HomeSportယခုတစ္ပတ္ ပရီးမီးယားလိဂ္ပဲြစဥ္မ်ားမွ ေျပာစရာျဖစ္ခဲ့သည့္ အခ်က္ (၅) ခ်က္။

ယခုတစ္ပတ္ ပရီးမီးယားလိဂ္ပဲြစဥ္မ်ားမွ ေျပာစရာျဖစ္ခဲ့သည့္ အခ်က္ (၅) ခ်က္။

- Advertisement -

ၿပီးခဲ့သည့္ စေနေန႔နဲ႔ တနဂၤေႏြေန႔က ကစားခဲ့သည့္ ပရီးမီးယားလိဂ္ပဲြစဥ္မ်ားသည္  ေမာ္ရင္ဟိုျပန္လာျခင္းနဲ႔အတူ ပံုမွန္ထက္ပိုမိုစိတ္ဝင္စားဖြယ္ေကာင္းခဲ့ၿပီး မန္စီးတီးအသင္းမွလဲြ၍ က်န္သည့္ အိမ္ရွင္အသင္းမ်ားအားလံုး ႏိုင္ပဲြေပ်ာက္ဆံုးခဲ့ပါတယ္။ သုိ႔ျဖစ္ရာ ယခုတစ္ပတ္ရဲ႕ ပရီးမီးယားလိဂ္ပဲြစဥ္မ်ားမွ ေျပာစရာျဖစ္ခဲ့သည့္ အခ်က္ (၅) ခ်က္ကို ေဖာ္ျပေပးလိုက္ရပါတယ္။

 

၁။ စပါယ္ရွယ္ဝမ္းျပန္လာျခင္း။

- Advertisement -

- Advertisement -

ၿပီးခဲ့သည့္ (၂၀၁၈) ခုႏွစ္ ဒီဇင္ဘာလ၌ ယူႏုိက္တက္နည္းျပ ရာထူးမွ အထုတ္ပယ္ခံရၿပီးေနာက္ပိုင္း အသင္းလက္မဲ့ျဖစ္ေနသည့္ ေမာ္ရင္ဟိုသည္ စပါးအသင္းရဲ႕ နည္းျပျဖစ္လာခဲ့ၿပီး အသင္းနဲ႔ ပထမဆံုးပဲြ၌ပင္ အႏိုင္ရလဒ္ရရွိေအာင္ စြမ္းေဆာင္ႏုိင္ခဲ့ျခင္းေၾကာင့္ အဖြင့္မ်က္ႏွာပန္းလွခဲ့ရပါတယ္။ ဝက္စ္ဟမ္းအသင္းကို အေဝးကြင္း၌ ၂-၃ ဂုိးျဖင့္ အႏုိင္ရရွိခဲ့သည့္ စပါးအသင္းအတြက္ ယခုႏိုင္ပဲြက ၿပီးခဲ့သည့္ ဇန္နဝါရီလေနာက္ပိုင္း ပထမဆံုး အေဝးကြင္းႏုိင္ပြဲလည္းျဖစ္ပါတယ္။

 

၂။ အူႏိုင္းအမ္မရီ၊ ဆိုးလ္ရွားတို႔အတြက္ ဖိအားပိုမိုမ်ားျပားလာခဲ့ျခင္း။

စေနေန႔က ကစားခဲ့သည့္ ေဆာက္သမ္တန္အသင္းနဲ႔ အိမ္ကြင္းပဲြစဥ္၌ လာကာဇက္ရဲ႕ေနာက္က်ဂိုးေၾကာင့္သာ ႏွစ္ဂိုးစီသေရရလဒ္ ရယူႏုိင္ခဲ့သည့္ အာဆင္နယ္အသင္းရဲ႕ နည္းျပ အူႏိုင္းအမ္မရီကလည္း ပံုမွန္ထက္ ဖိအားပိုမိုမ်ားျပားလာခဲ့ပါတယ္။ ဒါ့အျပင္ ယူႏိုက္တက္အသင္းကလည္း တနဂၤေႏြေန႔က ရွက္ဖီးယူႏုိက္တက္အသင္းနဲ႔ပဲြမွာ ႏွစ္ဂိုးရံႈးေနရာမွ သံုးဂုိးျပန္လည္သြင္းယူႏိုင္ခဲ့ေပမယ့္  ေနာက္ဆံုးမိနစ္ေခ်ပဂိုးေၾကာင့္ အေဝးကြင္းမွာ ႏိုင္ပဲြေပ်ာက္ဆံုးၿပီး အဆင့္ (၅) ေနရာမွာ ရပ္တည္ႏုိင္မယ့္ အခြင့္အေရးတစ္ရပ္ကို ဆံုးရံႈးခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္လည္း အူႏိုင္းအမ္မရီနဲ႔ ဆိုးလ္ရွားတို႔ႏွစ္ေယာက္လံုးရဲ႕ အနာဂတ္ေတြက ပိုမိုစိတ္ဝင္စားဖြယ္ေကာင္းလာခဲ့ပါတယ္။

