HomeOtherAmazon ေတာမီးေလာင္ကြ်မ္းမႈအတြက္ ကမာၻေက်ာ္အႏုပညာရွင္တစ္ေယာက္ကို စြပ္စဲြလိုက္သည့္ ဘရာဇီးသမၼတ။

Amazon ေတာမီးေလာင္ကြ်မ္းမႈအတြက္ ကမာၻေက်ာ္အႏုပညာရွင္တစ္ေယာက္ကို စြပ္စဲြလိုက္သည့္ ဘရာဇီးသမၼတ။

- Advertisement -

ဘရာဇီးသမၼတျဖစ္သူ ေဘာ္ဆိုနာရိုက Amazon ေတာမီးေလာင္ကြ်မ္းမႈအတြက္ ရုပ္ရွင္သရုပ္ေဆာင္ လီယုိနာဒိုဒီကာပရီယို၌ တာဝန္ရွိသည္ဟု စြပ္စဲြေျပာၾကားလိုက္ေၾကာင္း သိရွိရပါတယ္။  ေထာက္ခံသူမ်ားနဲ႔  ေတြ႕ဆံုပဲြ၌ ဘရာဇီးသမၼတ ေဘာ္ဆိုနာရိုက “အဲ့ဒီ ဒီကာပရီယိုဆိုတ့ဲလူက လူရိုးလူေအးတစ္ေယာက္ ဟုတ္လား? Amazon ကို မီးရိႈ႕ခဲ့တဲ့အတြက္ သူ႔ကို ပိုက္ဆံေပးလိုက္ပါ။” ဟု ေျပာၾကားသြားခဲ့ျခင္းျဖစ္ပါတယ္။ သို႔ေသာ္လည္း ေဘာ္ဆိုနာရိုအေနနဲ႔ သူ႔ရဲ႕ ေျပာစကားအတြက္ သက္ေသတစ္စံုတစ္ရာကို ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္း မရွိေၾကာင္းလည္းသိရွိရပါတယ္။

ဒါ့အျပင္ “လီယိုနာဒိုဒီကာပရီယို . . . ခင္ဗ်ားက Amazon ေတာမီးေလာင္မႈအတြက္ ပူးေပါင္းပါဝင္ခဲ့တဲ့သူပဲ။” ဟုလည္း ေဘာ္ဆိုနာရိုက ထပ္မံစြပ္စဲြခဲ့ၿပီး ႏွစ္ႀကိမ္လံုး၌ သူ႔ရဲ႕ေျပာစကားအတြက္ အေၾကာင္းျပခ်က္တစ္စံုတစ္ရာ ခိုင္ခိုင္မာမာျပသခဲ့ျခင္းမရွိေပ။ ဘရာဇီးသမၼတ ေဘာ္ဆိုနာရိုက လုပ္အားေပးမီးသတ္သမားမ်ားအေနျဖင့္ မီးေလာင္ကြ်မ္းေနသည့္ ဓာတ္ပံုမ်ားကို ရိုက္ကူးခဲ့ျခင္းအတြက္ ဒီကာပရီယိုအပါအဝင္ အျခားေသာအလွဴရွင္မ်ားထံမွ ေဒၚလာ (၅) သိန္း လက္ခံရယူခဲ့ေၾကာင္း စြပ္စဲြခဲ့ေပမယ့္ The World Wildlife Fund အဖဲြ႕က အဆိုပါ စြပ္စဲြခ်က္ကို ျငင္းဆန္ခဲ့ပါတယ္။

- Advertisement -

ၿပီးခဲ့သည့္ ၾသဂုတ္လ၌လည္း ဒီကာပရီယိုတည္ေထာင္ထားသည့္ ပရဟိတအဖဲြ႕အစည္းမွ Amazon  ေတာႀကီးကို ကာကြယ္ေရးအတြက္ ေဒၚလာ (၅) သန္း လွဴဒါန္းခဲ့ၿပီး ဒီကာပရီယိုရဲ႕ အင္စတာဂရမ္အေကာင့္မွတစ္ဆင့္လည္း Amazon ေတာမီးကို ဝိုင္းဝန္းၿငိွမ္းသတ္ေနၾကသည့္ ဘရာဇီးျပည္သူမ်ား၊ သိပၸံပညာရွင္မ်ား၊ ျပည္သူလူထုမ်ားကို အားေပးေထာက္ခံေၾကာင္း  ေရးသားဂုဏ္ျပဳခဲ့ပါေသးတယ္။ ၿပီးခဲ့သည့္ အဂၤါေန႔ကလည္း ရဲတပ္ဖဲြ႕ဝင္မ်ားက လုပ္အားေပး မီးသတ္သမားေလးဦးကို အလွဴေငြမ်ားရရွိရန္အတြက္ မီးရိႈ႕ခဲ့သည္ဟူေသာ စြပ္စဲြခ်က္ျဖင့္ ဖမ္းဆီးခဲ့ေပမယ့္ လက္ရွိအခ်ိန္၌မူ အဆိုပါ မီးသတ္သမားမ်ားကို ျပန္လႊတ္ေပးခဲ့ၿပီျဖစ္ေၾကာင္း သိရွိရပါတယ္။

