HomeSportမန္စီးတီးေတာင္ပံကစားသမား စတာလင္အတြက္ ရီးရဲယ္မက္ဒရစ္အသင္း မည္သုိ႔ကမ္းလွမ္းရန္ ျပင္ဆင္ထားသလဲ ?

မန္စီးတီးေတာင္ပံကစားသမား စတာလင္အတြက္ ရီးရဲယ္မက္ဒရစ္အသင္း မည္သုိ႔ကမ္းလွမ္းရန္ ျပင္ဆင္ထားသလဲ ?

- Advertisement -

မန္စီးတီးနည္းျပ ဂြါဒီယိုလာလက္ထက္၌ အေကာင္းဆံုးေျခစြမ္းမ်ား ျပသေနသည့္ ေတာင္ပံကစားသမား စတာလင္ကို ေခၚယူရန္အတြက္ ရီးရဲယ္မက္ဒရစ္အသင္း စတင္ျပင္ဆင္ေနၿပီျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚလာခဲ့ပါတယ္။ စတာလင္သည္ လက္ရွိေဘာလံုးရာသီ၌ မန္စီးတီးအသင္းအတြက္ ၿပိဳင္ပြဲစံု (၁၅) ပြဲကစားၿပီး သြင္းဂုိး (၁၃) ဂိုး သြင္းယူေပးထားႏုိင္သည့္ ကစားသမားတစ္ဦးျဖစ္ပါတယ္။

အသက္ (၂၄) ႏွစ္အရြယ္ အဂၤလန္လက္ေရြးစင္ကစားသမားရဲ႕ မန္စီးတီးအသင္းနဲ႔ လက္ရွိစာခ်ဳပ္သက္တမ္းဟာ (၂၀၂၃) ခုႏွစ္၌ ကုန္ဆံုးမည္ျဖစ္ၿပီး ရီးရဲယ္မက္ဒရစ္အသင္းကမူ စတာလင္ကုိ ေခၚယူရန္အတြက္ စတင္ျပင္ဆင္ေနပါတယ္။ Sky Sports သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ရီးရဲယ္မက္ဒရစ္အသင္းရဲ႕ ကင္းေထာက္မ်ားသည္ ႏုိဝင္ဘာလအတြင္း ကစားမည့္ အဂၤလန္အသင္းရဲ႕ ပြဲစဥ္မ်ား၌ စတာလင္ရဲ႕ ေျခစြမ္းကို လာေရာက္ေစာင့္ၾကည့္ရန္ ျပင္ဆင္ေနၿပီး အဲ့ဒီေနာက္တြင္မူ အမွန္တကယ္ ကမ္းလွမ္းသြားရန္ ျပင္ဆင္ထားေၾကာင္း သိရွိရပါတယ္။

မန္စီးတီးအသင္းက စတာလင္အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၁၅၀) သတ္မွတ္ထားေပမယ့္ ရီးရဲယ္မက္ဒရစ္အသင္းကမူ ေျပာင္းေရႊ႕ေၾကးအတြက္ ေငြသားေပါင္သန္း (၇၀) သာ အသံုးျပဳရန္ ဆႏၵရွိေနၿပီး လက္က်န္ေျပာင္းေရႊ႕ေၾကး ပမာဏအတြက္ အသင္းရဲ႕ေတာင္ပံကစားသမား ဂါရတ္ေဘးလ္ကို အလိုက္ေပးကမ္းလွမ္းသြားရန္ ျပင္ဆင္ထားေၾကာင္း သိရွိရပါတယ္။ ဒါေပမယ့္ မန္စီးတီးနည္းျပ ဂြါဒီယိုလာကမူ စတာလင္ကို လက္လႊတ္ခံရန္ စိတ္ကူးမရွိသလို ဂါရတ္ေဘးလ္ရဲ႕ ဒဏ္ရာမွတ္တမ္းကလည္း သူ႔အတြက္ စိတ္ပ်က္စရာအေျခအေနမ်ိဳးပဲျဖစ္ပါတယ္။

