HomeEntertainmentကမ္ဘာတစ်ဝှမ်း စည်ကားသိုက်မြိုက်စွာကျင်းပခဲ့တဲ့ ၂၀၁၉ ခုနှစ် Halloween ပွဲတော်ပုံရိပ်များ။
ကမ္ဘာတစ်ဝှမ်း စည်ကားသိုက်မြိုက်စွာကျင်းပခဲ့တဲ့ ၂၀၁၉ ခုနှစ် Halloween ပွဲတော်ပုံရိပ်များ။
- Advertisement -
- Advertisement -
- Advertisement -
- Advertisement -
<Zawgyi Version>
အနောက်နိုင်ငံတွေကနေ စတင်လာခဲ့တဲ့ Holloween နေ့ကို ကျင်းပပြုလုပ်ခြင်းဟာ တစ်ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ခုဖြစ်လာခဲ့ပါတယ်။ ကမ္ဘာအနှံ့အပြားမှာလည်း Halloween ပွဲတော်ကို ကျင်းပတဲ့အနေနဲ့ လမ်းလျှောက်ပြပွဲတွေ၊ ထိတ်လန့်ကြောက်မက်ဖွယ်ရာ အဝတ်အစားအပြင်အဆင်တွေကို ပုံတူဝတ်စားဆင်ယင်ကာ တက်ရောက်ကျင်းပခဲ့သူ အများအပြားလည်းရှိပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာလည်း Halloween နေ့ကို ပုံစံမျိုးစုံ၊ နည်းမျိုးစုံဖြင့် အတီးတစ်လှည့်၊ အဆိုတစ်လှည့်၊ အကတစ်လှည့်ဖြင့် ကျင်းပထားပုံတွေကို Soshwe ပရိသတ်ကြီးအတွက် အောက်မှာဖော်ပြပေးလိုက်ပါတယ်။
၁။ စကော့တလန်နိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ Paisley Halloween ပွဲတော်မှာ ပုံတူဝတ်စားဆင်ယင်ကာ   ဖျော်ဖြေနေတဲ့ အတီးပညာရှင်များ။
၂။ ယူကရိန်းနိုင်ငံ Kyiv ပြည်နယ်မှာ Zombie လမ်းလျှောက်ပြပွဲမှာ Zombie တွေလို ဝတ်ဆင်ကာ ကပြဖျော်ဖြေနေတဲ့ အကပညာရှင်များ။
၃။ ဂျပန်နိုင်ငံ ကာဝါစကီမြို့က Halloween ပွဲတော်အတွက် ထူးထူးဆန်းဆန်းဝတ်စားဆင်ယင်ထားတဲ့သူများ။
၄။ အရိုးစုဝတ်စုံကို ဝတ်ဆင်ပြီး ဖရုံသီးကောက်နေတဲ့ အသက် ၂နှစ်အရွယ် Leo Jackson ဆိုသူလေး။
၅။ အိမ်ဖြူတော်အတွင် Halloween ပွဲတော်ကို တက်ရောက်လာတဲ့သူတွေကို သကြားလုံးနဲ့  ချောကလက်တွေ  ပေးဝေခဲ့တဲ့ အမေရိကန်ပြည်ထောင်စု သမ္မတ Donald Trump နှင့် သမ္မတကတော် Melania Trump
၆။ ကယ်လီဖိုးနီးယားပြည်နယ် New Port ကမ်းခြေမှာ ကျင်းပခဲ့တဲ့ ၁၆ကြိမ်မြောက် Halloween ပွဲတော်ကို တက်ရောက်ခဲ့ကြသူများ။
၇။ Halloweenပွဲတော် ဆင်နွှဲရန်အတွက် အမေရိကန်ပြည်ထောင်စု သမ္မတ Donald Trump ပုံစံနှင့် နွားပုံစံတွေကို ပုံတူဝတ်စားဆင်ခဲ့ကြသူများ။
၈။ ထိုင်းနိုင်ငံ ဘန်ကောက်ပြည်နယ်မှာကျင်းပတဲ့ Halloween ပွဲတော်အတွက် ဗုဒ္ဓဘာသာဘုန်းကြီးပုံ ဝတ်ဆင်ခဲ့ကြသူများ။
၉။ Halloween ပွဲတော် ကျင်းပတဲ့အနေနဲ့ လမ်းမပေါ်မှာ အရိုးစုပုံစံ တီထွင်ဖန်တီးထားပုံများ။
၁၀။ မက်ဆီကိုမြို့ Halloween ပွဲတော်ကို ကာတွန်းဇာတ်ကောင် La Catrina လို  ဝတ်စားဆင်ယင်ခဲ့တဲ့  ကောင်မလေးတစ်ယောက်။
၁၁။ ယော့ခ်ရှိုင်းယားပြည်နယ်မှာ ကျင်းပတဲ့ Halloween ပွဲတော်ကို သွေးစုတ်ဖုတ်ကောင်ပုံစံ ဆင်ယင်ဝတ်စားခဲ့တဲ့ အမျိုးသမီးတစ်ဦး။
<Unicode Version>
- Advertisement -
LEAVE A REPLY
Please enter your comment!
Please enter your name here
five × five =
Must Read
အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။
အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...