HomeOtherသမၼတ Trump ေၾကာင့္အလုပ္ျပဳတ္သြားတ့ဲအမ်ိဳးသမီး ေရြးေကာက္ပြဲမွာ အႏိုင္ရရွိ။

သမၼတ Trump ေၾကာင့္အလုပ္ျပဳတ္သြားတ့ဲအမ်ိဳးသမီး ေရြးေကာက္ပြဲမွာ အႏိုင္ရရွိ။

- Advertisement -

Virginia ျပည္နယ္သူ ဒီမိုကေရစီဝါဒီ Juli Briskman ဟာ ၂၀၁၇ ခုႏွစ္က အေမရိကန္ျပည္ေထာင္စု သမၼတ Donald Trump ရဲ႕ လုပ္ရပ္ေတြကို သေဘာမက်တာေၾကာင့္ လြတ္လပ္စြာတံု႔ျပန္ခဲ့ပါတယ္။ သမၼတ Donald Trump ဟာ ၂၀၁၇ ခုႏွစ္တုန္းက လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာဥပေဒေတြကို တင္းၾကပ္လိုက္တဲ့အျပင္ Puerto Rico မွာျဖစ္ေပၚခဲ့တဲ့ သဘာဝေဘးအႏၱရာယ္နဲ႔ပတ္သက္ၿပီး ေပါ့ပ်က္ပ်က္တံု႔ျပန္ခဲ့တဲ့အတြက္ Juli က သမၼတႀကီးကို အခဲမေက်ျဖစ္ေနခဲ့တာပါ။

ဒါေၾကာင့္လည္း Juli က ႏိုင္ငံေခါင္းေဆာင္ေတြစီးတဲ့ ကားေတြရဲ႕ေဘးကေန စက္ဘီးစီးၿပီးျဖတ္သြားတဲ့အခ်ိန္မွာ လက္ခလယ္ေထာင္ျပကာ ႏႈတ္ဆက္လိုက္တာပဲျဖစ္ပါတယ္။ က်ည္ကာမွန္ေတြပါတဲ့ ကားေတြရဲ႕အထဲမွာေတာ့ သမၼတ Trump နဲ႔ သူ႔ရဲ႕ဘက္ေတာ္သားေတြ ရွိေနတာျဖစ္ၿပီး သူတို႔ေတြက ေဂါက္႐ိုက္ၿပီးအျပန္လမ္းမွာလို႔ သိရပါတယ္။ ဒါကိုသတင္းေထာက္တစ္ဦးက ဓာတ္ပံု႐ိုက္ မွတ္တမ္းတင္ခ့ဲတာပဲျဖစ္ပါတယ္။

- Advertisement -

အဆိုပါဓာတ္ပံုထဲမွာပါတဲ့ စက္ဘီးစီးသူဟာ Juli ျဖစ္ေၾကာင္း သူမအလုပ္လုပ္ေနတဲ့ ကုမၸဏီက သိသြားၿပီးတဲ့ေနာက္မွာေတာ့ သမၼတ Trump ရဲ႕ ေထာက္ပံ့မႈေတြမရေတာ့မွာကို ေၾကာက္တာနဲ႔ပဲ သူမကို အလုပ္ထုတ္ပစ္ခဲ့တယ္လို႔ Juli  က BuzzFeed သတင္းဌာနသို႕ ၂၀၁၈ ခုႏွစ္တုန္းက ဖြင့္ဟေျပာျပလာခဲ့ပါတယ္။

- Advertisement -

Juli က သူမရဲ႕ခံစားခ်က္အေတြးအျမင္ကို လြတ္လပ္စြာထုတ္ေဖာ္ျပသမိတဲ့အတြက္ အလုပ္ထုတ္ခံရျခင္းက သူ႔ရဲ႕ကိုယ္ပိုင္လြတ္လပ္ခြင့္ကိုဖိႏွိပ္ျခင္းျဖစ္တာေၾကာင့္ သူမအရင္အလုပ္လုပ္ခဲ့တဲ့ ကုမၸဏီကိုလည္း ျပန္ၿပီးတရားစြဲဆိုခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Juli က သူငယ္ရြယ္စဥ္ကတည္းက အမ်ားအက်ိဳးျပဳလုပ္ငန္းေတြ လုပ္ေဆာင္ခ့ဲတ့ဲ Virginia ျပည္နယ္ကိုျပန္ၿပီး ထိုေဒသမွာရွိတဲ့ စာသင္ေက်ာင္းေတြရဲ႕ လိုအပ္ခ်က္ေတြကို ကူညီျဖည့္ဆည္းေပးႏိုင္ခဲ့တာပဲျဖစ္ပါတယ္။

