တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ Hefei Wildlife Park အတွင်းမှ ချင်ပန်ဇီတစ်ကောင် ဆေးလိပ်သောက်နေသည့် ဗီဒီယိုတစ်ခု ထွက်ပေါ်လာပြီးနောက် အဆိုပါဗီဒီယိုနဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်၌ ဝေဖန်မှုအများအပြား ထွက်ပေါ်လာခဲ့ပါတယ်။ အွန်လိုင်းပေါ်သို့ ဗီဒီယိုတက်လာပြီးပြီးချင်း (၂၄) နာရီအတွင်း၌ပင် ကြည့်ရှုသူ သန်းနဲ့ချီ ရှိခဲ့ပြီး အဆိုပါဆေးလိပ်ကို ကမ္ဘာ့လှည့်ခရီးသွားတစ်ယောက်က ချင်ပန်ဇီရဲ့ လှောင်အိမ်အတွင်းသို့ ပစ်ထည့်သွားခြင်းဖြစ်ကြောင်း တိရိစ္ဆာန်ရုံဘက်မှ ဖြေရှင်းခဲ့ပါတယ်။
(၁၁) စက္ကန့်သာကြာမြင့်သည့် အဆိုပါဗီဒီယို၌ ချင်ပန်ဇီသည် ဆေးလိပ်ကို ဟန်ပါပါနဲ့ထိုင်သောက်နေခဲ့ပြီး တိရိစ္ဆာန်ရုံဝန်ထမ်းတစ်ဦးကမူ “အဲ့ဒီနေရာမှာ ဆေးလိပ်တစ်လိပ်ပဲရှိတာပါ။ ဘာမှဆိုးဆိုးရွားရွားမရှိပါဘူး။ လူတွေက ဆေးလိပ်သောက်လာတာ နှစ်ပေါင်းများစွာကြာနေပြီး ဒီဖြစ်ရပ်က နေ့တိုင်းဖြစ်နေတာမျိုးလည်းမဟုတ်ပါဘူး။ ကမ္ဘာလှည့်ခရီးသွားတစ်ယောက်က ဆေးလိပ်ကို လွှင့်ပစ်သွားပြီး ချင်ပန်ဇီကလည်း ဆေးလိပ်ကို ဟန်ပါပါကောက်သောက်တော့တာပဲ။” ဟု ဖြေရှင်းပြောကြားခဲ့ပါတယ်။
အဆိုပါတိရိစ္ဆာန်ရုံရဲ့ ဝင်ကြေးသည် (၃.၈) ပေါင်ခန့်သာ ကုန်ကျပြီး နည်းပါးလှသည့်ဝင်ကြေးကလည်း ယခုကဲ့သို့ ဖြစ်ရပ်များကို ဖြစ်ပွါးစေသည်ဟု ဝေဖန်မှုများရှိနေပါတယ်။ ဝေဖန်မှုများနဲ့ပတ်သက်၍ အဆိုပါဝန်ထမ်းက “ဒီမှာက နေ့စဉ် ဧည့်သည်ပေါင်း သောင်းနဲ့ချီလာရောက်နေပြီး ဝန်ထမ်းက (၁၀၀) ပဲရှိတာပါ။ အဲ့ဒီအတွက် ဧည့်သည်တိုင်းကို လိုက်ပြီးစောင့်ကြည့်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဝင်ကြေးကလည်း လူတိုင်းတတ်နိုင်အောင် လုပ်ပေးထားတာဖြစ်ပြီး တခြားနေရာတွေလို (၂၂) ပေါင်ကနေ (၃၃) ပေါင်အထိ ကောက်ခံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။” ဟု ပြောကြားခဲ့ပါသေးတယ်။
၂၀၂၀ ခုနှစ် ဇူလိုင်လကလည်း အဆိုပါ တိရိစ္ဆာန်ရုံရှိ ချင်ပန်ဇီတစ်ကောင်သည် လှောင်အိမ်အတွင်းမှ လွတ်ထွက်သွားခဲ့ပြီး ဧည့်သည်တစ်ဦးကို တိုက်ခိုက်ခဲ့ဖူးပါသေးတယ်။ အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးရဲ့ ပြောကြားချက်အရ ယခုဆေးလိပ်သောက်နေသည့် ချင်ပန်ဇီသည် ထိုစဉ်က ဧည့်သည်ကို တိုက်ခိုက်ခဲ့သည့် ချင်ပန်ဇီမဟုတ်ဘဲ အခြားချင်ပန်ဇီတစ်ကောင်ဖြစ်ပြီး ချင်ပန်ဇီနှစ်ကောင်လုံး ကျန်းကျန်းမာမာနဲ့ ရှိနေကြောင်းလည်း သိရှိရပါတယ်။
<Unicode Version>
ခ်င္ပန္ဇီေတြ တကယ္ပဲ ေဆးလိပ္ေသာက္တတ္သလား ?