- Advertisement -

<Zawgyi Version>

 

ဘရာဇီးသမ္မတဖြစ်သူ ဘော်ဆိုနာရိုက Amazon တောမီးလောင်ကျွမ်းမှုအတွက် ရုပ်ရှင်သရုပ်ဆောင် လီယိုနာဒိုဒီကာပရီယို၌ တာဝန်ရှိသည်ဟု စွပ်စွဲပြောကြားလိုက်ကြောင်း သိရှိရပါတယ်။  ထောက်ခံသူများနဲ့  တွေ့ဆုံပွဲ၌ ဘရာဇီးသမ္မတ ဘော်ဆိုနာရိုက “အဲ့ဒီ ဒီကာပရီယိုဆိုတဲ့လူက လူရိုးလူအေးတစ်ယောက် ဟုတ်လား? Amazon ကို မီးရှို့ခဲ့တဲ့အတွက် သူ့ကို ပိုက်ဆံပေးလိုက်ပါ။” ဟု ပြောကြားသွားခဲ့ခြင်းဖြစ်ပါတယ်။ သို့သော်လည်း ဘော်ဆိုနာရိုအနေနဲ့ သူ့ရဲ့ ပြောစကားအတွက် သက်သေတစ်စုံတစ်ရာကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိကြောင်းလည်းသိရှိရပါတယ်။

ဒါ့အပြင် “လီယိုနာဒိုဒီကာပရီယို . . . ခင်ဗျားက Amazon တောမီးလောင်မှုအတွက် ပူးပေါင်းပါဝင်ခဲ့တဲ့သူပဲ။” ဟုလည်း ဘော်ဆိုနာရိုက ထပ်မံစွပ်စွဲခဲ့ပြီး နှစ်ကြိမ်လုံး၌ သူ့ရဲ့ပြောစကားအတွက် အကြောင်းပြချက်တစ်စုံတစ်ရာ ခိုင်ခိုင်မာမာပြသခဲ့ခြင်းမရှိပေ။ ဘရာဇီးသမ္မတ ဘော်ဆိုနာရိုက လုပ်အားပေးမီးသတ်သမားများအနေဖြင့် မီးလောင်ကျွမ်းနေသည့် ဓာတ်ပုံများကို ရိုက်ကူးခဲ့ခြင်းအတွက် ဒီကာပရီယိုအပါအဝင် အခြားသောအလှူရှင်များထံမှ ဒေါ်လာ (၅) သိန်း လက်ခံရယူခဲ့ကြောင်း စွပ်စွဲခဲ့ပေမယ့် The World Wildlife Fund အဖွဲ့က အဆိုပါ စွပ်စွဲချက်ကို ငြင်းဆန်ခဲ့ပါတယ်။

ပြီးခဲ့သည့် သြဂုတ်လ၌လည်း ဒီကာပရီယိုတည်ထောင်ထားသည့် ပရဟိတအဖွဲ့အစည်းမှ Amazon  တောကြီးကို ကာကွယ်ရေးအတွက် ဒေါ်လာ (၅) သန်း လှူဒါန်းခဲ့ပြီး ဒီကာပရီယိုရဲ့ အင်စတာဂရမ်အကောင့်မှတစ်ဆင့်လည်း Amazon တောမီးကို ဝိုင်းဝန်းငြိှမ်းသတ်နေကြသည့် ဘရာဇီးပြည်သူများ၊ သိပ္ပံပညာရှင်များ၊ ပြည်သူလူထုများကို အားပေးထောက်ခံကြောင်း  ရေးသားဂုဏ်ပြုခဲ့ပါသေးတယ်။ ပြီးခဲ့သည့် အင်္ဂါနေ့ကလည်း ရဲတပ်ဖွဲ့ဝင်များက လုပ်အားပေး မီးသတ်သမားလေးဦးကို အလှူငွေများရရှိရန်အတွက် မီးရှို့ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ပေမယ့် လက်ရှိအချိန်၌မူ အဆိုပါ မီးသတ်သမားများကို ပြန်လွှတ်ပေးခဲ့ပြီဖြစ်ကြောင်း သိရှိရပါတယ်။

<Unicode Version>

 

- Advertisement -

Source ~ PEOPLE Magazine

#HM(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

nineteen − 16 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...