 

၃။ VAR ရဲ႕ အက်ိဳးသက္ေရာက္မႈမ်ား။

ခရစၥတယ္ပဲေလ့စ္အသင္းကို အေဝးကြင္းမွာ သြားေရာက္ရင္ဆိုင္ခဲ့သည့္ လီဗာပူးအသင္းသည္ VAR ရဲ႕ မ်က္ႏွာသာေပးျခင္းကို ခံခဲ့ရၿပီး တြမ္ကင္စ္က အိမ္ရွင္အသင္းအတြက္ အဖြင့္ဂိုးသြင္းယူေပးႏုိင္ခဲ့ေပမယ့္ VAR နဲ႔ ျပန္လည္ၾကည့္ရႈၿပီး တိုက္စစ္မွဴး ေဂ်ာ္ဒန္အယူး ျပစ္ဒဏ္ေဘာက်ဴးလြန္သည္ဟုဆိုကာ ျငင္းပယ္ခဲ့ပါတယ္။ ဒါ့အျပင္ ဒီတစ္ပတ္ရဲ႕ ပဲြႀကီးပဲြေကာင္းတစ္ပြဲျဖစ္ခဲ့သည့္ မန္စီးတီးအသင္းနဲ႔ခ်ဲလ္ဆီးအသင္းတို႔ရဲ႕ ပဲြကစားခ်ိန္  ေနာက္ဆံုးမိနစ္၌လည္း စတာလင္က ၃-၁ ဂုိးျဖစ္ေစမည့္ သြင္းဂိုးကို သြင္းယူေပးႏိုင္ခဲ့ေပမယ့္ VAR နဲ႔ စစ္ေဆးၿပီး ျပန္လည္ပယ္ဖ်က္ခဲ့ပါတယ္။ VAR ျဖင့္ သြင္းဂိုးပယ္ဖ်က္ခံရျခင္းက စတာလင္အတြက္ ပထမဆံုး အႀကိမ္ မဟုတ္ေတာ့ဘဲ ဒီကိစၥအေပၚ ကစားသမားကိုယ္တိုင္ကလည္း သူ႔ရဲ႕တြစ္တာမွတစ္ဆင့္ စိတ္ပ်က္လက္ပ်က္ျဖင့္ မွတ္ခ်က္ျပဳေျပာၾကားခဲ့ပါေသးတယ္။

- Advertisement -

 

၄။ လီဗာပူးရဲ႕ ေနာက္ထပ္ ေနာက္က်အႏုိင္ဂိုး။

ေနာက္က်သြင္းဂိုးမ်ားျဖင့္ ကံေကာင္းေနက် လီဗာပူးအသင္းသည္ ယခုတစ္ပတ္၌လည္း ခရစၥတယ္ပဲေလ့စ္အသင္းရဲ႕အိမ္ကြင္း၌ ေဖမီႏိုရဲ႕ ေနာက္က်သြင္းဂိုးျဖင့္ ႏိုင္ပဲြဆက္ခဲ့ျပန္ပါတယ္။ အက္စတြန္ဗီလာအသင္းနဲ႔အေဝးကြင္းပဲြ၌ ယခုကဲ့သို႔ ေနာက္က်သြင္းဂိုးမ်ားရရွိခဲ့သလို၊ လက္စတာအသင္းကိုလည္း အိမ္ကြင္း၌ ေနာက္က်ပင္နယ္တီသြင္းဂိုးျဖင့္ အႏိုင္ရရွိခဲ့သည့္ လီဗာပူးအသင္းသည္ ဒုတိယေနရာက လက္စတာအသင္းကို ပံုမွန္အတိုင္း (၈) မွတ္ ျဖတ္ထားႏိုင္ဆဲျဖစ္ပါတယ္။

