One Direction အဖဲြ႕ဝင္ေဟာင္း တစ္ေယာက္ျဖစ္သူ Liam Payne သည္ Hugo ေၾကာ္ျငာသစ္အတြက္ Stella Maxwell နဲ႔အတူ ရင္သပ္ရႈေမာဖြယ္ရာ ရိုက္ခ်က္မ်ားျဖင့္ ရုိက္ကူးခဲ့ေၾကာင္း သိရွိရပါတယ္။ အေပၚပိုင္းခႏၶာကိုယ္ဗလာက်င္းျဖင့္ Liam သည္ သူ႔ရဲ႕ခႏၶာကိုယ္၌ Hugo တံဆိပ္ အတြင္းခံေဘာင္းဘီတစ္ထည္ကိုသာ ဝတ္ဆင္ထားၿပီး ဆဲြေဆာင္မႈရွိသည့္ ၾကြက္သားမ်ားျဖင့္ ပ်ိဳေမမ်ားကို အေကာင္းဆံုး ဆဲြေဆာင္ႏုိင္ခဲ့ပါတယ္။
Stella သည္လည္း Liam နဲ႔ တဲြဖက္ရင္း အေပၚပိုင္း ဗလာက်င္း၊ ကိုယ္လံုးတီးမ်ားျဖင့္ ဓာတ္ပံုအရိုက္ခံခဲ့ၿပီး ရင္ဖိုဖြယ္ရာဓာတ္ပံုမ်ားအျဖစ္လည္း ပရိသတ္မ်ားက မွတ္ခ်က္ျပဳေျပာၾကားခဲ့ပါတယ္။ အဆုိပါ ရိုက္ကြင္းနဲ႔ ပတ္သက္၍ အသက္ (၂၆) ႏွစ္အရြယ္ Liam က “ဒီရိုက္ကြင္းကို ရိုက္ဖို႔အတြက္ မကၠဆီကန္အရက္ေတြေသာက္ကာ ရဲေဆးတင္ခဲ့ရၿပီး ကြ်န္ေတာ္ထင္ထားတာထက္ေတာင္ အဝတ္အစားမပါတဲ့ပံုေတြပိုမ်ားခဲ့ပါတယ္။ Stella လည္း အတူတူပါပဲ။ ရိုက္ေနတဲ့အခ်ိန္မွာေတာ့ သူက ကြ်န္ေတာ့္ေနာက္မွာ ကိုယ္လံုးတီးနဲ႔ဆုိေတာ့ မၾကည့္နဲ႔။ Liam ဘာပဲလုပ္လုပ္လွည့္မၾကည့္နဲ႔ဆုိၿပီး ကုိယ့္ကိုကုိယ္ ေျပာေနရတာေပါ့။” ဟု သူ႔ရဲ႕ အေတြ႕အႀကံဳမ်ားကို ေျပာျပသြားခဲ့ပါတယ္။
သူ႔ရဲ႕ ယခုရုိက္ကြင္းနဲ႔ ပတ္သက္၍မူ Liam ရဲ႕ ပူပူေႏြးေႏြးခ်စ္သူအသစ္ Maya တစ္ေယာက္ ေပ်ာ္ရႊင္ေနမွာ မဟုတ္ဘူးလုိ႔ ပရိသတ္ေတြက ယူဆေနၾကပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးနဲ႔ ပတ္သက္၍လည္း Liam က “ကြ်န္ေတာ္ အခု အရမ္းကို ေပ်ာ္ရႊင္ေနၿပီး အရာအားလံုးက အဆင္ေျပေကာင္းမြန္ေနပါတယ္။ ကြ်န္ေတာ့္ရဲ႕ အေကာင္းဆံုးသူငယ္ခ်င္းအျဖစ္ လက္တဲြေဖာ္ေကာင္းကိုပါ ရွာေတြ႕ခဲ့တာပါ။ သူမက အရာရာမွာ ေအးေဆးတည္ၿငိမ္ၿပီး ဘယ္လိုအေျခအေနမ်ိဳးမွာပဲျဖစ္ျဖစ္ ကိုယ့္ရဲ႕ေနာက္မွာ အၿမဲတမ္းရွိေနမယ့္ လူူမ်ိဳးပါ။” ဟု ဖြင့္ဟေျပာၾကားမႈမ်ား ျပဳလုပ္ခဲ့ဖူးေၾကာင္းလည္း သိရွိရပါတယ္။
<Zawgyi Version>
