HomeSportေပါင္သန္း (၁၀၀) တန္ ေတာင္ပံကစားသမားေလးကို ျပန္လည္စိတ္ဝင္စားလာသည့္ ရီးရဲယ္မက္ဒရစ္။

ေပါင္သန္း (၁၀၀) တန္ ေတာင္ပံကစားသမားေလးကို ျပန္လည္စိတ္ဝင္စားလာသည့္ ရီးရဲယ္မက္ဒရစ္။

- Advertisement -

ရီးရဲယ္မက္ဒရစ္အသင္းသည္ ေဒါ့မြန္အသင္းရဲ႕ ညာေတာင္ပံတိုက္စစ္ကစားသမားေလး ဆန္ခ်ိဳကုိ ေခၚယူရန္အတြက္ ျပန္လည္စိတ္ဝင္စားလာခဲ့ပါတယ္။ မန္စီးတီးအကယ္ဒမီထြက္ အဆိုပါ ကစားသမားေလးသည္ (၂၀၁၇) ခုႏွစ္၌ အဂၤလန္ေျမကို စြန္႔ခြာခဲ့ၿပီး ေဒါ့မြန္အသင္းနဲ႔ ပထမဆံုး  ေဘာလံုးရာသီ၌ပင္ ပံုစံေကာင္းမ်ား ျပသႏုိင္ျခင္းေၾကာင့္ ဥေရာပထိပ္သီးအသင္းမ်ားကို စိတ္ဝင္စားျခင္းကုိ ခံခဲ့ရသည့္ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္၌ Daily Mail သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ ရီးရဲယ္မက္ဒရစ္နည္းျပ ဇီဒန္းသည္ အသင္းရဲ႕တိုက္စစ္ပိုင္းအတြက္ ေနာက္ထပ္အင္အားျဖည့္တင္းမႈမ်ား ျပဳလုပ္ရန္ စီစဥ္ေနၿပီး ဆန္ခ်ိဳကို ထိပ္တန္းပစ္မွတ္အျဖစ္ ဦးစားေပးေခၚယူရန္ စဥ္းစားေနေၾကာင္း သိရွိရပါတယ္။ အသက္ (၁၉) ႏွစ္အရြယ္ ဆန္ခ်ိဳသည္ လက္ရွိေဘာလံုးရာသီ၌ ေဒါ့မြန္အသင္းအတြက္ ၿပိဳင္ပဲြစံု (၁၄) ပြဲ ကစား၊ (၄) ဂုိးသြင္း၊ (၇) ဂုိးဖန္တီးေပးထားၿပီး ေဒါ့မြန္အသင္းကမူ အဆိုပါအဂၤလန္လက္ေရြးစင္ကစားသမားေလးအတြက္  ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၁၀၀) သတ္မွတ္ထားပါတယ္။

ရီးရဲယ္မက္ဒရစ္အသင္းရဲ႕ ဆန္ခ်ိဳအေပၚ စိတ္ဝင္စားလာမႈက ယူႏုိက္တက္အသင္းအတြက္ စိုးရိမ္စရာျဖစ္လာခဲ့ပါတယ္။ ယူႏုိက္တက္အသင္းသည္ ဆန္ခ်ိဳကုိ ေခၚယူရန္အတြက္ ၿပီးခဲ့သည့္ အေျပာင္းအေရႊ႕ရာသီမ်ားတည္းက ပစ္မွတ္ထားခဲ့ၿပီး လာမယ့္ေဆာင္းရာသီ (ဒါမွမဟုတ္)  ေႏြရာသီအေျပာင္းအေရႊ႕၌ ဆန္ခ်ိဳအတြက္ ေဒါ့မြန္အသင္း ေတာင္းဆိုေနသည့္ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၁၀၀) ကို ေပးေခ်သြားရန္ ျပင္ဆင္ထားေၾကာင္း သတင္းမ်ားက ေဖာ္ျပေနပါတယ္။

