HomeLifeStyleဘဝကို အေျပာင္းအလဲျဖစ္ေစႏုိင္သည့္ ထီဆုႀကီးကို ဆြတ္ခူးခ့ဲသည့္ စံုတဲြတစ္တဲြ။

ဘဝကို အေျပာင္းအလဲျဖစ္ေစႏုိင္သည့္ ထီဆုႀကီးကို ဆြတ္ခူးခ့ဲသည့္ စံုတဲြတစ္တဲြ။

- Advertisement -

Chichester ေဒသမွ စံုတဲြတစ္တဲြသည္ သူတုိ႔ရဲ႕ဘဝကို အေျပာင္းအလဲျဖစ္ေစႏုိင္သည့္ ထီဆုႀကီးတစ္ဆုကို ဆြတ္ခူးႏိုင္ခဲ့ေၾကာင္း သိရွိရပါတယ္။ အဆိုပါစံုတဲြသည္ ဆုေၾကးေငြ ေပါင္ (၁၀၅) သန္းအထိ ကံထူးခဲ့ျခင္းျဖစ္ၿပီး အဆိုပါသတင္းကို ယမန္ေန႔ နံနက္ခင္းပိုင္း၌ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၉) ရက္ေန႔က က်င္းပျပဳလုပ္ခဲ့သည့္ (၂၅) ႀကိမ္ေျမာက္ ႏုိင္ငံတကာ ထီဆုမ်ားေန႔၌ အဆိုပါစံုတဲြသည္ ဆုေၾကးေငြ အတိအက်အားျဖင့္ ေပါင္ (၁၀၅, ၁၀၀, ၇၀၁.၉၀) အထိ ကံထူးခဲ့ျခင္းျဖစ္ၿပီး နံပါတ္ (၈၊ ၁၀၊ ၁၅၊ ၃၀၊ ၄၂) မ်ားနဲ႔ ကံထူးခဲ့ျခင္းျဖစ္ပါတယ္။

ယခုကဲ့သို႔ ကံထူးခဲ့ျခင္းေၾကာင့္ အဆိုပါစံုတဲြသည္ အဆိုေတာ္ Cheryl နဲ႔ ေဘာလံုးသမား ဟာရီကိန္းတို႔ထက္ ပိုမိုခ်မ္းသာၾကြယ္ဝသြားခဲ့ၿပီျဖစ္ပါတယ္။ ၿပီးခဲ့သည့္ ႏွစ္သစ္ကူးေန႔၌လည္း ေျမာက္အိုင္ယာလန္မွ Patrick နဲ႔ Frances Connolly တို႔ ႏွစ္ဦးက ေပါင္ (၁၁၄.၉) သန္းကံထူးခဲ့ၿပီး ၿပီးခဲ့သည့္မတ္လ၌ ေပါင္ (၇၁) သန္း၊ ၿပီးခဲ့သည့္ ဧၿပီလ၌ ေပါင္ (၃၈.၂) သန္း ကံထူးရွင္မ်ားလည္း ထြက္ေပၚခဲ့ေၾကာင္း သိရွိရပါတယ္။

ဒါ့အျပင္ ၿပီးခဲ့သည့္ဇြန္လအတြင္း၌လည္း အမည္မေဖာ္လိုသည့္ ကံထူးရွင္တစ္ဦးက ေပါင္ (၁၂၃) သန္းအထိ ကံထူးခဲ့ၿပီး ၿပီးခဲ့သည့္ႏွစ္ ေအာက္တိုဘာလအတြင္း၌ အမည္မေဖာ္လိုသည့္ ကံထူးရွင္က ေပါင္သန္း (၁၇၀) အထိ ကံထူးခဲ့ပါတယ္။ အဆိုပါကံထူးရွင္မတိုင္ခင္က ဆုေၾကးေငြအမ်ားဆံုး ကံထူးရွင္အျဖစ္ UK မွ Colin နဲ႔ Weir တို႔ျဖစ္ၾကၿပီး ၿပီးခဲ့သည့္ (၂၀၁၁) ခုႏွစ္ ဇူလိုင္လက ေပါင္ (၁၆၁) သန္းအထိ ကံထူးခဲ့ျခင္းျဖစ္ပါတယ္။

- Advertisement -

<Zawgyi Version>

- Advertisement -

 

Chichester ဒေသမှ စုံတွဲတစ်တွဲသည် သူတို့ရဲ့ဘဝကို အပြောင်းအလဲဖြစ်စေနိုင်သည့် ထီဆုကြီးတစ်ဆုကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါစုံတွဲသည် ဆုကြေးငွေ ပေါင် (၁၀၅) သန်းအထိ ကံထူးခဲ့ခြင်းဖြစ်ပြီး အဆိုပါသတင်းကို ယမန်နေ့ နံနက်ခင်းပိုင်း၌ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် (၂၅) ကြိမ်မြောက် နိုင်ငံတကာ ထီဆုများနေ့၌ အဆိုပါစုံတွဲသည် ဆုကြေးငွေ အတိအကျအားဖြင့် ပေါင် (၁၀၅, ၁၀၀, ၇၀၁.၉၀) အထိ ကံထူးခဲ့ခြင်းဖြစ်ပြီး နံပါတ် (၈၊ ၁၀၊ ၁၅၊ ၃၀၊ ၄၂) များနဲ့ ကံထူးခဲ့ခြင်းဖြစ်ပါတယ်။

ယခုကဲ့သို့ ကံထူးခဲ့ခြင်းကြောင့် အဆိုပါစုံတွဲသည် အဆိုတော် Cheryl နဲ့ ဘောလုံးသမား ဟာရီကိန်းတို့ထက် ပိုမိုချမ်းသာကြွယ်ဝသွားခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့သည့် နှစ်သစ်ကူးနေ့၌လည်း မြောက်အိုင်ယာလန်မှ Patrick နဲ့ Frances Connolly တို့ နှစ်ဦးက ပေါင် (၁၁၄.၉) သန်းကံထူးခဲ့ပြီး ပြီးခဲ့သည့်မတ်လ၌ ပေါင် (၇၁) သန်း၊ ပြီးခဲ့သည့် ဧပြီလ၌ ပေါင် (၃၈.၂) သန်း ကံထူးရှင်များလည်း ထွက်ပေါ်ခဲ့ကြောင်း သိရှိရပါတယ်။

ဒါ့အပြင် ပြီးခဲ့သည့်ဇွန်လအတွင်း၌လည်း အမည်မဖော်လိုသည့် ကံထူးရှင်တစ်ဦးက ပေါင် (၁၂၃) သန်းအထိ ကံထူးခဲ့ပြီး ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်း၌ အမည်မဖော်လိုသည့် ကံထူးရှင်က ပေါင်သန်း (၁၇၀) အထိ ကံထူးခဲ့ပါတယ်။ အဆိုပါကံထူးရှင်မတိုင်ခင်က ဆုကြေးငွေအများဆုံး ကံထူးရှင်အဖြစ် UK မှ Colin နဲ့ Weir တို့ဖြစ်ကြပြီး ပြီးခဲ့သည့် (၂၀၁၁) ခုနှစ် ဇူလိုင်လက ပေါင် (၁၆၁) သန်းအထိ ကံထူးခဲ့ခြင်းဖြစ်ပါတယ်။

 

<Unicode Version>

Source ~ Mirror News

#HM(Soshwe)

- Advertisement -

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

5 × 1 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...