Breaking News

ယူနိုက်တက်ဂန္တဝင်နောက်ခံလူဟောင်း ဖာဒီနန်ရဲ့ အ့ံအားသင့်ဖွယ် ဖွင့်ဟဝန်ခံမှု။

မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိလာဖူးတဲ့ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်နောက်ခံလူဟောင်းတစ်ယောက်ဖြစ်သည့် ရီယိုဖာဒီနန်ဟာ သူ့အနေနဲ့ နောက်ခံလူတစ်ယောက်အဖြစ် ကစားသမားဘဝကို မဖြတ်သန်းချင်ခဲ့ဘဲ ကွင်းလယ်ကစားသမားတစ်ယောက်သာဖြစ်ချင်ခဲ့တယ်ဟု အံ့အားသင့်ဖွယ်ရာ ဝန်ခံလာခဲ့ပါတယ်။ ဖာဒီနန်ရဲ့ နှစ်ပေါင်း (၂၀) ကျော်ကြာ ကစားသမားဘဝတစ်လျှောက် အောင်မြင်မှုများစွာရရှိခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း ပွဲပေါင်း (၈၁) ပွဲ ကစားပေးခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်း၌ ဖာဒီနန်ထက် ပွဲပိုမိုကစားထားသည့် ကစားသမားက ဘော်ဘီမိုး နဲ့ ဘီလီရိုက်တို့ပဲရှိပြီး လက်ရှိအချိန်၌ ဖာဒီနန်က အံ့အားသင့်ဖွယ်ရာ ဝန်ခံမှုတစ်ခုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ အသက် (၄၃) နှစ်အရွယ် ဖာဒီနန်က “အဲ့ဒီအချိန်က ကျွန်တော် နောက်တန်းမှာ ကစားရမယ်ဆိုတာကို မသိခဲ့ပါဘူး။ ဒါပေမယ့် ဒီအချက်ကပဲ ကျွန်တော့်ရဲ့ ကစားသမားဘဝအတွက် အကြီးမားဆုံး အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။” ဟု FourFourTwo နဲ့ အင်တာဗျူး၌ ဖြေကြားသွားခဲ့ပါတယ်။

ဆက်လက်၍လည်း ဖာဒီနန်က “အဲ့ဒီတုန်းက ကျွန်တော့် အသက် (၁၄) နှစ်ပဲရှိသေးပြီး တစ်ယောက်ယောက်က ရီယိုရေ ငါတော့မင်းကို ကွင်းလယ်မှာပေးမကစားနိုင်တော့ဘူး။ မင်းကိုငါ ဗဟိုနောက်ခံလူ နေရာမှာပဲ ကစားစေချင်တယ်ကွာလို့ ပြောလာပါတယ်။ ဗဟိုနောက်ခံလူနေရာမှာ ကစားရတာ မမိုက်ဘူးဗျ။ ဂိုးတွေသွင်းနိုင်ပြီး ကြယ်ပွင့်တစ်ယောက်ဖြစ်နိုင်တဲ့ ကွင်းလယ်နေရာမှာပဲ ကျွန်တော်က ကစားချင်တာပါ။ ဒါပေမယ့် သူတို့ကတော့ ကျွန်တော့်ကို မင်းအနေနဲ့ နောက်တန်းမှာ ကစားတာက ပိုပြီး အခွင့်အရေးကောင်းတွေ ရနိုင်တယ်လို့ ဖျောင်းဖျကြပါတယ် . . .”

“ကျွန်တော်ကတော့ နှစ်ပတ်၊ သုံးပတ်လောက် စကားမပြောဘဲ စိတ်ဆိုးနေတာပေါ့။ နောက်တော့ တကယ့်လက်တွေ့က ဘာလဲဆိုတာကို ကျွန်တော် နားလည်လာပြီး ဗဟိုနောက်ခံလူနေရာက ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝအတွက် ကြီးမားတဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။” ဟု ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ လက်ရှိအချိန်၌ ဘောလုံးသမားဘဝမှ အနားယူပြီးဖြစ်သည့် ဖာဒီနန်သည် ပြိုင်ပွဲရေးရာသုံးသပ်သူတစ်ဦးအဖြစ် ဆောင်ရွက်လျက်ရှိပါတယ်။

<Unicode Version>

 

 

ယူႏုိက္တက္ဂႏၱဝင္ေနာက္ခံလူေဟာင္း ဖာဒီနန္ရဲ႕ အ့ံအားသင့္ဖြယ္ ဖြင့္ဟဝန္ခံမႈ။

ျမန္မာႏိုင္ငံကို အလည္အပတ္ေရာက္ရွိလာဖူးတ့ဲ ယူႏုိက္တက္အသင္းရဲ႕ ဂႏၱဝင္ေနာက္ခံလူေဟာင္းတစ္ေယာက္ျဖစ္သည့္ ရီယိုဖာဒီနန္ဟာ သူ႔အေနနဲ႔ ေနာက္ခံလူတစ္ေယာက္အျဖစ္ ကစားသမားဘဝကို မျဖတ္သန္းခ်င္ခဲ့ဘဲ ကြင္းလယ္ကစားသမားတစ္ေယာက္သာျဖစ္ခ်င္ခဲ့တယ္ဟု အံ့အားသင့္ဖြယ္ရာ ဝန္ခံလာခဲ့ပါတယ္။ ဖာဒီနန္ရဲ႕ ႏွစ္ေပါင္း (၂၀) ေက်ာ္ၾကာ ကစားသမားဘဝတစ္ေလွ်ာက္  ေအာင္ျမင္မႈမ်ားစြာရရွိခ့ဲၿပီး အဂၤလန္လက္ေရြးစင္အသင္းအတြက္လည္း ပဲြေပါင္း (၈၁) ပြဲ ကစားေပးခဲ့ပါတယ္။

