HomeEntertainmentေပါ့ပ္အဆိုေတာ္မေလး Taylor Swift ရဲ႕ သမိုင္းဝင္ညတစ္ည။

ေပါ့ပ္အဆိုေတာ္မေလး Taylor Swift ရဲ႕ သမိုင္းဝင္ညတစ္ည။

- Advertisement -

ၿပီးခဲ့သည့္တနဂၤေႏြေန႔က က်င္းပျပဳလုပ္ခဲ့သည့္ American Music Awards ၌ ေတးသီခ်င္းမ်ားျဖင့္ တက္ေရာက္ေဖ်ာ္ေျဖခဲ့သည့္ Taylor Swift သည္ သမိုင္းတစ္ေလွ်ာက္ အဆိုပါဆုကို အမ်ားဆံုးဆြတ္ခူးႏုိင္သည့္ အႏုပညာရွင္တစ္ေယာက္အျဖစ္လည္း မွတ္တမ္းဝင္သြားခဲ့ပါတယ္။ Taylor Swift သည္ လက္ရွိ အခ်ိ္န္၌ သူမရဲ႕သီခ်င္းမ်ားကို မူပုိင္ခြင့္ရရွိထားသည့္ Big Machine Label Group နဲ႔ မူပိုင္ခြင့္ျပႆနာမ်ားျဖစ္ပြားေနေပမယ့္ ယခုပဲြ၌မူ ပရိသတ္မ်ားကို အေကာင္းဆံုး သီဆိုေဖ်ာ္ေျဖသြားႏိုင္ခဲ့ပါတယ္။

- Advertisement -

Taylor အေနနဲ႔ သူမရဲ႕ နာမည္ေက်ာ္သီခ်င္းမ်ားျဖစ္သည့္ “Love Story” “I Knew You Were Trouble” “Blank Space” သီခ်င္းတုိ႔ကို ထပ္မံေဖ်ာ္ေျဖခြင့္မရရွိေတာ့ေပမယ့္ ယခုဆုေပးပဲြအခမ္းအနား၌ “Shake It Off” သီခ်င္းကို Halsey ၊ Camila Cabello တို႔နဲ႔ အတူတကြ ေဖ်ာ္ေျဖခဲ့သလို “Lover” သီခ်င္းကိုလည္း အကပညာရွင္ Misty Copeland နဲ႔အတူ အေကာင္းဆံုး ေဖ်ာ္ေျဖခဲ့ပါတယ္။

- Advertisement -

Taylor အေနနဲ႔ ယခုဆုေပးပဲြ၌ ဆယ္စုႏွစ္တစ္ခုစာ အေကာင္းဆံုး အႏုပညာရွင္ဆုကို ရရွိခဲ့ၿပီး အေမရိကန္ႏုိင္ငံရဲ႕ နာမည္ေက်ာ္အဆိုေတာ္ႀကီးတစ္ဦးျဖစ္သည့္ Carole King က Taylor ကို ဆုခ်ီးျမွင့္ခဲ့ပါတယ္။ အဆုိပါခံစားခ်က္နဲ႔ ပတ္သက္၍လည္း Taylor က “Carole King က ကြ်န္မကို ဒီဆုေပးခဲ့တယ္ဆိုတာ ကြ်န္မ ယံုေတာင္မယံုၾကည္ႏုိင္ပါဘူး။ ကြ်န္မ မိဘေတြလည္း ဒီညမွာ ဒီအခမ္းအနားကို တက္ေရာက္ခဲ့ၾကပါတယ္။” ဟု ဆိုခဲ့ပါတယ္။

- Advertisement -

Taylor Swift အေနနဲ႔ အဆိုပါ ဆုေပးပဲြအခမ္းအနား၌ တစ္ႏွစ္တာ အေကာင္းဆံုး အႏုပညာရွင္ဆုကိုလည္း ဆြတ္ခူးရရွိခဲ့ၿပီး AMA သမိုင္းတစ္ေလွ်ာက္ ဆုေပါင္း (၂၆) ဆု နဲ႔ ဆုအေရအတြက္အမ်ားဆံုး ဆြတ္ခူးႏုိင္သည့္ အႏုပညာရွင္တစ္ေယာက္အျဖစ္လည္း မွတ္တမ္းဝင္ခဲ့ပါတယ္။ အဆုိပါ ဆုေပးပဲြအခမ္းအနား၌  ေနာက္ဆံုးအေနျဖင့္ Taylor က “ၿပီးခဲ့တဲ့ တစ္ႏွစ္က ကြ်န္မအတြက္ အေကာင္းဆံုးအခ်ိန္ေတြေရာ၊ အခက္ခဲဆံုးအခ်ိန္ေတြကိုပါ ျဖတ္သန္းခဲ့ရတာပါ။ ကြ်န္မဘဝထဲမွာ အၿမဲတမ္းရွိေနေပးတဲ့အတြက္ ပရိသတ္ေတြအားလံုးကို အရမ္းေက်းဇူးတင္ေၾကာင္း ေျပာခ်င္ပါတယ္။” ဟု ေျပာၾကားသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

