HomeOtherသမၼတ Donald Trump ရဲ႕ လုပ္ရပ္မ်ားကို မေက်နပ္၍ ေရြးေကာက္ပဲြဝင္ရန္ ဆံုးျဖတ္လိုက္သည့္ ၿမိဳ႕ေတာ္ဝန္ေဟာင္း။

သမၼတ Donald Trump ရဲ႕ လုပ္ရပ္မ်ားကို မေက်နပ္၍ ေရြးေကာက္ပဲြဝင္ရန္ ဆံုးျဖတ္လိုက္သည့္ ၿမိဳ႕ေတာ္ဝန္ေဟာင္း။

- Advertisement -

Michael Bloomberg ဟု အမည္ရသည့္ နယူးေယာ့ခ္ၿမိဳ႕ရဲ႕ ၿမိဳ႕ေတာ္ဝန္ေဟာင္းတစ္ေယာက္သည္ လာမည့္ႏွစ္၌ က်င္းပမည့္ ေရြးေကာက္ပဲြ၌ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ဆံုးျဖတ္လိုက္ၿပီျဖစ္ေၾကာင္း အတည္ျပဳ  ေျပာၾကားခ့ဲပါတယ္။ အသက္ (၇၇) ႏွစ္အရြယ္ရွိၿပီျဖစ္သူ အဆိုပါ ဘီလ်ံနာသူေဌးႀကီးသည္ သမၼတအိမ္ျဖဴေတာ္သို႔ သြားေရာက္မည္မဟုတ္ေၾကာင္း ၿပီးခဲ့သည့္ မတ္လက ေျပာၾကားထားေပမယ့္ လက္ရွိအခ်ိန္၌ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ရဲ႕ လုပ္ရပ္မ်ားကို မႏွစ္ၿမိဳ႕ျခင္းေၾကာင့္ သမၼတအျဖစ္  ေရြးေကာက္ခံသြားမည္ျဖစ္ေၾကာင္း သူ႔ရဲ႕ဆံုးျဖတ္ခ်က္ကို ျပန္လည္ျပင္ဆင္ခဲ့ျခင္းလည္းျဖစ္ပါတယ္။

- Advertisement -

Bloomberg သည္ အေမရိကန္ႏိုင္ငံရဲ႕ အခ်မ္းသာဆံုးပုဂၢိဳလ္မ်ားထဲမွ တစ္ေယာက္အပါအဝင္လည္းျဖစ္ၿပီး “ကြ်န္ေတာ္တို႔ ေနာက္ထပ္ (၄) ႏွစ္ေလာက္ ေဒၚနယ္ထရမ့္ရဲ႕ အေလးမထားတတ္တဲ့လုပ္ရပ္၊ က်င့္ဝတ္မရွိတဲ့ လုပ္ရပ္ေတြကို သည္းခံႏိုင္မွာ မဟုတ္ပါဘူး။ သူက ကြ်န္ေတာ္တုိ႔ တိုင္းျပည္နဲ႔ တိုင္းျပည္ရဲ႕ တန္ဖိုးကို ထိခိုက္ေစတဲ့သူျဖစ္ၿပီး သူသာ ေနာက္ထပ္ သမၼတသက္တမ္းမွာ ထပ္ၿပီးအႏိုင္ရခ့ဲမယ္ဆိုရင္ ကြ်န္ေတာ္တို႔ နာလန္ျပန္ထူႏုိင္ေတာ့မွာ မဟုတ္ပါဘူး။” ဟု Bloomberg က ဆုိပါတယ္။

- Advertisement -

- Advertisement -

Bloomberg သည္ ေဒၚလာ (၅၃.၄) ဘီလ်ံအထိ ခ်မ္းသာၾကြယ္ဝသည့္ ပုဂၢိဳလ္တစ္ဦးျဖစ္ၿပီး Bloomberg က “စီးပြားေရး၊ အုပ္ခ်ဳပ္ေရး၊ ပရဟိတလုပ္ငန္းေတြနဲ႔ ပတ္သက္တဲ့ ကြ်န္ေတာ့္ရဲ႕ အေတြ႕အႀကံဳေတြက ဒီေရြးေကာက္ပဲြမွာ အႏုိင္ရရွိေအာင္ ကူညီေပးႏိုင္ပါလိမ့္မယ္။ ကြ်န္ေတာ္သာ သမၼတျဖစ္ခဲ့ရင္ ကြ်န္ေတာ္တို႔ တိုင္းျပည္ရဲ႕ ပ်က္စီးေနတဲ့အရာေတြကို ျပန္လည္ျပင္ဆင္ႏုိင္တဲ့ အရည္အခ်င္းမ်ိဳး ကၽြန္ေတာ့္မွာရွိပါတယ္။ တိုင္းျပည္က အမ်ားႀကီး ပ်က္စီးေနတာပါ။” ဟုလည္း ထပ္ေလာင္းေျပာၾကားခဲ့ပါေသးတယ္။

