HomeTechကမာၻ႔အႀကီးမားဆံုးေသာ 5G Networkကို စတင္မိတ္ဆက္လိုက္ၿပီျဖစ္တ့ဲ တ႐ုတ္ႏိုင္ငံ။

ကမာၻ႔အႀကီးမားဆံုးေသာ 5G Networkကို စတင္မိတ္ဆက္လိုက္ၿပီျဖစ္တ့ဲ တ႐ုတ္ႏိုင္ငံ။

- Advertisement -

ႏိုဝင္ဘာလ ၁ရက္ေန႔မွာ တ႐ုတ္ႏိုင္ငံဟာ ကမာၻ႔အႀကီးမားဆံုးေသာ 5G Networkကို တ႐ုတ္ျပည္သူလူထုကို စတင္ျဖန္႔ျဖဴးေပးလိုက္တာပဲျဖစ္ပါတယ္။ အခုခ်ိန္မွာဆုိရင္ေတာ့ တ႐ုတ္ျပည္သူလူထုဟာ တစ္လအတြင္း 30GB ကို ၁၈ ေဒၚလာ သို႔ တ႐ုတ္ေငြယြမ္ ၁၂၈ ေပးသြင္းျခင္းအားျဖင့္ ျမန္ႏႈန္းျမင့္ 5G အင္တာနက္နဲ႔ အသံုးျပဳႏိုင္ၿပီျဖစ္ပါတယ္။ ျမန္ႏႈန္းျမင့္ 5G အင္တာနက္ကို တ႐ုတ္ႏိုင္ငံက ေဘဂ်င္းနဲ႔ ရွန္ဟိုင္းစတဲ့ ၿမိဳ႕ႀကီးမ်ားအပါအဝင္ အျခားေသာၿမိဳ႕ေပါင္း ၅၀ မွာလည္း စတင္အသံုးျပဳႏိုင္ၿပီျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုႏွင့္ ေတာင္ကိုးရီးယားႏိုင္ငံတို႔တြင္လည္း ၂၀၁၉ ခုႏွစ္ အေစာပိုင္းတြင္ ျမန္ႏႈန္းျမင့္ 5G အင္တာနက္ကို ျဖန္႔ျဖဴးထားၿပီးျဖစ္ပါတယ္။ သို႔ေသာ္လည္း တ႐ုတ္ႏိုင္ငံက စတင္ျဖန္႔ျဖဴးလိုက္တဲ့ ျမန္ႏႈန္းျမင့္ 5G အင္တာနက္ကို ေၾကာ္ျငာထားတာကိုၾကည့္ျခင္းအားျဖင့္ တ႐ုတ္ႏိုင္ငံက နည္းပညာပိုင္းဆိုင္ရာက႑မွာ အျခားေသာႏိုင္ငံေတြထက္ အမ်ားႀကီးသာေၾကာင္း သိႏိုင္တာပဲျဖစ္ပါတယ္။

ဒါ့အျပင္ တ႐ုတ္ႏိုင္ငံမွာ လူမႈေရးနဲ႔စီးပြားေရးတို႔အတြက္ တ႐ုတ္ျပည္သူလူထု သန္း ၈၅၀ ေလာက္က အင္တာနက္ကို က်ယ္ျပန္႔စြာအသံုးျပဳေနၾကၿပီးျဖစ္ပါတယ္။ မၾကာေသးခင္က တ႐ုတ္ျပည္သူလူထုကို စတင္မိတ္ဆက္ေပးလိုက္တဲ့ ျမန္ႏႈန္းျမင့္ 5G အင္တာနက္ကိုလည္း သန္း ၁၁၀ ေလာက္က အသံုးျပဳမည္ျဖစ္ေၾကာင္း ပညာရွင္ေတြက ခန္႔မွန္းထားၾကတာပဲျဖစ္ပါတယ္။

- Advertisement -

Huawei ကုမၸဏီကလည္း တ႐ုတ္ႏိုင္ငံရဲ႕ ျမန္ႏႈန္းျမင့္ 5G အင္တာနက္နဲ႔ ပတ္သက္ၿပီး အခ်က္အခ်ာက်တဲ့ အခန္းက႑မွာ ပါဝင္ထားၿပီးျဖစ္ပါတယ္။ Huawei ကုမၸဏီဟာ အေမရိကန္ျပည္ေထာင္စုရဲ႕  ေစ်းကြက္ပိတ္ဆို႔မႈေၾကာင့္ အခက္အခဲေတြ ႀကံဳေတြ႔ခဲ့ရေသာ္လည္း Huaweiကို ႀကိဳက္ႏွစ္သက္ၾကတဲ့ ဝယ္ယူအားေပးသူေတြေၾကာင့္ ေရာင္းအားက်ဆင္းသြားျခင္းမရွိဘူးလို႔လည္း Huawei ကုမၸဏီက  ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေဘဂ်င္းၿမိဳ႕တြင္ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတစ္ခုမွာ ဆိုခဲ့ပါတယ္။