တရုတ္ႏုိင္ငံ အေရွ႕ပိုင္းရွိ Hefei Wildlife Park အတြင္းမွ ခ်င္ပန္ဇီတစ္ေကာင္ ေဆးလိပ္ေသာက္ေနသည့္ ဗီဒီယုိတစ္ခု ထြက္ေပၚလာၿပီးေနာက္ အဆုိပါဗီဒီယုိနဲ႔ ပတ္သက္ၿပီး ဆိုရွယ္မီဒီယာေပၚ၌ ေဝဖန္မႈအမ်ားအျပား ထြက္ေပၚလာခဲ့ပါတယ္။ အြန္လိုင္းေပၚသို႔ ဗီဒီယုိတက္လာၿပီးၿပီးခ်င္း (၂၄) နာရီအတြင္း၌ပင္ ၾကည့္ရႈသူ သန္းနဲ႔ခ်ီ ရွိခဲ့ၿပီး အဆုိပါေဆးလိပ္ကို ကမာၻ႕လွည့္ခရီးသြားတစ္ေယာက္က ခ်င္ပန္ဇီရဲ႕ ေလွာင္အိမ္အတြင္းသို႔ ပစ္ထည့္သြားျခင္းျဖစ္ေၾကာင္း တိရိစာၦန္ရံုဘက္မွ ေျဖရွင္းခဲ့ပါတယ္။
(၁၁) စကၠန္႔သာၾကာျမင့္သည့္ အဆုိပါဗီဒီယုိ၌ ခ်င္ပန္ဇီသည္ ေဆးလိပ္ကို ဟန္ပါပါနဲ႔ထိုင္ေသာက္ေနခဲ့ၿပီး တိရိစာၦန္ရံုဝန္ထမ္းတစ္ဦးကမူ “အဲ့ဒီေနရာမွာ ေဆးလိပ္တစ္လိပ္ပဲရွိတာပါ။ ဘာမွဆုိးဆိုးရြားရြားမရွိပါဘူး။ လူေတြက ေဆးလိပ္ေသာက္လာတာ ႏွစ္ေပါင္းမ်ားစြာၾကာေနၿပီး ဒီျဖစ္ရပ္က ေန႔တိုင္းျဖစ္ေနတာမ်ိဳးလည္းမဟုတ္ပါဘူး။ ကမာၻလွည့္ခရီးသြားတစ္ေယာက္က ေဆးလိပ္ကုိ လႊင့္ပစ္သြားၿပီး ခ်င္ပန္ဇီကလည္း ေဆးလိပ္ကို ဟန္ပါပါေကာက္ေသာက္ေတာ့တာပဲ။” ဟု ေျဖရွင္းေျပာၾကားခဲ့ပါတယ္။
အဆုိပါတိရိစာၦန္ရံုရဲ႕ ဝင္ေၾကးသည္ (၃.၈) ေပါင္ခန္႔သာ ကုန္က်ၿပီး နည္းပါးလွသည့္ဝင္ေၾကးကလည္း ယခုကဲ့သုိ႔ ျဖစ္ရပ္မ်ားကို ျဖစ္ပြါးေစသည္ဟု ေဝဖန္မႈမ်ားရွိေနပါတယ္။ ေဝဖန္မႈမ်ားနဲ႔ပတ္သက္၍ အဆုိပါဝန္ထမ္းက “ဒီမွာက ေန႔စဥ္ ဧည့္သည္ေပါင္း ေသာင္းနဲ႔ခ်ီလာေရာက္ေနၿပီး ဝန္ထမ္းက (၁၀၀) ပဲရွိတာပါ။ အဲ့ဒီအတြက္ ဧည့္သည္တိုင္းကို လိုက္ၿပီးေစာင့္ၾကည့္ေနဖို႔ဆိုတာ မျဖစ္ႏုိင္ပါဘူး။ ဝင္ေၾကးကလည္း လူတိုင္းတတ္ႏုိင္ေအာင္ လုပ္ေပးထားတာျဖစ္ၿပီး တျခားေနရာေတြလို (၂၂) ေပါင္ကေန (၃၃) ေပါင္အထိ ေကာက္ခံဖို႔ဆိုတာ မျဖစ္ႏုိင္ပါဘူး။” ဟု ေျပာၾကားခဲ့ပါေသးတယ္။
၂၀၂၀ ခုႏွစ္ ဇူလိုင္လကလည္း အဆုိပါ တိရိစာၦန္ရံုရွိ ခ်င္ပန္ဇီတစ္ေကာင္သည္ ေလွာင္အိမ္အတြင္းမွ လြတ္ထြက္သြားခဲ့ၿပီး ဧည့္သည္တစ္ဦးကို တိုက္ခိုက္ခဲ့ဖူးပါေသးတယ္။ အမည္မေဖာ္လိုသည့္ အမ်ိဳးသမီးတစ္ဦးရဲ႕ ေျပာၾကားခ်က္အရ ယခုေဆးလိပ္ေသာက္ေနသည့္ ခ်င္ပန္ဇီသည္ ထိုစဥ္က ဧည့္သည္ကို တိုက္ခိုက္ခဲ့သည့္ ခ်င္ပန္ဇီမဟုတ္ဘဲ အျခားခ်င္ပန္ဇီတစ္ေကာင္ျဖစ္ၿပီး ခ်င္ပန္ဇီႏွစ္ေကာင္လံုး က်န္းက်န္းမာမာနဲ႔ ရွိေနေၾကာင္းလည္း သိရွိရပါတယ္။
<Zawgyi Version>
#SoshweAnimal
#SoshweForYourDailyLife
#Like&Share