အဆိုပါ ကူညီေထာက္ပံ့မႈေတြ လုပ္ၿပီးေနာက္မွာေတာ့ ေရြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ရာကေန သမၼတ Trump ကိုေထာက္ခံသူ Republican ေတြကိုေက်ာ္ၿပီး ၅၂.၄% နဲ႔ အႏိုင္ရခဲ့တာပဲျဖစ္ပါတယ္။

<Zawgyi Version>

 

သမ္မတ Trump ကြောင့်အလုပ်ပြုတ်သွားပြီး Virginia ပြည်နယ်  ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသမီး။

Virginia ပြည်နယ်သူ ဒီမိုကရေစီဝါဒီ Juli Briskman ဟာ ၂၀၁၇ ခုနှစ်က အမေရိကန်ပြည်ထောင်စု သမ္မတ Donald Trump ရဲ့ လုပ်ရပ်တွေကို သဘောမကျတာကြောင့် လွတ်လပ်စွာတုံ့ပြန်ခဲ့ပါတယ်။ သမ္မတ Donald Trump ဟာ ၂၀၁၇ ခုနှစ်တုန်းက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဥပဒေတွေကို တင်းကြပ်လိုက်တဲ့အပြင် Puerto Rico မှာဖြစ်ပေါ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီး ပေါ့ပျက်ပျက်တုံ့ပြန်ခဲ့တဲ့အတွက် Juli က သမ္မတကြီးကို အခဲမကျေဖြစ်နေခဲ့တာပါ။

ဒါကြောင့်လည်း Juli က နိုင်ငံခေါင်းဆောင်တွေစီးတဲ့ ကားတွေရဲ့ဘေးကနေ စက်ဘီးစီးပြီးဖြတ်သွားတဲ့အချိန်မှာ လက်ခလယ်ထောင်ပြကာ နှုတ်ဆက်လိုက်တာပဲဖြစ်ပါတယ်။ ကျည်ကာမှန်တွေပါတဲ့ ကားတွေရဲ့အထဲမှာတော့ သမ္မတ Trump နဲ့ သူ့ရဲ့ဘက်တော်သားတွေ ရှိနေတာဖြစ်ပြီး သူတို့တွေက ဂေါက်ရိုက်ပြီးအပြန်လမ်းမှာလို့ သိရပါတယ်။ ဒါကိုသတင်းထောက်တစ်ဦးက ဓာတ်ပုံရိုက် မှတ်တမ်းတင်ခဲ့တာပဲဖြစ်ပါတယ်။

- Advertisement -

အဆိုပါဓာတ်ပုံထဲမှာပါတဲ့ စက်ဘီးစီးသူဟာ Juli ဖြစ်ကြောင်း သူမအလုပ်လုပ်နေတဲ့ ကုမ္ပဏီက သိသွားပြီးတဲ့နောက်မှာတော့ သမ္မတ Trump ရဲ့ ထောက်ပံ့မှုတွေမရတော့မှာကို ကြောက်တာနဲ့ပဲ သူမကို အလုပ်ထုတ်ပစ်ခဲ့တယ်လို့ Juli  က BuzzFeed သတင်းဌာနသို့ ၂၀၁၈ ခုနှစ်တုန်းက ဖွင့်ဟပြောပြလာခဲ့ပါတယ်။

Juli က သူမရဲ့ခံစားချက်အတွေးအမြင်ကို လွတ်လပ်စွာထုတ်ဖော်ပြသမိတဲ့အတွက် အလုပ်ထုတ်ခံရခြင်းက သူ့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုဖိနှိပ်ခြင်းဖြစ်တာကြောင့် သူမအရင်အလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီကိုလည်း ပြန်ပြီးတရားစွဲဆိုခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Juli က သူငယ်ရွယ်စဉ်ကတည်းက အများအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တဲ့ Virginia ပြည်နယ်ကိုပြန်ပြီး ထိုဒေသမှာရှိတဲ့ စာသင်ကျောင်းတွေရဲ့ လိုအပ်ချက်တွေကို ကူညီဖြည့်ဆည်းပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါ ကူညီထောက်ပံ့မှုတွေ လုပ်ပြီးနောက်မှာတော့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရာကနေ သမ္မတ Trump ကိုထောက်ခံသူ Republican တွေကိုကျော်ပြီး ၅၂.၄% နဲ့ အနိုင်ရခဲ့တာပဲဖြစ်ပါတယ်။

<Unicode Version>

 

Source ~ BuzzFeed

#SY(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

12 + fifteen =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...