Breaking News

San Francisco တစ်မြို့လုံးကို နောက်ပြောင်ခဲ့သည့်အမျိုးသား။

အမျိုးသားတစ်ဦးသည် San Francisco မြို့အနှံ့ရှိ အများပြည်သူသုံးလှေကားများ၊ ပလက်ဖောင်းများ၌ AirPod ပုံစံစတစ်ကာများ လိုက်ကပ်ကာ ပြည်သူများကို စနောက်ခဲ့ကြောင်း သိရှိရပါတယ်။ Apple မှ ထုတ်လုပ်သည့် AirPod များသည် ပျောက်ရှလွယ်သည့် ပစ္စည်းများဖြစ်ပြီး နားမှတစ်ဆင့် သို့မဟုတ် ပိုက်ဆံအိတ်ထဲမှတစ်ဆင့် ထွက်ကျနိုင်သည့် သေးငယ်သောပစ္စည်းများဖြစ်ပါတယ်။

ယခု Prank ကို Art Director တစ်ဦးဖြစ်သူ Pablo Rochat က စီစဉ်ခဲ့ခြင်းဖြစ်ပြီး သူ့ရဲ့တွစ်တာမှတစ်ဆင့် “AirPod ဆိုက်ဒ်နဲ့ ပုံစံတူစတစ်ကာတွေကို မြို့အနှံ့မှာ လိုက်ကပ်ဖို့ ကျွန်တော် စီစဉ်ခဲ့တာပါ။” ဟု  ရေးသားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့လုပ်ရပ်အပေါ် ဝေဖန်မှုများရှိခဲ့ပြီး Pablo ရဲ့ Prank က ရယ်စရာမကောင်းကြောင်း ဝေဖန်မှုများရှိနေကြပါတယ်။ ဒါပေမယ့် အချို့ကတော့ “ဒါက အကောင်းဆုံးအရာပါပဲ။” ဟု မှတ်ချက်ပြု ရေးသားကာ ချီးကျူးမှုများရှိခဲ့ပါတယ်။

အဆိုးမြင်သူတစ်ဦးကမူ “ဘယ်လိုအသုံးမကျတဲ့လုပ်ရပ်လဲကွာ။ ဒီပစ္စည်းကိုဝယ်ဖို့ မတတ်နိုင်တဲ့သူကတော့ ဒါကိုတွေ့ပြီး သူ့အတွက် ကံကောင်းတယ်ထင်သွားနိုင်ပေမယ့် နောက်ဆုံးတော့ စိတ်ပျက်လိုက်ရမှာပဲ။” ဟု  ရေးသားခဲ့သလို “ဒီလို အဓိပ္ပာယ်မရှိတဲ့လုပ်ရပ်အတွက် အချိန်တွေ၊ အင်အားတွေ အကုန်ခံတဲ့သူရှိတယ်ဆိုတာ မယုံကြည်နိုင်စရာပါပဲ။” ဟု အသီးသီး ဝေဖန်ရေးသားခဲ့ကြပါတယ်။

ဆက်စပ်သတင်းအရ အမျိုးသမီးတစ်ဦးသည် သူမရဲ့အိမ်ကို ရောင်းချပြီးနောက် ပိုင်ရှင်အသစ် လက်အတွင်းသို့ မထည့်ခင် ကြမ်းပြင်ကော်ဇောပေါ်၌ သွေးကွက်များ၊ အခင်းဖြစ်ပွားဟန်ရှိခဲ့သည့် ပုံရိပ်များကို  ရေးဆွဲခဲ့ပြီး  ကော်ဇောအသစ်လဲလှယ်ရန် ရောက်ရှိလာသည့် ပိုင်ရှင်အသစ်များကို ထိတ်လန့်အံ့အားသင့်ရအောင်  ပြုလုပ်ခဲ့ဖူးပါတယ်။ အဆိုပါလုပ်ရပ်နဲ့ ပတ်သက်၍လည်း Tina ဟုအမည်ရသည့် ကလေးနှစ်ယောက်မိခင်က “ကျွန်မ ဒီလိုနောက်ပြောင်မှုမျိုးကို လွန်ခဲ့တဲ့နှစ်တွေမှာတည်းက မြင်တွေ့ခဲ့ဖူးတာပါ။ အဲ့ဒါကြောင့် ဒီကြမ်းခင်းကို မလဲခင် ဒါမျိုးလုပ်ရမယ်ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့တာပါ။” ဟု ဖြေရှင်းပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

<Unicode Version>

 

 

 

San Francisco တစ္ၿမိဳ႕လံုးကို ေနာက္ေျပာင္ခဲ့သည့္အမ်ိဳးသား။

အမ်ိဳးသားတစ္ဦးသည္ San Francisco ၿမိဳ႕အႏွံ႔ရွိ အမ်ားျပည္သူသံုးေလွကားမ်ား၊ ပလက္ေဖာင္းမ်ား၌ AirPod ပံုစံစတစ္ကာမ်ား လိုက္ကပ္ကာ ျပည္သူမ်ားကို စေနာက္ခဲ့ေၾကာင္း သိရွိရပါတယ္။ Apple မွ ထုတ္လုပ္သည့္ AirPod မ်ားသည္ ေပ်ာက္ရွလြယ္သည့္ ပစၥည္းမ်ားျဖစ္ၿပီး နားမွတစ္ဆင့္ သို႔မဟုတ္ ပိုက္ဆံအိတ္ထဲမွတစ္ဆင့္ ထြက္က်ႏုိင္သည့္ ေသးငယ္ေသာပစၥည္းမ်ားျဖစ္ပါတယ္။

