HomeSportရိုးမားၾကယ္ပြင့္အတြက္ ေပါင္ (၅၂) သန္းအထိ ေပးေခ်ရန္ ျပင္ဆင္ထားသည့္ ယူႏုိက္တက္အသင္း။

ရိုးမားၾကယ္ပြင့္အတြက္ ေပါင္ (၅၂) သန္းအထိ ေပးေခ်ရန္ ျပင္ဆင္ထားသည့္ ယူႏုိက္တက္အသင္း။

- Advertisement -

ယူႏုိက္တက္အသင္းသည္ အီတလီ စီးရီးေအကလပ္ ရိုးမားအသင္းရဲ႕ ကြင္းလယ္ၾကယ္ပြင့္ ကစားသမား ဇာနီယိုလိုအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ (၅၂) သန္း ေပးေခ်ရန္အတြက္ ကစားသမားရဲ႕ မိခင္အသင္းထံ ကမ္းလွမ္းထားေၾကာင္း သိရွိရပါတယ္။ အဆုိပါ ကစားသမားသည္ လက္ရွိေဘာလံုးရာသီ ရိုးမားအသင္းအတြက္ ပါဝင္ကစားေပးထားသည့္ ေနာက္ဆံုး လိဂ္ပဲြ (၄) ပဲြ၌ သြင္းဂိုး (၃) ဂိုးသြင္းယူေပးထားႏုိင္သည့္ ကစားသမား တစ္ေယာက္ျဖစ္ပါတယ္။

ဒါ့အျပင္ ယူႏိုက္တက္အသင္းအေနနဲ႔ ရိုးမားအသင္းထံ အငွားခ်ထားသည့္ ေနာက္ခံလူ စေမာလင္းကိုလည္း ယခု အေျပာင္းအေရႊ႕၌ တစ္စိတ္တစ္ပိုင္းအျဖစ္ ထည့္သြင္းအသံုးျပဳသြားရန္ ျပင္ဆင္ေနၿပီး အသက္ (၂၀) အရြယ္ ဇာနီယိုလိုကို ေခၚယူရန္အတြက္ အျခားေသာထိပ္တန္းအသင္းမ်ားနဲ႔ အၿပိဳင္အဆိုင္ စိတ္ဝင္စားလ်က္ ရွိပါတယ္။ ယူႏိုက္တက္အသင္းထံမွ အငွားေခၚယူထားသည့္ စေမာလင္းကို အၿပီးသတ္ေခၚယူရန္ ရုိးမားအသင္းက စိတ္ဝင္စားေနၿပီး ယူႏုိ္က္တက္အသင္းကလည္း အဆိုပါအခ်က္ကို အသံုးခ်ကာ ဇာနီယိုိလိုကို အရေခၚယူႏိုင္ရန္ ျပင္ဆင္ေနပါတယ္။

- Advertisement -

ဇာနီယိုလိုကုိ ေခၚယူရန္အတြက္ PSG အသင္းအပါအဝင္ ဥေရာပရဲ႕ ထိပ္တန္းအသင္းႀကီးအမ်ားအျပားက စိတ္ဝင္စားေနၾကၿပီး ပရီးမီးယားလိဂ္ ကလပ္အသင္းတစ္သင္းျဖစ္သည့္ အာဆင္နယ္အသင္းကလည္း ဇာနီယိုလိုကို ေခၚယူရန္ စိတ္ဝင္စားခဲ့ဖူးပါတယ္။ ဇာနီယိုိလိုသည္ အီတလီလက္ေရြးစင္အသင္းအတြက္လည္း  ေရြးခ်ယ္ခံေနရသည့္ ကစားသမားတစ္ဦးျဖစ္ၿပီး လက္ေရြးစင္အသင္းႀကီးအတြက္ (၅) ပဲြကစား၊ (၂) ဂိုး သြင္းယူေပးထားႏုိင္ခဲ့ပါတယ္။

- Advertisement -

<Zawgyi Version>

- Advertisement -

 

ယူနိုက်တက်အသင်းသည် အီတလီ စီးရီးအေကလပ် ရိုးမားအသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ကစားသမား ဇာနီယိုလိုအတွက် ပြောင်းရွှေ့ကြေး ပေါင် (၅၂) သန်း ပေးချေရန်အတွက် ကစားသမားရဲ့ မိခင်အသင်းထံ ကမ်းလှမ်းထားကြောင်း သိရှိရပါတယ်။ အဆိုပါ ကစားသမားသည် လက်ရှိဘောလုံးရာသီ ရိုးမားအသင်းအတွက် ပါဝင်ကစားပေးထားသည့် နောက်ဆုံး လိဂ်ပွဲ (၄) ပွဲ၌ သွင်းဂိုး (၃) ဂိုးသွင်းယူပေးထားနိုင်သည့် ကစားသမား တစ်ယောက်ဖြစ်ပါတယ်။

ဒါ့အပြင် ယူနိုက်တက်အသင်းအနေနဲ့ ရိုးမားအသင်းထံ အငှားချထားသည့် နောက်ခံလူ စမောလင်းကိုလည်း ယခု အပြောင်းအရွှေ့၌ တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်သွင်းအသုံးပြုသွားရန် ပြင်ဆင်နေပြီး အသက် (၂၀) အရွယ် ဇာနီယိုလိုကို ခေါ်ယူရန်အတွက် အခြားသောထိပ်တန်းအသင်းများနဲ့ အပြိုင်အဆိုင် စိတ်ဝင်စားလျက် ရှိပါတယ်။ ယူနိုက်တက်အသင်းထံမှ အငှားခေါ်ယူထားသည့် စမောလင်းကို အပြီးသတ်ခေါ်ယူရန် ရိုးမားအသင်းက စိတ်ဝင်စားနေပြီး ယူနို်က်တက်အသင်းကလည်း အဆိုပါအချက်ကို အသုံးချကာ ဇာနီယိိုလိုကို အရခေါ်ယူနိုင်ရန် ပြင်ဆင်နေပါတယ်။

ဇာနီယိုလိုကို ခေါ်ယူရန်အတွက် PSG အသင်းအပါအဝင် ဥရောပရဲ့ ထိပ်တန်းအသင်းကြီးအများအပြားက စိတ်ဝင်စားနေကြပြီး ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းဖြစ်သည့် အာဆင်နယ်အသင်းကလည်း ဇာနီယိုလိုကို ခေါ်ယူရန် စိတ်ဝင်စားခဲ့ဖူးပါတယ်။ ဇာနီယိိုလိုသည် အီတလီလက်ရွေးစင်အသင်းအတွက်လည်း  ရွေးချယ်ခံနေရသည့် ကစားသမားတစ်ဦးဖြစ်ပြီး လက်ရွေးစင်အသင်းကြီးအတွက် (၅) ပွဲကစား၊ (၂) ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

<Unicode Version>

 

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

Must Read