HomeSportဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဦးကို ချိတ်ဆက်နေသည့် ယူနိုက်တက်။
ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဦးကို ချိတ်ဆက်နေသည့် ယူနိုက်တက်။
- Advertisement -
- Advertisement -
- Advertisement -
<Zawgyi Version>
အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်အသင်းသည် ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သူ ဗီဒယ်လ်ကို ခေါ်ယူရန်အတွက် ကစားသမားရဲ့  အေးဂျင့်နဲ့  ဆွေးနွေးနေကြောင်း သိရှိရပါတယ်။ အဆိုပါချီလီလက်ရွေးစင် ကစားသမားသည် လာမည့် ဆောင်းရာသီ အပြောင်းအရွှေ့၌ ဘာစီလိုနာအသင်းကထွက်ခွာရန် ပြင်ဆင်နေပြီး လက်ရှိဘောလုံးရာသီ၌ ဘာစီလိုနာအသင်းအတွက် လာလီဂါပွဲစဉ် (၃) ပွဲသာ ပါဝင်ကစားခွင့်ရရှိထားသည့်အတွက် မပျော်မရွှင်ဖြစ်နေသည့် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။
ယူနိုက်တက်အသင်းသည် ဗီဒယ်လ်ကို ကာလရှည်စိတ်ဝင်စားခဲ့သည့် အသင်းဖြစ်ပြီး ပြီးခဲ့သည့် (၂၀၁၄) ခုနှစ်ကလည်း ဗီဒယ်လ်ကို ခေါ်ယူရန် ကြိုးစားခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းက လက်ဦးမှုရယူခဲ့ပါတယ်။ လက်ရှိအချိန်၌မူ ယူနိုက်တက်အသင်းက ဗီဒယ်လ်ရဲ့အေးဂျင့်ဖြစ်သူ ဖာနန်ဒိုဖီလစ်ဗစ်ချ်နဲ့ ဆွေးနွေးနေပြီး ဆန်းချက်ဇ်နဲ့ ပတ်သက်၍ အဆိုပါအေးဂျင့်နဲ့ ယူနိုက်တက်အသင်းတို့အကြား ပြီးခဲ့သည့် (၂၀၁၈) ခုနှစ် ဇန်နဝါရီလတည်းက စတင်ဆက်ဆံခဲ့ကြခြင်းလည်းဖြစ်ပါတယ်။
ဘာစီလိုနာအသင်းကလည်း ဗီဒယ်လ်ကို လက်လွှတ်ခံရန် စဉ်းစားနေပြီး ကွင်းလယ် (၃) နေရာအတွက် ကစားသမား (၇) ယောက်အထိ ရှိနေခြင်းကြောင့် ပြောင်းရွှေ့ကြေးရရှိရန် ဗီဒယ်လ်ကို ရောင်းချရန် ပြင်ဆင်လာဖွယ်ရှိနေပါတယ်။
<Unicode Version>
- Advertisement -
Source ~ Sportsmole
#HM(Soshwe)
#SoshweSport
#SoshweForYourDailyLife
#Like&Share
- Advertisement -
LEAVE A REPLY
Please enter your comment!
Please enter your name here
six + 7 =
Must Read
အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။
အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...