HomeEntertainmentMarvel ရုပ္ရွင္ဇာတ္ကား (၅) ကား ရံုတင္ျပသမည့္အခ်ိန္ကို ေၾကညာလိုက္သည့္ Disney

Marvel ရုပ္ရွင္ဇာတ္ကား (၅) ကား ရံုတင္ျပသမည့္အခ်ိန္ကို ေၾကညာလိုက္သည့္ Disney

- Advertisement -

နာမည္ေက်ာ္ရုပ္ရွင္ထုတ္လုပ္ေရး ကုမၸဏီျဖစ္သည့္ Disney သည္ ေနာက္ထပ္ Marvel ဇာတ္ကား (၅) ကား ရံုတင္ျပသမည့္အခ်ိန္ကို ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ အဆိုပါဇာတ္ကားမ်ားကို (၂၀၂၂) ခုႏွစ္  ေအာက္တိုဘာလ (၇) ရက္၊ (၂၀၂၃) ခုႏွစ္ ေဖေဖာ္ဝါရီလ (၁၇) ရက္၊ (၀၂၃) ခုႏွစ္ ေမလ (၅) ရက္၊ (၂၀၂၃) ခုႏွစ္ ဇူလိုင္လ (၂၈) ရက္ နဲ႔ (၂၀၂၃) ခုႏွစ္ ႏိုဝင္ဘာလ (၃) ရက္ေန႔၌ ရံုတင္ျပသသြားမည္ျဖစ္ေၾကာင္း Disney က ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္ပါတယ္။ ဒါေပမယ့္ အဆိုပါဇာတ္ကားမ်ားရဲ႕ အမည္ကိုမူ ထုတ္ျပန္ေၾကညာရျခင္းမရွိေသးဘဲ ပရိသတ္မ်ားအတြက္ သို႔ေလာ၊ သို႔ေလာ အေနအထားတစ္ရပ္၌သာ ရွိပါေသးတယ္။

ကနဦး၌ Black Panther 2 ဇာတ္ကားကို လာမယ့္ (၂၀၂၂) ခုႏွစ္ ေမလ (၆) ရက္ေန႔တြင္ ရံုတင္ျပသသြားရန္ စီစဥ္ထားၿပီး (၂၀၂၂) ခုႏွစ္ ေဖေဖာ္ဝါရီလ (၁၈) ရက္ေန႔ နဲ႔ (၂၀၂၂) ခုႏွစ္ ဇူလိုင္လ (၂၉) ရက္ေန႔တို႔၌ ဇာတ္ကားနာမည္မသိရွိႏုိင္ေသးသည့္ Marvel ဇာတ္ကားမ်ားကို ဆက္လက္ရံုတင္သြားရန္ စီစဥ္ထားပါတယ္။

- Advertisement -

- Advertisement -

အဆိုပါဇာတ္ကားမ်ားသည္ လက္ရွိရုိက္ကူးေနဆဲျဖစ္သည့္ Guardians of the Galaxy Vol. 3 ဇာတ္ကားနဲ႔ Ant- Man 3 ဇာတ္ကားတို႔ျဖစ္ႏိုင္ေၾကာင္း ထင္ျမင္ယူဆခ်က္မ်ားထြက္ေပၚေနသလို Mahershala Ali ပါဝင္သရုပ္ေဆာင္ႏိုင္ဖြယ္ရွိသည့္ Blade ဇာတ္ကားလည္းျဖစ္ႏိုင္ေၾကာင္း ပရိသတ္မ်ားက အမ်ိဳးမ်ိဳးမွန္းဆေနၾကပါတယ္။

 

Marvel Entertainment မွတစ္ဆင့္ (၂၀၂၀) ခုႏွစ္ ေမလ (၁) ရက္ေန႔၌ Black Widow ဇာတ္ကား၊ (၂၀၂၀) ခုႏွစ္ ႏိုဝင္ဘာ (၆) ရက္ေန႔၌ The Eternals ဇာတ္ကား၊ (၂၀၂၁) ခုႏွစ္၌ Shang- Chi and the Legend of the Ten Rings ဇာတ္ကား၊ (၂၀၂၁) ခုႏွစ္ ေမလ (၇) ရက္ေန႔၌ Doctor Strange and the Multiverse of Madness ဇာတ္ကား၊ (၂၀၂၁) ခုႏွစ္ ႏုိဝင္ဘာလ (၅) ရက္ေန႔၌ Thor: Love and Thunder ဇာတ္ကားတို႔ကို ရံုတင္ျပသသြားမည္ျဖစ္ေၾကာင္း ယခုႏွစ္အေစာပိုင္းက ေၾကညာထားပါတယ္။

<Zawgyi Version>

 

နာမည်ကျော်ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် Disney သည် နောက်ထပ် Marvel ဇာတ်ကား (၅) ကား ရုံတင်ပြသမည့်အချိန်ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဆိုပါဇာတ်ကားများကို (၂၀၂၂) ခုနှစ်  အောက်တိုဘာလ (၇) ရက်၊ (၂၀၂၃) ခုနှစ် ဖေဖော်ဝါရီလ (၁၇) ရက်၊ (၂၀၂၃) ခုနှစ် မေလ (၅) ရက်၊ (၂၀၂၃) ခုနှစ် ဇူလိုင်လ (၂၈) ရက် နဲ့ (၂၀၂၃) ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့၌ ရုံတင်ပြသသွားမည်ဖြစ်ကြောင်း Disney က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါဇာတ်ကားများရဲ့ အမည်ကိုမူ ထုတ်ပြန်ကြေညာရခြင်းမရှိသေးဘဲ ပရိသတ်များအတွက် သို့လော၊ သို့လော အနေအထားတစ်ရပ်၌သာ ရှိပါသေးတယ်။

- Advertisement -

ကနဦး၌ Black Panther 2 ဇာတ်ကားကို လာမယ့် (၂၀၂၂) ခုနှစ် မေလ (၆) ရက်နေ့တွင် ရုံတင်ပြသသွားရန် စီစဉ်ထားပြီး (၂၀၂၂) ခုနှစ် ဖေဖော်ဝါရီလ (၁၈) ရက်နေ့ နဲ့ (၂၀၂၂) ခုနှစ် ဇူလိုင်လ (၂၉) ရက်နေ့တို့၌ ဇာတ်ကားနာမည်မသိရှိနိုင်သေးသည့် Marvel ဇာတ်ကားများကို ဆက်လက်ရုံတင်သွားရန် စီစဉ်ထားပါတယ်။

အဆိုပါဇာတ်ကားများသည် လက်ရှိရိုက်ကူးနေဆဲဖြစ်သည့် Guardians of the Galaxy Vol. 3 ဇာတ်ကားနဲ့ Ant- Man 3 ဇာတ်ကားတို့ဖြစ်နိုင်ကြောင်း ထင်မြင်ယူဆချက်များထွက်ပေါ်နေသလို Mahershala Ali ပါဝင်သရုပ်ဆောင်နိုင်ဖွယ်ရှိသည့် Blade ဇာတ်ကားလည်းဖြစ်နိုင်ကြောင်း ပရိသတ်များက အမျိုးမျိုးမှန်းဆနေကြပါတယ်။

 

Marvel Entertainment မှတစ်ဆင့် (၂၀၂၀) ခုနှစ် မေလ (၁) ရက်နေ့၌ Black Widow ဇာတ်ကား၊ (၂၀၂၀) ခုနှစ် နိုဝင်ဘာ (၆) ရက်နေ့၌ The Eternals ဇာတ်ကား၊ (၂၀၂၁) ခုနှစ်၌ Shang- Chi and the Legend of the Ten Rings ဇာတ်ကား၊ (၂၀၂၁) ခုနှစ် မေလ (၇) ရက်နေ့၌ Doctor Strange and the Multiverse of Madness ဇာတ်ကား၊ (၂၀၂၁) ခုနှစ် နိုဝင်ဘာလ (၅) ရက်နေ့၌ Thor: Love and Thunder ဇာတ်ကားတို့ကို ရုံတင်ပြသသွားမည်ဖြစ်ကြောင်း ယခုနှစ်အစောပိုင်းက ကြေညာထားပါတယ်။

<Unicode Version>

 

Source ~ Unilad

#HM(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

six − 2 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...