 

၅။ ယူႏုိက္တက္ကို ဆက္လက္ဒုကၡေပးခဲ့သည့္ ရွက္ဖီးယူႏုိက္တက္။

လက္ရွိေဘာလံုးရာသီ၌ ေျခစြာေနသည့္ ရွက္ဖီးယူႏုိက္တက္အသင္းသည္ ေနာက္က်ေခ်ပဂိုးေၾကာင့္ အိမ္ကြင္း၌ သေရတစ္မွတ္ရရွိခဲ့ေပမယ့္ နာမည္ႀကီး ယူႏုိက္တက္အသင္းကို အသာစီးမွ ကစားႏိုင္ခဲ့ပါတယ္။ ခရစၥဝိုင္လ္ဒါရဲ႕ ရွက္ဖီးအသင္းသည္ ဦးေဆာင္သူ လီဗာပူးအသင္းကို အိမ္ကြင္း၌ဒု​ကၡေပးႏိုင္ခဲ့သလို အာဆင္နယ္အသင္းကိုလည္း အႏိုင္ကစားႏိုင္ခဲ့သည့္ အသင္းတစ္သင္းျဖစ္ပါတယ္။

<Zawgyi Version>

 

ပြီးခဲ့သည့် စနေနေ့နဲ့ တနင်္ဂနွေနေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်များသည်  မော်ရင်ဟိုပြန်လာခြင်းနဲ့အတူ ပုံမှန်ထက်ပိုမိုစိတ်ဝင်စားဖွယ်ကောင်းခဲ့ပြီး မန်စီးတီးအသင်းမှလွဲ၍ ကျန်သည့် အိမ်ရှင်အသင်းများအားလုံး နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။ သို့ဖြစ်ရာ ယခုတစ်ပတ်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်များမှ ပြောစရာဖြစ်ခဲ့သည့် အချက် (၅) ချက်ကို ဖော်ပြပေးလိုက်ရပါတယ်။

 

၁။ စပါယ်ရှယ်ဝမ်းပြန်လာခြင်း။

ပြီးခဲ့သည့် (၂၀၁၈) ခုနှစ် ဒီဇင်ဘာလ၌ ယူနိုက်တက်နည်းပြ ရာထူးမှ အထုတ်ပယ်ခံရပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေသည့် မော်ရင်ဟိုသည် စပါးအသင်းရဲ့ နည်းပြဖြစ်လာခဲ့ပြီး အသင်းနဲ့ ပထမဆုံးပွဲ၌ပင် အနိုင်ရလဒ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းကြောင့် အဖွင့်မျက်နှာပန်းလှခဲ့ရပါတယ်။ ဝက်စ်ဟမ်းအသင်းကို အဝေးကွင်း၌ ၂-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် စပါးအသင်းအတွက် ယခုနိုင်ပွဲက ပြီးခဲ့သည့် ဇန်နဝါရီလနောက်ပိုင်း ပထမဆုံး အဝေးကွင်းနိုင်ပွဲလည်းဖြစ်ပါတယ်။

 

၂။ အူနိုင်းအမ်မရီ၊ ဆိုးလ်ရှားတို့အတွက် ဖိအားပိုမိုများပြားလာခဲ့ခြင်း။

စနေနေ့က ကစားခဲ့သည့် ဆောက်သမ်တန်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်၌ လာကာဇက်ရဲ့နောက်ကျဂိုးကြောင့်သာ နှစ်ဂိုးစီသရေရလဒ် ရယူနိုင်ခဲ့သည့် အာဆင်နယ်အသင်းရဲ့ နည်းပြ အူနိုင်းအမ်မရီကလည်း ပုံမှန်ထက် ဖိအားပိုမိုများပြားလာခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်အသင်းကလည်း တနင်္ဂနွေနေ့က ရှက်ဖီးယူနိုက်တက်အသင်းနဲ့ပွဲမှာ နှစ်ဂိုးရှုံးနေရာမှ သုံးဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပေမယ့်  နောက်ဆုံးမိနစ်ချေပဂိုးကြောင့် အဝေးကွင်းမှာ နိုင်ပွဲပျောက်ဆုံးပြီး အဆင့် (၅) နေရာမှာ ရပ်တည်နိုင်မယ့် အခွင့်အရေးတစ်ရပ်ကို ဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း အူနိုင်းအမ်မရီနဲ့ ဆိုးလ်ရှားတို့နှစ်ယောက်လုံးရဲ့ အနာဂတ်တွေက ပိုမိုစိတ်ဝင်စားဖွယ်ကောင်းလာခဲ့ပါတယ်။

