HomeOtherအဂၤလန္ဘုရင္မႀကီး အဲလိဇဘက္ အနားယူေတာ့မွာလား ? ? ?

အဂၤလန္ဘုရင္မႀကီး အဲလိဇဘက္ အနားယူေတာ့မွာလား ? ? ?

- Advertisement -

အဂၤလန္ဘုရင္မႀကီး အဲလိဇဘက္သည္ လာမည့္ (၁၈) လအတြင္း အနားယူေတာ့မည္ျဖစ္ၿပီး သူမရဲ႕အရိုက္အရာကို သားအႀကီးဆံုးျဖစ္သူ ခ်ားလ္မင္းသားကို လဲႊေပးသြားမည္ျဖစ္ေၾကာင္း Daily Mail သတင္းစာက ေဖာ္ျပခဲ့ပါတယ္။ ကနဦး၌ မင္းသား Andrew ကို အရိုက္အရာ လဲႊေပးမည္ဟု သတင္းမ်ား ထြက္ေပၚခဲ့ေသာ္လည္း ေတာ္ဝင္မိသားစုရဲ႕ သတင္းအရင္းအျမစ္မွ “ေတာ္ဝင္မိသားစုရဲ႕ အစဥ္အလာထက္ပိုၿပီး ႀကီးမားတဲ့ အရာမရွိပါဘူး။ ဘုရင္မႀကီးရဲ႕ အခ်စ္ဆံုးသား Andrew လည္း ဒီအတြက္ ဘာအခြင့္အေရးမွရွိမွာ မဟုတ္ပါဘူး။” ဟု ေျပာၾကားခဲ့ပါတယ္။

အျခားေသာ သတင္းတစ္ရပ္အရ ခ်ားလ္မင္းသားအေနနဲ႔ ဘုရင္မႀကီးရဲ႕ အသက္ (၉၅) ႏွစ္ျပည့္ေမြးေန႔၌ အရိုက္အရာဆက္ခံသြားမည္ဟုလည္း သိရွိရပါတယ္။ အဆိုပါသတင္းအရ ဘုရင္မႀကီးသည္ ေနာက္ထပ္ (၁၈) လအၾကာ၌ အသက္ (၉၅) ႏွစ္ျပည့္မည္ျဖစ္ၿပီး Daily Mail က ေဖာ္ျပထားသည့္ အခ်ိန္ကာလနဲ႔ တစ္ထပ္တည္း က်ေရာက္ေနပါတယ္။ ေနာက္ပိုင္းႏွစ္မ်ား၌ ဘုရင္မႀကီးသည္ ျပည္သူလူထုနဲ႔ ထိေတြ႕မႈနည္းပါးလာခဲ့ၿပီး (၂၀၁၆) ခုႏွစ္၌ ပဲြေပါင္း (၃၃၂) ပဲြအထိ တက္ေရာက္ခဲ့ေပမယ့္ (၂၀၁၈) ခုႏွစ္၌မူ (၂၈၃) ပဲြသာ တက္ေရာက္ခဲ့ပါတယ္။

ခ်ားလ္မင္းသားမွာမူ (၂၀၁၈) ခုႏွစ္၌ ပဲြေပါင္း (၅၀၇) ပဲြကို တက္ေရာက္ခဲ့ၿပီး ေတာ္ဝင္မိသားစုနဲ႔ ပတ္သက္သည့္ လုပ္ငန္းေဆာင္တာမ်ားကို ပိုမိုတာဝန္ယူလာခဲ့ရျခင္းေၾကာင့္ လက္ရွိအခ်ိန္၌ သတင္းမ်ားထြက္ေပၚေနသည့္အတိုင္း ခ်ားလ္မင္းသားက ဘုရင္မႀကီးရဲ႕ အရိုက္အရာကို ဆက္ခံျဖစ္မလား  ေစာင့္ၾကည့္ရမည္လည္းျဖစ္ပါတယ္။

- Advertisement -

<Zawgyi Version>

- Advertisement -

 

အင်္ဂလန်ဘုရင်မကြီး အဲလိဇဘက်သည် လာမည့် (၁၈) လအတွင်း အနားယူတော့မည်ဖြစ်ပြီး သူမရဲ့အရိုက်အရာကို သားအကြီးဆုံးဖြစ်သူ ချားလ်မင်းသားကို လွှဲပေးသွားမည်ဖြစ်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့ပါတယ်။ ကနဦး၌ မင်းသား Andrew ကို အရိုက်အရာ လွှဲပေးမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း တော်ဝင်မိသားစုရဲ့ သတင်းအရင်းအမြစ်မှ “တော်ဝင်မိသားစုရဲ့ အစဉ်အလာထက်ပိုပြီး ကြီးမားတဲ့ အရာမရှိပါဘူး။ ဘုရင်မကြီးရဲ့ အချစ်ဆုံးသား Andrew လည်း ဒီအတွက် ဘာအခွင့်အရေးမှရှိမှာ မဟုတ်ပါဘူး။” ဟု ပြောကြားခဲ့ပါတယ်။

အခြားသော သတင်းတစ်ရပ်အရ ချားလ်မင်းသားအနေနဲ့ ဘုရင်မကြီးရဲ့ အသက် (၉၅) နှစ်ပြည့်မွေးနေ့၌ အရိုက်အရာဆက်ခံသွားမည်ဟုလည်း သိရှိရပါတယ်။ အဆိုပါသတင်းအရ ဘုရင်မကြီးသည် နောက်ထပ် (၁၈) လအကြာ၌ အသက် (၉၅) နှစ်ပြည့်မည်ဖြစ်ပြီး Daily Mail က ဖော်ပြထားသည့် အချိန်ကာလနဲ့ တစ်ထပ်တည်း ကျရောက်နေပါတယ်။ နောက်ပိုင်းနှစ်များ၌ ဘုရင်မကြီးသည် ပြည်သူလူထုနဲ့ ထိတွေ့မှုနည်းပါးလာခဲ့ပြီး (၂၀၁၆) ခုနှစ်၌ ပွဲပေါင်း (၃၃၂) ပွဲအထိ တက်ရောက်ခဲ့ပေမယ့် (၂၀၁၈) ခုနှစ်၌မူ (၂၈၃) ပွဲသာ တက်ရောက်ခဲ့ပါတယ်။

ချားလ်မင်းသားမှာမူ (၂၀၁၈) ခုနှစ်၌ ပွဲပေါင်း (၅၀၇) ပွဲကို တက်ရောက်ခဲ့ပြီး တော်ဝင်မိသားစုနဲ့ ပတ်သက်သည့် လုပ်ငန်းဆောင်တာများကို ပိုမိုတာဝန်ယူလာခဲ့ရခြင်းကြောင့် လက်ရှိအချိန်၌ သတင်းများထွက်ပေါ်နေသည့်အတိုင်း ချားလ်မင်းသားက ဘုရင်မကြီးရဲ့ အရိုက်အရာကို ဆက်ခံဖြစ်မလား  စောင့်ကြည့်ရမည်လည်းဖြစ်ပါတယ်။

<Unicode Version>

 

Source ~ Marie Claire

#HM(Soshwe)

- Advertisement -

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

nineteen + 15 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...