HomeEntertainmentသီခ်င္းအသစ္ ဗီဒီယို႐ိုက္ကြင္းမွာ ေႁမြကိုက္ခံခဲ့ရတဲ့ Lil Pump

သီခ်င္းအသစ္ ဗီဒီယို႐ိုက္ကြင္းမွာ ေႁမြကိုက္ခံခဲ့ရတဲ့ Lil Pump

- Advertisement -

“Gucci Gang” သီခ်င္းနဲ႔ နာမည္ေက်ာ္ၾကားလာတဲ့ ေဟာလီဝုဒ္တက္သစ္စၾကယ္ပြင့္တစ္ဦးျဖစ္တဲ့ အသက္ ၁၉ ႏွစ္အရြယ္ Lil Pump ဟာ သီခ်င္းဗီဒီယို႐ိုက္ကြင္းအတြင္း ေႁမြကိုက္တာခံလိုက္ရပါတယ္။ Lil Pump က တျခားေသာ နာမည္ႀကီး Rapper ေတြျဖစ္တဲ့ Kanye West ၊ Post Malone တို႔နဲ႔လည္း ဂီတျပဳလုပ္ဖူးသူတစ္ေယာက္ျဖစ္ပါတယ္။

မၾကာေသးခင္က Lil Pump က သူ႔ရဲ႕အင္စတာဂရမ္အေကာင့္မွာ သီခ်င္းအသစ္အတြက္ ဗီဒီယို႐ိုက္ကူးေနစဥ္အတြင္း ေႁမြကိုကိုင္လိုက္ရာ ေႁမြကသူ႔လက္ကို ကိုက္လိုက္တဲ့အတြက္ေၾကာင့္ လက္ထဲမွ ေႁမြကိုခ်က္ခ်င္းခါထုတ္ၿပီး ထုိင္ေနတဲ့ အျဖဴေရာင္ေလွကားထစ္ေပၚကေန ေျပးဆင္းခဲ့ရတဲ့ ဗီဒီယိုကို တင္ထားတာပဲျဖစ္ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ ေႁမြကိုက္လိုက္လို႔ ေသြးထြက္ေနတဲ့သူ႔ရဲ႕လက္ကိုျပၿပီး သူ႔ကိုေႁမြကိုက္လိုက္ေၾကာင္း​ ႐ိုက္ကူးေရးအဖြဲ႔သားေတြကို ရယ္ရယ္ေမာေမာနဲ႔ ေျပာျပေနတာပဲျဖစ္ပါတယ္။ Lil Pump ရဲ႕ အင္စတာဂရမ္အေကာင့္မွာတင္ထားတဲ့ ဗီဒီယိုကိုၾကည့္ရတာ ေၾကာက္စရာေကာင္းေပမယ့္ ဗီဒီယိုရဲ႕ေအာက္မွာ သူ႔ရဲ႕သူငယ္ခ်င္းေတြကလည္း မွတ္ခ်က္ေတြ အမ်ိဳးမ်ိဳးေပးခဲ့ၾကၿပီး သူ႔ကိုခ်စ္တဲ့ပရိသတ္ေတြကလည္း ရယ္စရာမွတ္ခ်က္ေတြကို ေပးခဲ့ၾကတာပဲျဖစ္ပါတယ္။

- Advertisement -

ဒီလိုမ်ိဳး႐ိုက္ကူးေရးအတြက္ ေႁမြလိုမ်ိဳးတြားသြားသတၱဝါေတြကို အသံုးျပဳမယ္ဆိုရင္ အစစ္လို႔ထင္ရတဲ့ အေကာင္အတုကိုသာ အသံုးျပဳသင့္ေၾကာင္း အၾကံေပးေျပာဆိုသူမ်ားလည္းရွိခဲ့ပါတယ္။

- Advertisement -

<Zawgyi Version>

 

“Gucci Gang” သီချင်းနဲ့ နာမည်ကျော်ကြားလာတဲ့ ဟောလီဝုဒ်တက်သစ်စကြယ်ပွင့်တစ်ဦးဖြစ်တဲ့ အသက် ၁၉ နှစ်အရွယ် Lil Pump ဟာ သီချင်းဗီဒီယိုရိုက်ကွင်းအတွင်း မြွေကိုက်တာခံလိုက်ရပါတယ်။ Lil Pump က တခြားသော နာမည်ကြီး Rapper တွေဖြစ်တဲ့ Kanye West ၊ Post Malone တို့နဲ့လည်း ဂီတပြုလုပ်ဖူးသူတစ်ယောက်ဖြစ်ပါတယ်။

မကြာသေးခင်က Lil Pump က သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ သီချင်းအသစ်အတွက် ဗီဒီယိုရိုက်ကူးနေစဉ်အတွင်း မြွေကိုကိုင်လိုက်ရာ မြွေကသူ့လက်ကို ကိုက်လိုက်တဲ့အတွက်ကြောင့် လက်ထဲမှ မြွေကိုချက်ချင်းခါထုတ်ပြီး ထိုင်နေတဲ့ အဖြူရောင်လှေကားထစ်ပေါ်ကနေ ပြေးဆင်းခဲ့ရတဲ့ ဗီဒီယိုကို တင်ထားတာပဲဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ မြွေကိုက်လိုက်လို့ သွေးထွက်နေတဲ့သူ့ရဲ့လက်ကိုပြပြီး သူ့ကိုမြွေကိုက်လိုက်ကြောင်း ရိုက်ကူးရေးအဖွဲ့သားတွေကို ရယ်ရယ်မောမောနဲ့ ပြောပြနေတာပဲဖြစ်ပါတယ်။ Lil Pump ရဲ့ အင်စတာဂရမ်အကောင့်မှာတင်ထားတဲ့ ဗီဒီယိုကိုကြည့်ရတာ ကြောက်စရာကောင်းပေမယ့် ဗီဒီယိုရဲ့အောက်မှာ သူ့ရဲ့သူငယ်ချင်းတွေကလည်း မှတ်ချက်တွေ အမျိုးမျိုးပေးခဲ့ကြပြီး သူ့ကိုချစ်တဲ့ပရိသတ်တွေကလည်း ရယ်စရာမှတ်ချက်တွေကို ပေးခဲ့ကြတာပဲဖြစ်ပါတယ်။

ဒီလိုမျိုးရိုက်ကူးရေးအတွက် မြွေလိုမျိုးတွားသွားသတ္တဝါတွေကို အသုံးပြုမယ်ဆိုရင် အစစ်လို့ထင်ရတဲ့ အကောင်အတုကိုသာ အသုံးပြုသင့်ကြောင်း အကြံပေးပြောဆိုသူများလည်းရှိခဲ့ပါတယ်။

<Unicode Version>

 

- Advertisement -

Source ~ Entertainment Weekly

#SY(1209Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

14 − 5 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...