HomeEntertainmentစံချိန်တင်ဝင်ငွေများရရှိနေသည့် “Frozen 2” ဇာတ်ကား။

စံချိန်တင်ဝင်ငွေများရရှိနေသည့် “Frozen 2” ဇာတ်ကား။

- Advertisement -



- Advertisement -


- Advertisement -

<Zawgyi Version>

- Advertisement -

 

Disney ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ခဲ့သည့် “Frozen 2” ဇာတ်ကားသည် စတင်ရုံတင်ခဲ့သည့် ရက်သတ္တပတ်၌ပင် ဒေါ်လာ (၁၂၇) သန်းနီးပါးအထိ ဝင်ငွေရရှိခဲ့ပါတယ်။ Disney မှ ယခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ဇာတ်ကား (၅) ကားသည် Box Office ၌ ဝင်ငွေဒေါ်လာ (၁) ဘီလျံကို ကျော်လွန်ခဲ့ပြီး ယခု “Frozen 2” ဇာတ်ကားသည်လည်း ဝင်ငွေ (၁) ဘီလျံကို ကျော်လွန်နိုင်ရန် နီးစပ်နေပြီဖြစ်ပါတယ်။

ဒါ့အပြင် “Frozen 2” ဇာတ်ကားသည် ရုံစတင်သည့်နေ့မှစ၍ (၅) ရက်အတွင်း၌ပင် ဒေါ်လာ (၉၃) သန်းအထိ ဝင်ငွေရရှိခဲ့ပြီး လက်ရှိအချိန်၌ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဝင်ငွေ ဒေါ်လာသန်းပေါင်း (၃၅၀) အထိ ရရှိထားပြီးဖြစ်ပါတယ်။ “Frozen 2” ဇာတ်ကားသည် ပြီးခဲ့သည့် (၂၀၁၃) ခုနှစ်က ရုံတင်ပြသခဲ့သည့် “Frozen” ဇာတ်ကားရဲ့ နောက်ဆက်တွဲဇာတ်ကားတစ်ကားဖြစ်ပြီး အဆိုပါဇာတ်ကားနဲ့ ယခုဇာတ်ကားအကြား ကွာဟချိန်က (၆) နှစ်အထိ ကြာမြင့်ခဲ့ပေမယ့် “Frozen 2” ဇာတ်ကားက ယခုကဲ့သို့ ကမ္ဘာအနှံ့၌  အောင်ပွဲခံနေခြင်းဖြစ်ပါတယ်။

ဒါ့အပြင် ယခု (၂၀၁၉) ခုနှစ် မကုန်ခင် နောက်ဆုံးတစ်လသာ ကျန်ရှိတော့ချိန်၌လည်း “Cats”  “Jumanji: The Next Level”  “Star Wars: The Rise of Skywalker” တို့ကဲ့သို့ ဇာတ်ကားကောင်းများ ထပ်မံရုံတင်လာဖွယ်ရှိပြီး ပရိသတ်များအတွက် ဇာတ်ကားကောင်းများကို တစ်ပတ်ပြီးတစ်ပတ် ကြည့်ရှုခံစားရတော့မှာလည်းဖြစ်ပါတယ်။

<Unicode Version>

 

Source ~ CNN News

#HM(1209Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

Must Read