 

၃။ VAR ရဲ့ အကျိုးသက်ရောက်မှုများ။

ခရစ္စတယ်ပဲလေ့စ်အသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ခဲ့သည့် လီဗာပူးအသင်းသည် VAR ရဲ့ မျက်နှာသာပေးခြင်းကို ခံခဲ့ရပြီး တွမ်ကင်စ်က အိမ်ရှင်အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့ပေမယ့် VAR နဲ့ ပြန်လည်ကြည့်ရှုပြီး တိုက်စစ်မှူး ဂျော်ဒန်အယူး ပြစ်ဒဏ်ဘောကျူးလွန်သည်ဟုဆိုကာ ငြင်းပယ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီတစ်ပတ်ရဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည့် မန်စီးတီးအသင်းနဲ့ချဲလ်ဆီးအသင်းတို့ရဲ့ ပွဲကစားချိန်  နောက်ဆုံးမိနစ်၌လည်း စတာလင်က ၃-၁ ဂိုးဖြစ်စေမည့် သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပေမယ့် VAR နဲ့ စစ်ဆေးပြီး ပြန်လည်ပယ်ဖျက်ခဲ့ပါတယ်။ VAR ဖြင့် သွင်းဂိုးပယ်ဖျက်ခံရခြင်းက စတာလင်အတွက် ပထမဆုံး အကြိမ် မဟုတ်တော့ဘဲ ဒီကိစ္စအပေါ် ကစားသမားကိုယ်တိုင်ကလည်း သူ့ရဲ့တွစ်တာမှတစ်ဆင့် စိတ်ပျက်လက်ပျက်ဖြင့် မှတ်ချက်ပြုပြောကြားခဲ့ပါသေးတယ်။

 

၄။ လီဗာပူးရဲ့ နောက်ထပ် နောက်ကျအနိုင်ဂိုး။

နောက်ကျသွင်းဂိုးများဖြင့် ကံကောင်းနေကျ လီဗာပူးအသင်းသည် ယခုတစ်ပတ်၌လည်း ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့အိမ်ကွင်း၌ ဖေမီနိုရဲ့ နောက်ကျသွင်းဂိုးဖြင့် နိုင်ပွဲဆက်ခဲ့ပြန်ပါတယ်။ အက်စတွန်ဗီလာအသင်းနဲ့အဝေးကွင်းပွဲ၌ ယခုကဲ့သို့ နောက်ကျသွင်းဂိုးများရရှိခဲ့သလို၊ လက်စတာအသင်းကိုလည်း အိမ်ကွင်း၌ နောက်ကျပင်နယ်တီသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည့် လီဗာပူးအသင်းသည် ဒုတိယနေရာက လက်စတာအသင်းကို ပုံမှန်အတိုင်း (၈) မှတ် ဖြတ်ထားနိုင်ဆဲဖြစ်ပါတယ်။

 

၅။ ယူနိုက်တက်ကို ဆက်လက်ဒုက္ခပေးခဲ့သည့် ရှက်ဖီးယူနိုက်တက်။

လက်ရှိဘောလုံးရာသီ၌ ခြေစွာနေသည့် ရှက်ဖီးယူနိုက်တက်အသင်းသည် နောက်ကျချေပဂိုးကြောင့် အိမ်ကွင်း၌ သရေတစ်မှတ်ရရှိခဲ့ပေမယ့် နာမည်ကြီး ယူနိုက်တက်အသင်းကို အသာစီးမှ ကစားနိုင်ခဲ့ပါတယ်။ ခရစ္စဝိုင်လ်ဒါရဲ့ ရှက်ဖီးအသင်းသည် ဦးဆောင်သူ လီဗာပူးအသင်းကို အိမ်ကွင်း၌ဒုက္ခပေးနိုင်ခဲ့သလို အာဆင်နယ်အသင်းကိုလည်း အနိုင်ကစားနိုင်ခဲ့သည့် အသင်းတစ်သင်းဖြစ်ပါတယ်။

<Unicode Version>

 

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

six + 11 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...