HomeSportစီးရီးေအရဲ႕ ကြင္းလယ္ကစားသမားတစ္ဦးကို စိတ္ဝင္စားေနၾကသည့္ ယူႏိုက္တက္နဲ႔အာဆင္နယ္။

စီးရီးေအရဲ႕ ကြင္းလယ္ကစားသမားတစ္ဦးကို စိတ္ဝင္စားေနၾကသည့္ ယူႏိုက္တက္နဲ႔အာဆင္နယ္။

- Advertisement -

ယူႏိုက္တက္အသင္းနဲ႔အာဆင္နယ္အသင္းတို႔သည္ စီးရီးေအကလပ္ အတၱလန္တာအသင္းရဲ႕ ကြင္းလယ္ကစားသမား ဒီဂ်န္ကူလက္ဗ္စကီးကို ေခၚယူဖုိ႔ စိတ္ဝင္စားေနေၾကာင္း သိရွိရပါတယ္။ အသက္ (၁၉) ႏွစ္အရြယ္ အဆိုပါ ကစားသမားသည္ လက္ရွိအခ်ိန္၌ ပါးမားအသင္းကို အငွားနဲ႔သြားေရာက္ကစားေနၿပီး ယခုႏွစ္ေဘာလံုးရာသီ၌ လိဂ္ပဲြ (၁၂) ပြဲကစား (၂) ဂိုးသြင္း၊ (၅) ႀကိမ္ ဂိုးဖန္တီးမႈျပဳလုပ္ေပးထားပါတယ္။

The Sun သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ ယူႏိုက္တက္အသင္းနဲ႔အာဆင္နယ္အသင္းတို႔သည္ အတၱလန္တာအသင္းက ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၄၀) ဝန္းက်င္ ေစ်းသတ္မွတ္ထားသည့္ အဆိုပါကစားသမားကို စိတ္ဝင္စားေနၿပီး အင္တာမီလန္အသင္းကလည္း ကူလက္ဗ္စကီးကို ေခၚယူရန္ စိတ္ဝင္စားေနပါတယ္။ ယူႏုိက္တက္နည္းျပ ဆိုးလ္ရွား နဲ႔ အာဆင္နယ္နည္းျပ အူႏိုင္းအမ္မရီတို႔သည္ အဆိုပါ ဆီြဒင္ဆယ္ေက်ာ္သက္ ကစားသမားရဲ႕ လုပ္အားႏႈန္းနဲ႔ ဖန္တီးႏိုင္စြမ္းကို သေဘာက်ေနၿပီး ကူလက္ဗ္စကီးသည္ ၿပီးခဲ့သည့္ (၂၀၁၆) ခုႏွစ္၌ ဆီြဒင္ကလပ္ ဘရိုမာပိုကာနာအသင္းမွ အတၱလန္တာအသင္းသုိ႔ ေရာက္ရွိလာခဲ့သည့္ ကစားသမားတစ္ဦးျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းသည္ အသင္းရဲ႕ ကြင္းလယ္ကစားသမား ေပါ့ဘာရဲ႕ ေနရာကို ေရရွည္အစားထိုးရန္အတြက္ ဖန္တီးႏိုင္စြမ္း ျမင့္မားသည့္ ကြင္းလယ္ကစားသမားတစ္ဦးကို ရွာေဖြေနၿပီး အာဆင္နယ္အသင္းကလည္း ေတာ္ရဲရား၊ စီဘယ္လို႔စ္၊ ခ်ာကာတုိ႔နဲ႔ အဆင္မေျပျဖစ္ေနသည့္ ကြင္းလယ္ပိုင္းအတြက္ ယခုကဲ့သို႔ အရည္အေသြးျမင့္ လူငယ္ကြင္းလယ္ကစားသမားေလးကို အၿပိဳင္အဆိုင္ ေစာင့္ၾကည့္ေနၾကျခင္းျဖစ္ပါတယ္။

- Advertisement -

<Zawgyi Version>

- Advertisement -

 

ယူနိုက်တက်အသင်းနဲ့အာဆင်နယ်အသင်းတို့သည် စီးရီးအေကလပ် အတ္တလန်တာအသင်းရဲ့ ကွင်းလယ်ကစားသမား ဒီဂျန်ကူလက်ဗ်စကီးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။ အသက် (၁၉) နှစ်အရွယ် အဆိုပါ ကစားသမားသည် လက်ရှိအချိန်၌ ပါးမားအသင်းကို အငှားနဲ့သွားရောက်ကစားနေပြီး ယခုနှစ်ဘောလုံးရာသီ၌ လိဂ်ပွဲ (၁၂) ပွဲကစား (၂) ဂိုးသွင်း၊ (၅) ကြိမ် ဂိုးဖန်တီးမှုပြုလုပ်ပေးထားပါတယ်။

The Sun သတင်းစာရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းနဲ့အာဆင်နယ်အသင်းတို့သည် အတ္တလန်တာအသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း (၄၀) ဝန်းကျင် စျေးသတ်မှတ်ထားသည့် အဆိုပါကစားသမားကို စိတ်ဝင်စားနေပြီး အင်တာမီလန်အသင်းကလည်း ကူလက်ဗ်စကီးကို ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား နဲ့ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီတို့သည် အဆိုပါ ဆွီဒင်ဆယ်ကျော်သက် ကစားသမားရဲ့ လုပ်အားနှုန်းနဲ့ ဖန်တီးနိုင်စွမ်းကို သဘောကျနေပြီး ကူလက်ဗ်စကီးသည် ပြီးခဲ့သည့် (၂၀၁၆) ခုနှစ်၌ ဆွီဒင်ကလပ် ဘရိုမာပိုကာနာအသင်းမှ အတ္တလန်တာအသင်းသို့ ရောက်ရှိလာခဲ့သည့် ကစားသမားတစ်ဦးဖြစ်ပါတယ်။

ယူနိုက်တက်အသင်းသည် အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာရဲ့ နေရာကို ရေရှည်အစားထိုးရန်အတွက် ဖန်တီးနိုင်စွမ်း မြင့်မားသည့် ကွင်းလယ်ကစားသမားတစ်ဦးကို ရှာဖွေနေပြီး အာဆင်နယ်အသင်းကလည်း တော်ရဲရား၊ စီဘယ်လို့စ်၊ ချာကာတို့နဲ့ အဆင်မပြေဖြစ်နေသည့် ကွင်းလယ်ပိုင်းအတွက် ယခုကဲ့သို့ အရည်အသွေးမြင့် လူငယ်ကွင်းလယ်ကစားသမားလေးကို အပြိုင်အဆိုင် စောင့်ကြည့်နေကြခြင်းဖြစ်ပါတယ်။

<Unicode Version>

 

Source ~ Sportsmole

#HM(Soshwe)

- Advertisement -

#SoshweSport

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

fourteen − one =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...