- Advertisement -

စတာလင္သည္ မန္စီးတီးအသင္းကို စတင္ေရာက္ရွိလာခဲ့သည့္ (၂၀၁၅) ခုႏွစ္ ေႏြရာသီမွစတင္ကာ အသင္းအတြက္ ပြဲေပါင္း (၂၀၆) ပြဲကစား၊ (၈၂) ဂိုးသြင္း၊ ဂိုးဖန္တီးမႈ အႀကိမ္ (၇၀) ျပဳလုပ္ေပးထားႏုိင္ၿပီး လက္ရွိေျခစြမ္းကိုသာ ဆက္လက္ထိန္းသိမ္းထားႏုိင္မယ္ဆုိပါက ေရာ္နယ္ဒိုနဲ႔မက္ဆီတို႔ေခတ္လြန္ Ballon d’Or ဆုကိုပါ စိန္ေခၚလာႏိုင္မည့္ ကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ျခင္းခံထားရပါတယ္။

- Advertisement -

<Zawgyi Version>

 

မန်စီးတီးနည်းပြ ဂွါဒီယိုလာလက်ထက်၌ အကောင်းဆုံးခြေစွမ်းများ ပြသနေသည့် တောင်ပံကစားသမား စတာလင်ကို ခေါ်ယူရန်အတွက် ရီးရဲယ်မက်ဒရစ်အသင်း စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ စတာလင်သည် လက်ရှိဘောလုံးရာသီ၌ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၁၅) ပွဲကစားပြီး သွင်းဂိုး (၁၃) ဂိုး သွင်းယူပေးထားနိုင်သည့် ကစားသမားတစ်ဦးဖြစ်ပါတယ်။

အသက် (၂၄) နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကစားသမားရဲ့ မန်စီးတီးအသင်းနဲ့ လက်ရှိစာချုပ်သက်တမ်းဟာ (၂၀၂၃) ခုနှစ်၌ ကုန်ဆုံးမည်ဖြစ်ပြီး ရီးရဲယ်မက်ဒရစ်အသင်းကမူ စတာလင်ကို ခေါ်ယူရန်အတွက် စတင်ပြင်ဆင်နေပါတယ်။ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲယ်မက်ဒရစ်အသင်းရဲ့ ကင်းထောက်များသည် နိုဝင်ဘာလအတွင်း ကစားမည့် အင်္ဂလန်အသင်းရဲ့ ပွဲစဉ်များ၌ စတာလင်ရဲ့ ခြေစွမ်းကို လာရောက်စောင့်ကြည့်ရန် ပြင်ဆင်နေပြီး အဲ့ဒီနောက်တွင်မူ အမှန်တကယ် ကမ်းလှမ်းသွားရန် ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။

မန်စီးတီးအသင်းက စတာလင်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၅၀) သတ်မှတ်ထားပေမယ့် ရီးရဲယ်မက်ဒရစ်အသင်းကမူ ပြောင်းရွှေ့ကြေးအတွက် ငွေသားပေါင်သန်း (၇၀) သာ အသုံးပြုရန် ဆန္ဒရှိနေပြီး လက်ကျန်ပြောင်းရွှေ့ကြေး ပမာဏအတွက် အသင်းရဲ့တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို အလိုက်ပေးကမ်းလှမ်းသွားရန် ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။ ဒါပေမယ့် မန်စီးတီးနည်းပြ ဂွါဒီယိုလာကမူ စတာလင်ကို လက်လွှတ်ခံရန် စိတ်ကူးမရှိသလို ဂါရတ်ဘေးလ်ရဲ့ ဒဏ်ရာမှတ်တမ်းကလည်း သူ့အတွက် စိတ်ပျက်စရာအခြေအနေမျိုးပဲဖြစ်ပါတယ်။

စတာလင်သည် မန်စီးတီးအသင်းကို စတင်ရောက်ရှိလာခဲ့သည့် (၂၀၁၅) ခုနှစ် နွေရာသီမှစတင်ကာ အသင်းအတွက် ပွဲပေါင်း (၂၀၆) ပွဲကစား၊ (၈၂) ဂိုးသွင်း၊ ဂိုးဖန်တီးမှု အကြိမ် (၇၀) ပြုလုပ်ပေးထားနိုင်ပြီး လက်ရှိခြေစွမ်းကိုသာ ဆက်လက်ထိန်းသိမ်းထားနိုင်မယ်ဆိုပါက ရော်နယ်ဒိုနဲ့မက်ဆီတို့ခေတ်လွန် Ballon d’Or ဆုကိုပါ စိန်ခေါ်လာနိုင်မည့် ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။

<Unicode Version>

 

- Advertisement -

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

5 + 16 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...