One Direction အဖွဲ့ဝင်ဟောင်း တစ်ယောက်ဖြစ်သူ Liam Payne သည် Hugo ကြော်ငြာသစ်အတွက် Stella Maxwell နဲ့အတူ ရင်သပ်ရှုမောဖွယ်ရာ ရိုက်ချက်များဖြင့် ရိုက်ကူးခဲ့ကြောင်း သိရှိရပါတယ်။ အပေါ်ပိုင်းခန္ဓာကိုယ်ဗလာကျင်းဖြင့် Liam သည် သူ့ရဲ့ခန္ဓာကိုယ်၌ Hugo တံဆိပ် အတွင်းခံဘောင်းဘီတစ်ထည်ကိုသာ ဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိသည့် ကြွက်သားများဖြင့် ပျိုမေများကို အကောင်းဆုံး ဆွဲဆောင်နိုင်ခဲ့ပါတယ်။
Stella သည်လည်း Liam နဲ့ တွဲဖက်ရင်း အပေါ်ပိုင်း ဗလာကျင်း၊ ကိုယ်လုံးတီးများဖြင့် ဓာတ်ပုံအရိုက်ခံခဲ့ပြီး ရင်ဖိုဖွယ်ရာဓာတ်ပုံများအဖြစ်လည်း ပရိသတ်များက မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။ အဆိုပါ ရိုက်ကွင်းနဲ့ ပတ်သက်၍ အသက် ၂၆) နှစ်အရွယ် Liam က “ဒီရိုက်ကွင်းကို ရိုက်ဖို့အတွက် မက္ကဆီကန်အရက်တွေသောက်ကာ ရဲဆေးတင်ခဲ့ရပြီး ကျွန်တော်ထင်ထားတာထက်တောင် အဝတ်အစားမပါတဲ့ပုံတွေပိုများခဲ့ပါတယ်။ Stella လည်း အတူတူပါပဲ။ ရိုက်နေတဲ့အချိန်မှာတော့ သူက ကျွန်တော့်နောက်မှာ ကိုယ်လုံးတီးနဲ့ဆိုတော့ မကြည့်နဲ့။ Liam ဘာပဲလုပ်လုပ်လှည့်မကြည့်နဲ့ဆိုပြီး ကိုယ့်ကိုကိုယ် ပြောနေရတာပေါ့။” ဟု သူ့ရဲ့ အတွေ့အကြုံများကို ပြောပြသွားခဲ့ပါတယ်။
သူ့ရဲ့ ယခုရိုက်ကွင်းနဲ့ ပတ်သက်၍မူ Liam ရဲ့ ပူပူနွေးနွေးချစ်သူအသစ် Maya တစ်ယောက် ပျော်ရွှင်နေမှာ မဟုတ်ဘူးလို့ ပရိသတ်တွေက ယူဆနေကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်၍လည်း Liam က “ကျွန်တော် အခု အရမ်းကို ပျော်ရွှင်နေပြီး အရာအားလုံးက အဆင်ပြေကောင်းမွန်နေပါတယ်။ ကျွန်တော့်ရဲ့ အကောင်းဆုံးသူငယ်ချင်းအဖြစ် လက်တွဲဖော်ကောင်းကိုပါ ရှာတွေ့ခဲ့တာပါ။ သူမက အရာရာမှာ အေးဆေးတည်ငြိမ်ပြီး ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့နောက်မှာ အမြဲတမ်းရှိနေမယ့် လူူမျိုးပါ။” ဟု ဖွင့်ဟပြောကြားမှုများ ပြုလုပ်ခဲ့ဖူးကြောင်းလည်း သိရှိရပါတယ်။
<Unicode Version>
Source ~ Mirror
#HM(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share