- Advertisement -

<Zawgyi Version>

 

နိုဝင်ဘာလ ၁ရက်နေ့မှာ တရုတ်နိုင်ငံဟာ ကမ္ဘာ့အကြီးမားဆုံးသော 5G Networkကို တရုတ်ပြည်သူလူထုကို စတင်ဖြန့်ဖြူးပေးလိုက်တာပဲဖြစ်ပါတယ်။ အခုချိန်မှာဆိုရင်တော့ တရုတ်ပြည်သူလူထုဟာ တစ်လအတွင်း 30GB ကို ၁၈ ဒေါ်လာ သို့ တရုတ်ငွေယွမ် ၁၂၈ ပေးသွင်းခြင်းအားဖြင့် မြန်နှုန်းမြင့် 5G အင်တာနက်နဲ့ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ မြန်နှုန်းမြင့် 5G အင်တာနက်ကို တရုတ်နိုင်ငံက ဘေဂျင်းနဲ့ ရှန်ဟိုင်းစတဲ့ မြို့ကြီးများအပါအဝင် အခြားသောမြို့ပေါင်း ၅၀ မှာလည်း စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုးရီးယားနိုင်ငံတို့တွင်လည်း ၂၀၁၉ ခုနှစ် အစောပိုင်းတွင် မြန်နှုန်းမြင့် 5G အင်တာနက်ကို ဖြန့်ဖြူးထားပြီးဖြစ်ပါတယ်။ သို့သော်လည်း တရုတ်နိုင်ငံက စတင်ဖြန့်ဖြူးလိုက်တဲ့ မြန်နှုန်းမြင့် 5G အင်တာနက်ကို ကြော်ငြာထားတာကိုကြည့်ခြင်းအားဖြင့် တရုတ်နိုင်ငံက နည်းပညာပိုင်းဆိုင်ရာကဏ္ဍမှာ အခြားသောနိုင်ငံတွေထက် အများကြီးသာကြောင်း သိနိုင်တာပဲဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံမှာ လူမှုရေးနဲ့စီးပွားရေးတို့အတွက် တရုတ်ပြည်သူလူထု သန်း ၈၅၀ လောက်က အင်တာနက်ကို ကျယ်ပြန့်စွာအသုံးပြုနေကြပြီးဖြစ်ပါတယ်။ မကြာသေးခင်က တရုတ်ပြည်သူလူထုကို စတင်မိတ်ဆက်ပေးလိုက်တဲ့ မြန်နှုန်းမြင့် 5G အင်တာနက်ကိုလည်း သန်း ၁၁၀ လောက်က အသုံးပြုမည်ဖြစ်ကြောင်း ပညာရှင်တွေက ခန့်မှန်းထားကြတာပဲဖြစ်ပါတယ်။

Huawei ကုမ္ပဏီကလည်း တရုတ်နိုင်ငံရဲ့ မြန်နှုန်းမြင့် 5G အင်တာနက်နဲ့ ပတ်သက်ပြီး အချက်အချာကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်ထားပြီးဖြစ်ပါတယ်။ Huawei ကုမ္ပဏီဟာ အမေရိကန်ပြည်ထောင်စုရဲ့  စျေးကွက်ပိတ်ဆို့မှုကြောင့် အခက်အခဲတွေ ကြုံတွေ့ခဲ့ရသော်လည်း Huaweiကို ကြိုက်နှစ်သက်ကြတဲ့ ဝယ်ယူအားပေးသူတွေကြောင့် ရောင်းအားကျဆင်းသွားခြင်းမရှိဘူးလို့လည်း Huawei ကုမ္ပဏီက  ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဘေဂျင်းမြို့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဆိုခဲ့ပါတယ်။

<Unicode Version>

 

- Advertisement -

Source ~ CNN News

#SY(Soshwe)

#SoshweNews

#SoshweForYourDailyLife
#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

19 − 19 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...