HomeEntertainmentKylie Jenner နဲ့ Drake တို့ တွဲခုတ်နေကြပြီလား ? ? ?

Kylie Jenner နဲ့ Drake တို့ တွဲခုတ်နေကြပြီလား ? ? ?

- Advertisement -



- Advertisement -

- Advertisement -



<Zawgyi Version>

 

Travis Scott နဲ့ Kylie Jenner တို့နှစ်ဦးဟာ ၂ နှစ်ကြာတွဲခုတ်ခဲ့ကြပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ နှစ်ဦးစလုံးရဲ့ ဆန္ဒအရ လမ်းခွဲခဲ့ကြပါတယ်။ Travis နဲ့ ပြတ်ဆဲပြီး တစ်လအကြာမှာတော့ Kylie ကို Drake နဲ့ မကြာခဏတွေ့လာရပါတယ်။

အသက်၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Drake က Kylie ရဲ့မိသားစုနဲ့ ဟိုးအရင်ကတည်းက ခင်မင်ရင်းနှီးနေပြီးသားပဲ ဖြစ်ပါတယ်။ တချို့သောသူတွေက သူတို့နှစ်ဦးက တွဲနေပြီလို့ပြောကြပေမယ့်လည်း တချို့ကတော့ သူတို့နှစ်ဦးရဲ့ ရင်းနှီးမှုက သူငယ်ချင်းအဆင့်ပဲရှိကြောင်းဆိုခဲ့ပါတယ်။

- Advertisement -

Kylie က လော့စ်အိန်ဂျလိစ်ပြည်နယ် Goya Studio မှာကျင်းပခဲ့တဲ့ Drake ရဲ့အသက် ၃၃နှစ်ပြည့်မွေးနေ့ပွဲကို တက်ရောက်ခဲ့တဲ့အပြင် Drake ဦးစီးကျင်းပတဲ့ Halloween Party ကိုလည်း တက်ရောက်ခဲ့ပါသေးတယ်။ Jenner ညီမနှစ်ယောက်ဟာ Drake ရဲ့ New Year ပါတီကို အတူတူတက်ရောက်ခဲ့တာကို ကြည့်ခြင်းအားဖြင့် Kylie နဲ့ Drake တို့ရဲ့ ရင်းနှီးမှုကို သိရှိနိုင်ပါတယ်။

Kylie နဲ့ Travis တို့နှစ်ဦးသားက လမ်းခွဲခဲ့ကြပေမယ့်လည်း သူငယ်ချင်းကောင်းတွေအဖြစ် ရှိနေကြဆဲဖြစ်တဲ့အပြင် Travis က Kylie မိသားစုနဲ့လည်း ခင်မင်ရင်းနှီးနေတုန်းပဲဖြစ်ပါတယ်။ ဒါ့အပြင် သမီးလေး Stormi ကိုတော့ နှစ်ဦးလုံးကတစ်လှည့်စီ ထိန်းသိမ်းစောက်ရှောက်ပေးနေကြတာပဲဖြစ်ပါတယ်။

<Unicode Version>

 

Source ~ PEOPLE Magazine

#SY(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

twelve − 1 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...