HomeOtherAnimalsကယ်လီဖိုးနီးယားပြည်နယ် မီးလောင်ကျွမ်းမှုအတွင်း မီးငြိမ်းသတ်ရာမှာ ကူညီပေးခဲ့တဲ့ ဆိတ်လေးတွေ။
ကယ်လီဖိုးနီးယားပြည်နယ် မီးလောင်ကျွမ်းမှုအတွင်း မီးငြိမ်းသတ်ရာမှာ ကူညီပေးခဲ့တဲ့ ဆိတ်လေးတွေ။
- Advertisement -
- Advertisement -
- Advertisement -
<Zawgyi Version>
- Advertisement -
အောက်တိုဘာလ ၂၃ ရက်နေ့မှာ စတင်လောင်ကျွမ်းခဲ့တဲ့ ကယ်လီဖိုးနီးယားပြည်နယ်  တောမီးလောင်ကျွမ်းမှုဟာ ထင်ထားတာထက် အခြေအနေပိုဆိုးရွားခဲ့ပါတယ်။ ဧကပေါင်း ရာကျော်လောင်ကျွမ်းခဲ့ပြီး ကယ်လီဖိုးနီးယား ပြည်နယ်သားတွေကိုလည်း သူတို့ရဲ့အိုးအိမ်တွေကို ဆုံးရှုံးစေခဲ့ပါတယ်။ ဦးတည်ရာမဲ့လောင်ကျွမ်းနေတဲ့ တောမီးလောင်ကျွမ်းမှုကြီးကို ကယ်လီဖိုးနီးယားပြည်နယ်နှင့် ပြည်နယ်အနီးတစ်ဝိုက်ရှိ အခြားသောပြည်နယ်များမှ မီးသတ်ဌာနအသီးသီးက မီးသတ်သမားများဟာလည်း အစွမ်းကုန် ကြိုးစားငြိမ်းသတ်ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်မှာ ဆက်တိုက်လောင်ကျွမ်းနေတဲ့ တောမီးကို ခတ္တခဏငြိမ်းသွားအောင် ကြိုးစားပေးခဲ့တဲ့ထဲမှာ ဆိတ်လေးတွေလည်း ပါဝင်ခဲ့တာကို အံ့သြစွာသိရတာပဲဖြစ်ပါတယ်။  လော့စ်အိန်ဂျလိစ်မှာရှိတဲ့ စာကြည့်တိုက်တစ်ခုဟာ မီးသတိပြုဖို့အတွက် သတိပေးစာရခဲ့ပြီးနောက် ဆိတ်အကောင် ၈၀၀ ကျော်ကို စာကြည့်တိုက်အနီးတစ်ဝိုက်မှာရှိတဲ့ ၁၃ ဧကသော ချုံပုတ်တွေကို ရှင်းလင်းစေခဲ့တာပဲဖြစ်ပါတယ်။
စာကြည့်တိုက်ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ Melissa Gille rက “ဆိတ်လေးတွေရဲ့ ချုံပုတ်တွေကို စားသောက်ခြင်းဖြင့် ကူညီပေးခြင်းကြောင့် တောမီးလောင်ကျွမ်းမှု ခတ္တခဏငြိမ်းသွားတာက မီးသတ်သမားတွေအတွက် နောက်ထပ်မီးငြိမ်းသတ်ဖို့ ပိုမိုအထောက်အကူပြုရာရောက်သွားတယ်။”လို့ ဆိုခဲ့ပါတယ်။
အဆိုပါတောမီးလောင်ကျွမ်းတဲ့အခါမှာ မီးဘေးအန္တရာယ်ထဲ ကျရောက်နေတဲ့ တိရစ္ဆာန်လေးတွေကို ကူညီကယ်ဆယ်ပေးသူတွေရှိခဲ့ပြီး အချို့သောတောရိုင်းတိရစ္ဆာန်များကတော့ မီးဘေးဒဏ်ကို အလူးအလဲခံလိုက်ရတာပဲဖြစ်ပါတယ်။
<Unicode Version>
Source ~ BBC News
#SY(Soshwe)
#SoshweAnimal
#SoshweForYourDailyLife
#Like&Share
- Advertisement -
LEAVE A REPLY
Please enter your comment!
Please enter your name here
eighteen + five =
Must Read
အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။
အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...