HomeEntertainmentပရိသတ္မ်ားအားလံုးကို အံ့အားသင့္သြားေအာင္ လုပ္ျပလိုက္သည့္ Keanu Reeves

ပရိသတ္မ်ားအားလံုးကို အံ့အားသင့္သြားေအာင္ လုပ္ျပလိုက္သည့္ Keanu Reeves

- Advertisement -

Keanu Reeves သည္ အႏုပညာရွင္ Alexandra Grant နဲ႔အတူ လက္တဲြကာ လူျမင္ကြင္းေရွ႕သို႔ ထြက္ေပၚလာခဲ့ေၾကာင္း သိရွိရပါတယ္။ ၿပီးခဲ့သည့္ ရက္သတၱပတ္အတြင္းက ေလာ့စ္အိန္ဂ်ယ္လိစ္ၿမိဳ႕၌ က်င္းပျပဳလုပ္ခဲ့သည့္ LACMA Art + Film ဆိုသည့္ အခမ္းအနားကို Gucci မွ ႀကီးမွဴးက်င္းပေပးခဲ့ၿပီး ခ်စ္မႈေရးရာကိစၥမ်ား၌ သိုသိုသိပ္သိပ္ေနထိုင္တတ္သည့္ အသက္ (၅၅) ႏွစ္အရြယ္ Reeves က အသက္ (၄၆) ႏွစ္အရြယ္ Grant ကို လက္တဲြလ်က္ အဆိုပါပဲြသို႔တက္ေရာက္ခဲ့ျခင္းျဖစ္ပါတယ္။

(၂၀၁၁) ခုႏွစ္က ပထမဆံုးထုတ္ေဝခဲ့သည့္ Ode To Happiness and Shadows စာအုပ္၌ Reeves က ကဗ်ာမ်ား ေရးသားေပးခဲ့ၿပီး Grant က စာအုပ္အတြင္းရွိ ပံုမ်ားကို ဆြဲေပးရင္း အတူတကြ အားစိုက္ထုတ္ခဲ့ၾကပါေသးတယ္။ သူတုိ႔ႏွစ္ေယာက္သည္ X Artists’ Books ဟု အမည္ရသည့္ ပံုႏွိပ္တိုက္ကိုလည္း အတူတကြ တည္ေထာင္ထားၾကသည့္ စီးပြါးေရးပါတနာေကာင္းမ်ားလည္း ျဖစ္ပါတယ္။

- Advertisement -

- Advertisement -

Reeves သည္ Grant နဲ႔အတူ ပဲြတက္ေရာက္လာခ်ိန္၌ ေပ်ာ္ရႊင္ေနဟန္ရွိေနၿပီး ပရိသတ္တစ္ဦးကလည္း “Keanu Reeves တစ္ေယာက္ ရည္းစားရသြားတာကို ကုိယ္ကဘာလို႔ ဒီေလာက္ေပ်ာ္ေနလဲ မသိပါဘူး။ သူ႔ကို ပုဂၢိဳလ္ေရးအရ မသိေပမယ့္ သူလည္း ကိုယ္ေတြလုိမ်ိဳး ေပ်ာ္ရႊင္မႈနဲ႔ ထိုက္တန္ပါတယ္။” ဟု Twitter ေပၚမွ တစ္ဆင့္ ေရးသားခဲ့ပါတယ္။

အျခားေသာပရိသတ္တစ္ဦးကလည္း “Keanu Reeves တစ္ေယာက္ သူ႔ရဲ႕ရည္းစားနဲ႔အတူ လူလယ္ေခါင္ကို ထြက္မလာတာ ဆယ္စုႏွစ္တစ္ခုေလာက္ရွိပါၿပီ။ အခု သူဘယ္ေလာက္ ေပ်ာ္ေနလဲ ၾကည့္စမ္းပါဦး။” ဟု မွတ္ခ်က္ျပဳခဲ့ပါေသးတယ္။ Reeves ရဲ႕ အခ်စ္ေရးကိစၥသည္ နာက်င္စရာမ်ားနဲ႔ ျပည့္ႏွက္ခဲ့ရၿပီး (1209၁၉၉၉) ခုႏွစ္၌ သူ႔ရဲ႕ခ်စ္သူ Jennifer Syme သည္ သူတုိ႔ရဲ႕သမီးေလးကို ကိုယ္ဝန္ေဆာင္ထားရင္း ေနာက္ဆံုးအခ်ိန္မွ ကိုယ္ဝန္ပ်က္က်ခဲ့ရပါတယ္။

အဲ့ဒီေနာက္ (၁၈) လအၾကာ၌ Syme သည္လည္း ယာဥ္မေတာ္တဆမႈျဖင့္ ကြယ္လြန္ခဲ့ၿပီး Reeves တစ္ေယာက္ အထီးက်န္ခဲ့ရပါတယ္။ သူ႔ရဲ႕ ေနထိုင္မႈဘဝနဲ႔ ပတ္သက္၍လည္း Reeves က “မင္းသားေတြ၊ မင္းသမီးေတြက အျခားနာမည္ေက်ာ္ေတြထက္ ပိုၿပီး သိုသိုသိပ္သိပ္ေနတတ္ၾကတယ္လို႔ ကြ်န္ေတာ္ထင္ပါတယ္။ ကြ်န္ေတာ္ကေတာ့ ေတာ္ေတာ္ေလး လွ်ိဳ႕ဝွက္တတ္တဲ့လူမ်ိဳးပါ။ Tweet လုပ္စရာေတြ၊   ေျပာစရာေတြ၊ တျခားလုပ္စရာေတြ ဘာမွမရွိပါဘူး။” ဟုေျဖၾကားခဲ့ဖူးပါတယ္။

