www.youtube.com/watch?v=inPefFXGwPQ

ယခု Black Widow ဇာတ်ကားသည် Phase Four of the MCU ရဲ့ ပထမဆုံးဇာတ်ကားဖြစ်လာမည်ဖြစ်ပြီး Trailer ၌ပင် ပရိသတ်များရဲ့ စိတ်နှလုံးအာရုံကို ဖမ်းစားနိုင်ခဲ့ပြီဖြစ်ပါတယ်။

<Unicode Version>

 

Source ~ Unilad

#HM(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read