အေမရိကန္ႏုိင္ငံ၌ စီးပြားေရး၊ က်န္းမာေရးစနစ္မ်ားသည္ အေမရိကန္ျပည္သူမ်ားအေပၚ အျပည့္အဝ ကာကြယ္မႈမေပးထားေၾကာင္း Bloomberg က ယူဆထားၿပီး လက္နက္ကိုင္အၾကမ္းဖက္သမားမ်ားရဲ႕  ေဘးအႏၱရာယ္၊ ခိုးဝင္ဒုကၡသည္ကိစၥနဲ႔ ရာသီဥတုေဖာက္ျပန္မႈ ကိစၥရပ္မ်ားေၾကာင့္ ေဝဖန္ခံေနရမႈမ်ားအေပၚ Bloomberg က ျပင္ဆင္ႏုိင္မည္ဟု သူ႔ကိုယ္သူ ယံုၾကည္ထားပါတယ္။

<Zawgyi Version>

 

Michael Bloomberg ဟု အမည်ရသည့် နယူးယော့ခ်မြို့ရဲ့ မြို့တော်ဝန်ဟောင်းတစ်ယောက်သည် လာမည့်နှစ်၌ ကျင်းပမည့် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း အတည်ပြု  ပြောကြားခဲ့ပါတယ်။ အသက် (၇၇) နှစ်အရွယ်ရှိပြီဖြစ်သူ အဆိုပါ ဘီလျံနာသူဌေးကြီးသည် သမ္မတအိမ်ဖြူတော်သို့ သွားရောက်မည်မဟုတ်ကြောင်း ပြီးခဲ့သည့် မတ်လက ပြောကြားထားပေမယ့် လက်ရှိအချိန်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လုပ်ရပ်များကို မနှစ်မြို့ခြင်းကြောင့် သမ္မတအဖြစ်  ရွေးကောက်ခံသွားမည်ဖြစ်ကြောင်း သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

Bloomberg သည် အမေရိကန်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်များထဲမှ တစ်ယောက်အပါအဝင်လည်းဖြစ်ပြီး “ကျွန်တော်တို့ နောက်ထပ် (၄) နှစ်လောက် ဒေါ်နယ်ထရမ့်ရဲ့ အလေးမထားတတ်တဲ့လုပ်ရပ်၊ ကျင့်ဝတ်မရှိတဲ့ လုပ်ရပ်တွေကို သည်းခံနိုင်မှာ မဟုတ်ပါဘူး။ သူက ကျွန်တော်တို့ တိုင်းပြည်နဲ့ တိုင်းပြည်ရဲ့ တန်ဖိုးကို ထိခိုက်စေတဲ့သူဖြစ်ပြီး သူသာ နောက်ထပ် သမ္မတသက်တမ်းမှာ ထပ်ပြီးအနိုင်ရခဲ့မယ်ဆိုရင် ကျွန်တော်တို့ နာလန်ပြန်ထူနိုင်တော့မှာ မဟုတ်ပါဘူး။” ဟု Bloomberg က ဆိုပါတယ်။

Bloomberg သည် ဒေါ်လာ (၅၃.၄) ဘီလျံအထိ ချမ်းသာကြွယ်ဝသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး Bloomberg က “စီးပွားရေး၊ အုပ်ချုပ်ရေး၊ ပရဟိတလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ အတွေ့အကြုံတွေက ဒီရွေးကောက်ပွဲမှာ အနိုင်ရရှိအောင် ကူညီပေးနိုင်ပါလိမ့်မယ်။ ကျွန်တော်သာ သမ္မတဖြစ်ခဲ့ရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပျက်စီးနေတဲ့အရာတွေကို ပြန်လည်ပြင်ဆင်နိုင်တဲ့ အရည်အချင်းမျိုး ကျွန်တော့်မှာရှိပါတယ်။ တိုင်းပြည်က အများကြီး ပျက်စီးနေတာပါ။” ဟုလည်း ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

အမေရိကန်နိုင်ငံ၌ စီးပွားရေး၊ ကျန်းမာရေးစနစ်များသည် အမေရိကန်ပြည်သူများအပေါ် အပြည့်အဝ ကာကွယ်မှုမပေးထားကြောင်း Bloomberg က ယူဆထားပြီး လက်နက်ကိုင်အကြမ်းဖက်သမားများရဲ့  ဘေးအန္တရာယ်၊ ခိုးဝင်ဒုက္ခသည်ကိစ္စနဲ့ ရာသီဥတုဖောက်ပြန်မှု ကိစ္စရပ်များကြောင့် ဝေဖန်ခံနေရမှုများအပေါ် Bloomberg က ပြင်ဆင်နိုင်မည်ဟု သူ့ကိုယ်သူ ယုံကြည်ထားပါတယ်။

<Unicode Version>

 

Source ~ Sky News

#HM(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read