<Zawgyi Version>

 

Keanu Reeves သည် အနုပညာရှင် Alexandra Grant နဲ့အတူ လက်တွဲကာ လူမြင်ကွင်းရှေ့သို့ ထွက်ပေါ်လာခဲ့ကြောင်း သိရှိရပါတယ်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက လော့စ်အိန်ဂျယ်လိစ်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် LACMA Art + Film ဆိုသည့် အခမ်းအနားကို Gucci မှ ကြီးမှူးကျင်းပပေးခဲ့ပြီး ချစ်မှုရေးရာကိစ္စများ၌ သိုသိုသိပ်သိပ်နေထိုင်တတ်သည့် အသက် (၅၅) နှစ်အရွယ် Reeves က အသက် (၄၆) နှစ်အရွယ် Grant ကို လက်တွဲလျက် အဆိုပါပွဲသို့တက်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။

(၂၀၁၁) ခုနှစ်က ပထမဆုံးထုတ်ဝေခဲ့သည့် Ode To Happiness and Shadows စာအုပ်၌ Reeves က ကဗျာများ ရေးသားပေးခဲ့ပြီး Grant က စာအုပ်အတွင်းရှိ ပုံများကို ဆွဲပေးရင်း အတူတကွ အားစိုက်ထုတ်ခဲ့ကြပါသေးတယ်။ သူတို့နှစ်ယောက်သည် X Artists’ Books ဟု အမည်ရသည့် ပုံနှိပ်တိုက်ကိုလည်း အတူတကွ တည်ထောင်ထားကြသည့် စီးပွါးရေးပါတနာကောင်းများလည်း ဖြစ်ပါတယ်။

- Advertisement -

Reeves သည် Grant နဲ့အတူ ပွဲတက်ရောက်လာချိန်၌ ပျော်ရွှင်နေဟန်ရှိနေပြီး ပရိသတ်တစ်ဦးကလည်း “Keanu Reeves တစ်ယောက် ရည်းစားရသွားတာကို ကိုယ်ကဘာလို့ ဒီလောက်ပျော်နေလဲ မသိပါဘူး။ သူ့ကို ပုဂ္ဂိုလ်ရေးအရ မသိပေမယ့် သူလည်း ကိုယ်တွေလိုမျိုး ပျော်ရွှင်မှုနဲ့ ထိုက်တန်ပါတယ်။” ဟု Twitter ပေါ်မှ တစ်ဆင့် ရေးသားခဲ့ပါတယ်။

အခြားသောပရိသတ်တစ်ဦးကလည်း “Keanu Reeves တစ်ယောက် သူ့ရဲ့ရည်းစားနဲ့အတူ လူလယ်ခေါင်ကို ထွက်မလာတာ ဆယ်စုနှစ်တစ်ခုလောက်ရှိပါပြီ။ အခု သူဘယ်လောက် ပျော်နေလဲ ကြည့်စမ်းပါဦး။” ဟု မှတ်ချက်ပြုခဲ့ပါသေးတယ်။ Reeves ရဲ့ အချစ်ရေးကိစ္စသည် နာကျင်စရာများနဲ့ ပြည့်နှက်ခဲ့ရပြီး (1209၁၉၉၉) ခုနှစ်၌ သူ့ရဲ့ချစ်သူ Jennifer Syme သည် သူတို့ရဲ့သမီးလေးကို ကိုယ်ဝန်ဆောင်ထားရင်း နောက်ဆုံးအချိန်မှ ကိုယ်ဝန်ပျက်ကျခဲ့ရပါတယ်။

အဲ့ဒီနောက် (၁၈) လအကြာ၌ Syme သည်လည်း ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်ခဲ့ပြီး Reeves တစ်ယောက် အထီးကျန်ခဲ့ရပါတယ်။ သူ့ရဲ့ နေထိုင်မှုဘဝနဲ့ ပတ်သက်၍လည်း Reeves က “မင်းသားတွေ၊ မင်းသမီးတွေက အခြားနာမည်ကျော်တွေထက် ပိုပြီး သိုသိုသိပ်သိပ်နေတတ်ကြတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ကတော့ တော်တော်လေး လျှို့ဝှက်တတ်တဲ့လူမျိုးပါ။ Tweet လုပ်စရာတွေ၊   ပြောစရာတွေ၊ တခြားလုပ်စရာတွေ ဘာမှမရှိပါဘူး။” ဟုဖြေကြားခဲ့ဖူးပါတယ်။

<Unicode Version>

 

Source ~ LAD Bible

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

7 + eight =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...