HomeSportအသင္းျပန္လည္တည္ေဆာက္ေရးအတြက္ ယူႏိုက္တက္အသင္း ပစ္မွတ္ထားေနသည့္ ကစားသမား (၈) ဦး။

အသင္းျပန္လည္တည္ေဆာက္ေရးအတြက္ ယူႏိုက္တက္အသင္း ပစ္မွတ္ထားေနသည့္ ကစားသမား (၈) ဦး။

- Advertisement -

ယူႏိုက္တက္အသင္းသည္ သူတုိ႔ရဲ႕ အသင္းကို ျပန္လည္တည္ေဆာက္ေရးအတြက္ ကစားသမားသစ္ (၈) ဦးအထိ ေခၚယူအားျဖည့္ရန္ ပစ္မွတ္ထားေနပါတယ္။ ၿပီးခဲ့သည့္ေႏြရာသီအေျပာင္းအေရႊ႕က မက္ဂိြဳင္းရား၊ ဝမ္ဘစ္ဆာကာ၊ ဒန္နီယဲယ္ဂ်ိမ္းစ္တို႔ကုိ ေခၚယူခဲ့သည့္ ယူႏိုက္တက္အသင္းသည္ လာမည့္အေျပာင္းအေရႊ႕ကာလ၌လည္း နာမည္ႀကီး ကစားသမားမ်ားကို ထပ္မံအင္အားျဖည့္တင္းရန္ ျပင္ဆင္ေနေၾကာင္း သတင္းမ်ားက ေဖာ္ျပလ်က္ရွိပါတယ္။

ယူႏိုက္တက္အသင္းသည္ လာမည့္ေဆာင္းရာသီအေျပာင္းအေရႊ႕၌ပင္ ေစ်းကြက္အတြင္း စတင္လႈပ္ရွားရန္ ျပင္ဆင္ေနၿပီး ဆဲလ္ဘာ့ဂ္အသင္းအတြက္ ေျခစြမ္းျပကစားေနသည့္ တိုက္စစ္မွဴး ဟာလန္းနဲ႔ ေဒါ့မြန္အသင္းရဲ႕ ညာေတာင္ပံကစားသမား ဆန္ခ်ိဳတို႔ ႏွစ္ေယာက္အတြက္ ေျပာင္းေရႊ႕ေၾကး ယူရိုသန္း (၁၀၀) ျပင္ဆင္ထားၿပီး ESPN သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ လက္စတာအသင္းရဲ႕ကြင္းလယ္ကစားသမား ဂ်ိမ္းစ္မက္ဒီဆန္၊ ဝက္စ္ဟမ္းအသင္းရဲ႕ ကြင္းလယ္ကစားသမား ဒီကလန္ရိုက္စ္တို႔ကိုလည္း အသင္းရဲ႕ ကာလရွည္ပစ္မွတ္ ကစားသမားမ်ားအျဖစ္ ခ်ိန္ရြယ္လ်က္ရွိေနပါေသးတယ္။

- Advertisement -

ဒါ့အျပင္ အသင္းရဲ႕ တိုက္စစ္မွဴးေနရာအတြက္ ဘုန္းေမာက္အသင္းရဲ႕ တိုက္စစ္မွဴး ေကာ္လမ္ဝီလ္ဆင္၊ လိုင္ယြန္အသင္းရဲ႕ တိုက္စစ္မွဴး မူဆာဒမ္ဘီလီတို႔ကို ေခၚယူရန္လည္း ပစ္မွတ္ထားေနၿပီး အက္စတြန္ဗီလာ ကစားသမားႏွစ္ေယာက္ျဖစ္သည့္ ဂြ်န္မက္ဂင္း၊ ဂ်က္ခ္ဂရီလစ္ရွ္တုိ႔ကိုလည္း ေခၚယူဖုိ႔ သတင္းမ်ားထြက္ေပၚေနပါတယ္။