- Advertisement -

ဒါေပမယ့္ ခ်န္ပီယံလိဂ္ကစားခြင့္မရွိသည့္ အေနအထား၌ ရီးရဲယ္မက္ဒရစ္ကဲ့သုိ႔ ဘ႑ာေရးအင္အားခ်င္း ယွဥ္ႏုိင္သည့္ အသင္းက ဆန္ခ်ိဳကို စိတ္ဝင္စားလာခဲ့ျခင္းက ယူႏုိက္တက္အသင္းအတြက္ေတာ့ ထိုးႏွက္ခ်က္တစ္ခုျဖစ္လာႏုိင္ဖြယ္ ရွိေနပါတယ္။

- Advertisement -

<Zawgyi Version>

 

ရီးရဲယ်မက်ဒရစ်အသင်းသည် ဒေါ့မွန်အသင်းရဲ့ ညာတောင်ပံတိုက်စစ်ကစားသမားလေး ဆန်ချိုကို ခေါ်ယူရန်အတွက် ပြန်လည်စိတ်ဝင်စားလာခဲ့ပါတယ်။ မန်စီးတီးအကယ်ဒမီထွက် အဆိုပါ ကစားသမားလေးသည် (၂၀၁၇) ခုနှစ်၌ အင်္ဂလန်မြေကို စွန့်ခွာခဲ့ပြီး ဒေါ့မွန်အသင်းနဲ့ ပထမဆုံး  ဘောလုံးရာသီ၌ပင် ပုံစံကောင်းများ ပြသနိုင်ခြင်းကြောင့် ဥရောပထိပ်သီးအသင်းများကို စိတ်ဝင်စားခြင်းကို ခံခဲ့ရသည့် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

လက်ရှိအချိန်၌ Daily Mail သတင်းစာရဲ့ ဖော်ပြချက်အရ ရီးရဲယ်မက်ဒရစ်နည်းပြ ဇီဒန်းသည် အသင်းရဲ့တိုက်စစ်ပိုင်းအတွက် နောက်ထပ်အင်အားဖြည့်တင်းမှုများ ပြုလုပ်ရန် စီစဉ်နေပြီး ဆန်ချိုကို ထိပ်တန်းပစ်မှတ်အဖြစ် ဦးစားပေးခေါ်ယူရန် စဉ်းစားနေကြောင်း သိရှိရပါတယ်။ အသက် (၁၉) နှစ်အရွယ် ဆန်ချိုသည် လက်ရှိဘောလုံးရာသီ၌ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ (၁၄) ပွဲ ကစား၊ (၄) ဂိုးသွင်း၊ (၇) ဂိုးဖန်တီးပေးထားပြီး ဒေါ့မွန်အသင်းကမူ အဆိုပါအင်္ဂလန်လက်ရွေးစင်ကစားသမားလေးအတွက်  ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) သတ်မှတ်ထားပါတယ်။

ရီးရဲယ်မက်ဒရစ်အသင်းရဲ့ ဆန်ချိုအပေါ် စိတ်ဝင်စားလာမှုက ယူနိုက်တက်အသင်းအတွက် စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။ ယူနိုက်တက်အသင်းသည် ဆန်ချိုကို ခေါ်ယူရန်အတွက် ပြီးခဲ့သည့် အပြောင်းအရွှေ့ရာသီများတည်းက ပစ်မှတ်ထားခဲ့ပြီး လာမယ့်ဆောင်းရာသီ (ဒါမှမဟုတ်)  နွေရာသီအပြောင်းအရွှေ့၌ ဆန်ချိုအတွက် ဒေါ့မွန်အသင်း တောင်းဆိုနေသည့် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) ကို ပေးချေသွားရန် ပြင်ဆင်ထားကြောင်း သတင်းများက ဖော်ပြနေပါတယ်။

ဒါပေမယ့် ချန်ပီယံလိဂ်ကစားခွင့်မရှိသည့် အနေအထား၌ ရီးရဲယ်မက်ဒရစ်ကဲ့သို့ ဘဏ္ဍာရေးအင်အားချင်း ယှဉ်နိုင်သည့် အသင်းက ဆန်ချိုကို စိတ်ဝင်စားလာခဲ့ခြင်းက ယူနိုက်တက်အသင်းအတွက်တော့ ထိုးနှက်ချက်တစ်ခုဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

<Unicode Version>

 

- Advertisement -

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

2 × 4 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...