ယခု Prank ကို Art Director တစ္ဦးျဖစ္သူ Pablo Rochat က စီစဥ္ခဲ့ျခင္းျဖစ္ၿပီး သူ႔ရဲ႕တြစ္တာမွတစ္ဆင့္ “AirPod ဆိုက္ဒ္နဲ႔ ပံုစံတူစတစ္ကာေတြကို ၿမိဳ႕အႏွံ႔မွာ လိုက္ကပ္ဖို႔ ကြ်န္ေတာ္ စီစဥ္ခဲ့တာပါ။” ဟု  ေရးသားခဲ့ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕လုပ္ရပ္အေပၚ ေဝဖန္မႈမ်ားရွိခဲ့ၿပီး Pablo ရဲ႕ Prank က ရယ္စရာမေကာင္းေၾကာင္း ေဝဖန္မႈမ်ားရွိေနၾကပါတယ္။ ဒါေပမယ့္ အခ်ိဳ႕ကေတာ့ “ဒါက အေကာင္းဆံုးအရာပါပဲ။” ဟု မွတ္ခ်က္ျပဳ ေရးသားကာ ခ်ီးက်ဴးမႈမ်ားရွိခဲ့ပါတယ္။

အဆိုးျမင္သူတစ္ဦးကမူ “ဘယ္လိုအသံုးမက်တဲ့လုပ္ရပ္လဲကြာ။ ဒီပစၥည္းကိုဝယ္ဖို႔ မတတ္ႏုိင္တဲ့သူကေတာ့ ဒါကိုေတြ႕ၿပီး သူ႔အတြက္ ကံေကာင္းတယ္ထင္သြားႏိုင္ေပမယ့္ ေနာက္ဆံုးေတာ့ စိတ္ပ်က္လိုက္ရမွာပဲ။” ဟု  ေရးသားခဲ့သလို “ဒီလို အဓိပၸာယ္မရွိတဲ့လုပ္ရပ္အတြက္ အခ်ိန္ေတြ၊ အင္အားေတြ အကုန္ခံတဲ့သူရွိတယ္ဆိုတာ မယံုၾကည္ႏုိင္စရာပါပဲ။” ဟု အသီးသီး ေဝဖန္ေရးသားခဲ့ၾကပါတယ္။

 

ဆက္စပ္သတင္းအရ အမ်ိဳးသမီးတစ္ဦးသည္ သူမရဲ႕အိမ္ကို ေရာင္းခ်ၿပီးေနာက္ ပိုင္ရွင္အသစ္ လက္အတြင္းသို႔ မထည့္ခင္ ၾကမ္းျပင္ေကာ္ေဇာေပၚ၌ ေသြးကြက္မ်ား၊ အခင္းျဖစ္ပြားဟန္ရိွခဲ့သည့္ ပံုရိပ္မ်ားကို  ေရးဆဲြခဲ့ၿပီး  ေကာ္ေဇာအသစ္လဲလွယ္ရန္ ေရာက္ရွိလာသည့္ ပိုင္ရွင္အသစ္မ်ားကို ထိတ္လန္႔အံ့အားသင့္ရေအာင္  ျပဳလုပ္ခဲ့ဖူးပါတယ္။ အဆိုပါလုပ္ရပ္နဲ႔ ပတ္သက္၍လည္း Tina ဟုအမည္ရသည့္ ကေလးႏွစ္ေယာက္မိခင္က “ကြ်န္မ ဒီလိုေနာက္ေျပာင္မႈမ်ိဳးကို လြန္ခဲ့တဲ့ႏွစ္ေတြမွာတည္းက ျမင္ေတြ႕ခဲ့ဖူးတာပါ။ အဲ့ဒါေၾကာင့္ ဒီၾကမ္းခင္းကို မလဲခင္ ဒါမ်ိဳးလုပ္ရမယ္ဆိုၿပီး ဆံုးျဖတ္ခ်က္ခ်ခဲ့တာပါ။” ဟု ေျဖရွင္းေျပာၾကားခဲ့ေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

#SoshweFunny

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ထီပေါက်ပြီးရလာတဲ့ငွေတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ သုံးစွဲချင်တယ်ဆိုတာ ပြောပြပြီးနောက် လူတွေကို အံ့အားသင့်စေခဲ့တဲ့အမျိုးသား။

စာဖတ်သူရဲ့အသိမိတ်ဆွေထဲမှာ ထီပေါက်ဖူးတဲ့လူတွေ ရှိပါသလား? ကမ္ဘာတစ်ဝှမ်းမှာ ထီထိုးကြတဲ့သူတွေ အများကြီးရှိတာကတော့ အမှန်တရားတစ်ခုပါ။ ထီထိုးသူတွေရဲ့ ရည်မှန်းချက်ကလည်း ကံကောင်းပြီး ထီပေါက်ရင်ရမယ့်ငွေတွေနဲ့ သူတို့လိုချင်တာလေးတွေဝယ်နိုင်ဖို့ ၊ သူတို့အနာဂါတ်ကို အာမခံပေးမယ့် …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro