HomeTechအံ့အားသင့်ဖွယ် ထူးဆန်းသည့် သရဲလေယာဉ်ကို ပြသခဲ့သည့် တရုတ်နိုင်ငံ။

အံ့အားသင့်ဖွယ် ထူးဆန်းသည့် သရဲလေယာဉ်ကို ပြသခဲ့သည့် တရုတ်နိုင်ငံ။

- Advertisement -

(၂၀၁၉) ခုနှစ် Nanchang လေကြောင်းပြပွဲ၌ မောင်းသူမဲ့လေယာဉ်ပေါင်း (၈၀၀) ကို အသုံးပြုပြီး သရဲလေယာဉ်ကို ပျံသန်းပြသခဲ့ကြောင်းသိရှိရပါတယ်။ အဆိုပါပွဲသို့ လာရောက်ကြည့်ရှုသည့် ပရိသတ်များသည် ယခုပြကွက်ကြောင့် အံ့အားသင့်ခဲ့ရပြီး လေယာဉ်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံး ပါဝင်အောင် ညီညီညွတ်ညွတ်ပြသနိုင်ခဲ့ပါတယ်။

- Advertisement -

အဆိုပါပြပွဲ၌ တရုတ်နိုင်ငံရဲ့ လေကြောင်းဆိုင်ရာ နောက်ဆုံးပေါ် တီထွင်ဖန်တီးမှုများ၊ မောင်းသူမဲ့ လေယာဉ်များအတွက် နောက်ဆုံးပေါ် နည်းစနစ်များကို ပြသခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာလ (၁၆) ရက်နေ့၌ Xinhua မှ ယခုကဲ့သို့ “Ghost Plane” ဟု ပြောစမှတ်ပြုသည့် ပြကွက်ဗီဒီယိုကို ပရိသတ်များထံ မျှဝေခဲ့ခြင်းဖြစ်ပါတယ်။

- Advertisement -

- Advertisement -

Nanchang လေကြောင်းပြပွဲ၌ တရုတ်နိုင်ငံမှ လေယာဉ်ပေါင်း (၁၀၀) ကျော်ပြသခဲ့သလို အခြားသောနိုင်ငံများမှ စီးပွားရေးသုံး၊ စစ်ရေးသုံးလေယာဉ်များလည်း ပါဝင်ပြသခဲ့ကြပါတယ်။ ဒါ့အပြင် ဧရာမလေယာဉ်ကြီးများမှတစ်ဆင့် နောက်ဆုံးပေါ် တိုက်လေယာဉ်များကိုလည်း ပါဝင်ပြသခဲ့ကြပြီး ပွဲကျင်းပရေး ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ Meigen က ယခုပြပွဲရဲ့ရည်ရွယ်ချက်က Nanchang  လေကြောင်းလောကရဲ့ တိုးတက်မှုများကို မိတ်ဆက်လိုခြင်း၊ တရုတ်လေကြောင်းလောကကို ရင်းနှီးမြုပ်နှံမှုများ ပိုမိုရရှိစေရန်ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ယခုပြပွဲမှတစ်ဆင့် ယန်စီလေကြောင်းလောကကို တိုးတက်စေရန် ရည်ရွယ်သလို၊ တရုတ်နိုင်ငံရဲ့  လေကြောင်းဈေးကွက်  အောင်မြင်ဖြစ်ထွန်းစေရန်လည်း မျှော်လင့်ကြောင်း Meigen က ပြောကြားခဲ့သေးတယ်လို့ သိရှိရပါတယ်။

<Zawgyi Version>

<Unicode Version>

Source ~ Unilad

#HM(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read