<Zawgyi Version>

 

ပြီးခဲ့သည့်တနင်္ဂနွေနေ့က ကျင်းပပြုလုပ်ခဲ့သည့် American Music Awards ၌ တေးသီချင်းများဖြင့် တက်ရောက်ဖျော်ဖြေခဲ့သည့် Taylor Swift သည် သမိုင်းတစ်လျှောက် အဆိုပါဆုကို အများဆုံးဆွတ်ခူးနိုင်သည့် အနုပညာရှင်တစ်ယောက်အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။ Taylor Swift သည် လက်ရှိ အချိ်န်၌ သူမရဲ့သီချင်းများကို မူပိုင်ခွင့်ရရှိထားသည့် Big Machine Label Group နဲ့ မူပိုင်ခွင့်ပြဿနာများဖြစ်ပွားနေပေမယ့် ယခုပွဲ၌မူ ပရိသတ်များကို အကောင်းဆုံး သီဆိုဖျော်ဖြေသွားနိုင်ခဲ့ပါတယ်။

Taylor အနေနဲ့ သူမရဲ့ နာမည်ကျော်သီချင်းများဖြစ်သည့် “Love Story” “I Knew You Were Trouble” “Blank Space” သီချင်းတို့ကို ထပ်မံဖျော်ဖြေခွင့်မရရှိတော့ပေမယ့် ယခုဆုပေးပွဲအခမ်းအနား၌ “Shake It Off” သီချင်းကို Halsey ၊ Camila Cabello တို့နဲ့ အတူတကွ ဖျော်ဖြေခဲ့သလို “Lover” သီချင်းကိုလည်း အကပညာရှင် Misty Copeland နဲ့အတူ အကောင်းဆုံး ဖျော်ဖြေခဲ့ပါတယ်။

Taylor အနေနဲ့ ယခုဆုပေးပွဲ၌ ဆယ်စုနှစ်တစ်ခုစာ အကောင်းဆုံး အနုပညာရှင်ဆုကို ရရှိခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ နာမည်ကျော်အဆိုတော်ကြီးတစ်ဦးဖြစ်သည့် Carole King က Taylor ကို ဆုချီးမြှင့်ခဲ့ပါတယ်။ အဆိုပါခံစားချက်နဲ့ ပတ်သက်၍လည်း Taylor က “Carole King က ကျွန်မကို ဒီဆုပေးခဲ့တယ်ဆိုတာ ကျွန်မ ယုံတောင်မယုံကြည်နိုင်ပါဘူး။ ကျွန်မ မိဘတွေလည်း ဒီညမှာ ဒီအခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။” ဟု ဆိုခဲ့ပါတယ်။

Taylor Swift အနေနဲ့ အဆိုပါ ဆုပေးပွဲအခမ်းအနား၌ တစ်နှစ်တာ အကောင်းဆုံး အနုပညာရှင်ဆုကိုလည်း ဆွတ်ခူးရရှိခဲ့ပြီး AMA သမိုင်းတစ်လျှောက် ဆုပေါင်း (၂၆) ဆု နဲ့ ဆုအရေအတွက်အများဆုံး ဆွတ်ခူးနိုင်သည့် အနုပညာရှင်တစ်ယောက်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ အဆိုပါ ဆုပေးပွဲအခမ်းအနား၌  နောက်ဆုံးအနေဖြင့် Taylor က “ပြီးခဲ့တဲ့ တစ်နှစ်က ကျွန်မအတွက် အကောင်းဆုံးအချိန်တွေရော၊ အခက်ခဲဆုံးအချိန်တွေကိုပါ ဖြတ်သန်းခဲ့ရတာပါ။ ကျွန်မဘဝထဲမှာ အမြဲတမ်းရှိနေပေးတဲ့အတွက် ပရိသတ်တွေအားလုံးကို အရမ်းကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။” ဟု ပြောကြားသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

<Unicode Version>

 

Source ~ CNN News

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read