- Advertisement -

လက္ရွိ ယူႏုိက္တက္အသင္းသည္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားရဲ႕ အဆင့္ (၇) ေနရာ၌ ရပ္တည္ေနၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အဆင့္ (၄) ေနရာက မန္စီးတီးအသင္းနဲ႔ (၉) မွတ္အထိ ကြာဟေနျခင္းေၾကာင့္ ယခုကဲ့သုိ႔ အသင္းကုိ အားျဖည့္ျပင္ဆင္မႈမ်ား ျပဳလုပ္ရန္ ျပင္ဆင္လာခဲ့ျခင္းျဖစ္ပါတယ္။

- Advertisement -

<Zawgyi Version>

 

ယူနိုက်တက်အသင်းသည် သူတို့ရဲ့ အသင်းကို ပြန်လည်တည်ဆောက်ရေးအတွက် ကစားသမားသစ် (၈) ဦးအထိ ခေါ်ယူအားဖြည့်ရန် ပစ်မှတ်ထားနေပါတယ်။ ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့က မက်ဂွိုင်းရား၊ ဝမ်ဘစ်ဆာကာ၊ ဒန်နီယဲယ်ဂျိမ်းစ်တို့ကို ခေါ်ယူခဲ့သည့် ယူနိုက်တက်အသင်းသည် လာမည့်အပြောင်းအရွှေ့ကာလ၌လည်း နာမည်ကြီး ကစားသမားများကို ထပ်မံအင်အားဖြည့်တင်းရန် ပြင်ဆင်နေကြောင်း သတင်းများက ဖော်ပြလျက်ရှိပါတယ်။

ယူနိုက်တက်အသင်းသည် လာမည့်ဆောင်းရာသီအပြောင်းအရွှေ့၌ပင် စျေးကွက်အတွင်း စတင်လှုပ်ရှားရန် ပြင်ဆင်နေပြီး ဆဲလ်ဘာ့ဂ်အသင်းအတွက် ခြေစွမ်းပြကစားနေသည့် တိုက်စစ်မှူး ဟာလန်းနဲ့ ဒေါ့မွန်အသင်းရဲ့ ညာတောင်ပံကစားသမား ဆန်ချိုတို့ နှစ်ယောက်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) ပြင်ဆင်ထားပြီး ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ လက်စတာအသင်းရဲ့ကွင်းလယ်ကစားသမား ဂျိမ်းစ်မက်ဒီဆန်၊ ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်ကစားသမား ဒီကလန်ရိုက်စ်တို့ကိုလည်း အသင်းရဲ့ ကာလရှည်ပစ်မှတ် ကစားသမားများအဖြစ် ချိန်ရွယ်လျက်ရှိနေပါသေးတယ်။

ဒါ့အပြင် အသင်းရဲ့ တိုက်စစ်မှူးနေရာအတွက် ဘုန်းမောက်အသင်းရဲ့ တိုက်စစ်မှူး ကော်လမ်ဝီလ်ဆင်၊ လိုင်ယွန်အသင်းရဲ့ တိုက်စစ်မှူး မူဆာဒမ်ဘီလီတို့ကို ခေါ်ယူရန်လည်း ပစ်မှတ်ထားနေပြီး အက်စတွန်ဗီလာ ကစားသမားနှစ်ယောက်ဖြစ်သည့် ဂျွန်မက်ဂင်း၊ ဂျက်ခ်ဂရီလစ်ရှ်တို့ကိုလည်း ခေါ်ယူဖို့ သတင်းများထွက်ပေါ်နေပါတယ်။

လက်ရှိ ယူနိုက်တက်အသင်းသည် ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် (၇) နေရာ၌ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့် (၄) နေရာက မန်စီးတီးအသင်းနဲ့ (၉) မှတ်အထိ ကွာဟနေခြင်းကြောင့် ယခုကဲ့သို့ အသင်းကို အားဖြည့်ပြင်ဆင်မှုများ ပြုလုပ်ရန် ပြင်ဆင်လာခဲ့ခြင်းဖြစ်ပါတယ်။

<Unicode Version>

 

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read