အဂၤလန္လက္ေရြးစင္အသင္း၌ ဖာဒီနန္ထက္ ပဲြပိုမိုကစားထားသည့္ ကစားသမားက ေဘာ္ဘီမိုး နဲ႔ ဘီလီရိုက္တို႔ပဲရွိၿပီး လက္ရွိအခ်ိန္၌ ဖာဒီနန္က အံ့အားသင့္ဖြယ္ရာ ဝန္ခံမႈတစ္ခုကို ျပဳလုပ္ခဲ့ျခင္းျဖစ္ပါတယ္။ အသက္ (၄၃) ႏွစ္အရြယ္ ဖာဒီနန္က “အဲ့ဒီအခ်ိန္က ကြ်န္ေတာ္ ေနာက္တန္းမွာ ကစားရမယ္ဆိုတာကို မသိခဲ့ပါဘူး။ ဒါေပမယ့္ ဒီအခ်က္ကပဲ ကြ်န္ေတာ့္ရဲ႕ ကစားသမားဘဝအတြက္ အႀကီးမားဆံုး အလွည့္အေျပာင္းတစ္ခုျဖစ္ခဲ့ပါတယ္။” ဟု FourFourTwo နဲ႔ အင္တာဗ်ဴး၌ ေျဖၾကားသြားခဲ့ပါတယ္။

ဆက္လက္၍လည္း ဖာဒီနန္က “အဲ့ဒီတုန္းက ကြ်န္ေတာ့္ အသက္ (၁၄) ႏွစ္ပဲရွိေသးၿပီး တစ္ေယာက္ေယာက္က ရီယိုေရ ငါေတာ့မင္းကို ကြင္းလယ္မွာ ေပးမကစားႏုိင္ေတာ့ဘူး။ မင္းကိုငါ ဗဟိုေနာက္ခံလူ ေနရာမွာပဲ ကစားေစခ်င္တယ္ကြာလို႔ ေျပာလာပါတယ္။ ဗဟိုေနာက္ခံလူေနရာမွာ ကစားရတာ မမိုက္ဘူးဗ်။ ဂိုးေတြသြင္းႏိုင္ၿပီး ၾကယ္ပြင့္တစ္ေယာက္ျဖစ္ႏုိင္တဲ့ ကြင္းလယ္ေနရာမွာပဲ ကြ်န္ေတာ္က ကစားခ်င္တာပါ။ ဒါေပမယ့္ သူတုိ႔ကေတာ့ ကၽြန္ေတာ့္ကို မင္းအေနနဲ႕ ေနာက္တန္းမွာ ကစားတာက ပိုၿပီး အခြင့္အေရးေကာင္းေတြ ရႏိုင္တယ္လို႔ ေဖ်ာင္းဖ်ၾကပါတယ္ . . .”

“ကြ်န္ေတာ္ကေတာ့ ႏွစ္ပတ္၊ သံုးပတ္ေလာက္ စကားမေျပာဘဲ စိတ္ဆိုးေနတာေပါ့။ ေနာက္ေတာ့ တကယ့္လက္ေတြ႕က ဘာလဲဆိုတာကို ကြ်န္ေတာ္ နားလည္လာၿပီး ဗဟိုေနာက္ခံလူေနရာက ကြ်န္ေတာ့္ရဲ႕ ပေရာ္ဖက္ရွင္နယ္ ကစားသမားဘဝအတြက္ ႀကီးမားတဲ့ အလွည့္အေျပာင္းတစ္ခုျဖစ္ခဲ့ပါတယ္။” ဟု ဖြင့္ဟေျပာၾကားသြားခဲ့ပါတယ္။ လက္ရွိအခ်ိန္၌ ေဘာလံုးသမားဘဝမွ အနားယူၿပီးျဖစ္သည့္ ဖာဒီနန္သည္ ၿပိဳင္ပဲြေရးရာသံုးသပ္သူတစ္ဦးအျဖစ္ ေဆာင္ရြက္လ်က္ရွိပါတယ္။

<Zawgyi Version>

 

#SoshweSport

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ရော်နယ်ဒိုနဲ့ မော်ရင်ဟိုကို ပြန်လည်ဆုံဆည်းပေးဖို့ ကြိုးစားနေတဲ့ ရိုးမား။

အီတလီသတင်းဌာန Retesport က ရိုးမားအသင်းဟာ ရော်နယ်ဒိုကို ခေါ်ယူနိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း ယူနိုက်တက်ရဲ့ ကစားသမားသစ်ခေါ်ယူနိုင်ဖို့ ကြန့်ကြာနေမှုတွေအပေါ်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ရော်နယ်ဒိုတယောက် …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro