HomeEntertainmentရဲတပ္ဖဲြ႕ရဲ႕ စံုစမ္းစစ္ေဆးမႈကို ခံယူေနရသည့္ BTS ၾကယ္ပြင့္။

ရဲတပ္ဖဲြ႕ရဲ႕ စံုစမ္းစစ္ေဆးမႈကို ခံယူေနရသည့္ BTS ၾကယ္ပြင့္။

- Advertisement -

ေတာင္ကိုရီးယားႏုိင္ငံရဲ႕ ေကေပါ့ပ္အဆုိေတာ္အဖဲြ႕ျဖစ္သည့္ BTS အဖဲြ႕မွ ၾကယ္ပြင့္ Jungkook သည္ ႏုိဝင္ဘာလ (၂) ရက္ေန႔က ျဖစ္ပြါးခဲ့သည့္ ယာဥ္တိုက္မႈေၾကာင့္ ရဲတပ္ဖဲြ႕ရဲ႕ စံုစမ္းစစ္ေဆးမႈကို ခံယူေနရေၾကာင္း သိရွိရပါတယ္။ အသက္ (၂၂) ႏွစ္အရြယ္ Jungkook သည္ သူ႔ရဲ႕ မာစီးဒီးစ္ကားျဖင့္ တကၠစီတစ္စီးကို တိုက္မိခဲ့ျခင္းျဖစ္ၿပီး တစ္ဖက္က တကၠစီဒရိုင္ဘာနဲ႔ Jungkook တုိ႔ ႏွစ္ဦးလံုး အေသးစားဒဏ္ရာမ်ားသာ ရရွိခဲ့ပါတယ္။

ရဲတပ္ဖဲြ႕က “ကြ်န္ေတာ္တို႔ ဒီျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး အေသးစိတ္ကို မထုတ္ျပန္ႏုိင္ေသးဘဲ အက္စီးဒင့္နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကို စံုစမ္းစစ္ေဆးေနဆဲပါ။” ဟု တရားဝင္ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ Big Hit ေအဂ်င္စီမွ ယခုျဖစ္ရပ္နဲ႔ ပတ္သက္၍ “Jungkook က ကားအက္စီးဒင့္ တစ္ခုျဖစ္ပြါးခဲ့ၿပီး သူ႔ရဲ႕အမွားလည္း ပါဝင္ခဲ့ပါတယ္။ ဒါေပမယ့္ ႏွစ္ေယာက္လံုးက ဒဏ္ရာႀကီးႀကီးမားမား မရရွိခဲ့ပါဘူး။ ဒီျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြကို စိုးရိမ္ေစခဲ့မိလို႔ ေတာင္းပန္ပါတယ္။” ဟု ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

- Advertisement -

- Advertisement -

BTS အဖဲြ႕သည္ ကမာၻ႕အေအာင္ျမင္ဆံုး ေပါ့ပ္အဆုိေတာ္အဖဲြ႕မ်ားအနက္ တစ္ဖဲြ႕အပါအဝင္ျဖစ္ၿပီး Jin ၊ Suga ၊ J- Hope ၊ RM ၊ Jimin ၊ V နဲ႔ Jungkook တို႔ (၇) ေယာက္ျဖင့္ ဖဲြ႕စည္းထားသည့္  ေကေပါ့ပ္အဖဲြ႕လည္းျဖစ္ပါတယ္။ ဒါ့အျပင္ (၂၀၁၇) ခုႏွစ္၌ BTS အဖဲြ႕သည္ American Music Awards ၌ ပထမဆံုးေဖ်ာ္ေျဖခြင့္ရသည့္ ေကေပါ့ပ္အဖဲြ႕အျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီး Jungkook သည္လည္း (၂၀၁၈) ခုႏွစ္အတြက္ ေတာင္ကိုရီးယားႏုိင္ငံရဲ႕ လူခ်စ္လူခင္အမ်ားဆံုး နာမည္ေက်ာ္မ်ားစာရင္း၌ အဆင့္ (၈) ေနရာ၌ ရပ္တည္ႏုိင္ခဲ့သလို လႊမ္းမုိးမႈအရွိဆံုး အႏုပညာရွင္မ်ားထဲမွ တစ္ေယာက္အျဖစ္လည္း သတ္မွတ္ျခင္းခံခဲ့ရပါတယ္။

<Zawgyi Version>

 

တောင်ကိုရီးယားနိုင်ငံရဲ့ ကေပေါ့ပ်အဆိုတော်အဖွဲ့ဖြစ်သည့် BTS အဖွဲ့မှ ကြယ်ပွင့် Jungkook သည် နိုဝင်ဘာလ (၂) ရက်နေ့က ဖြစ်ပွါးခဲ့သည့် ယာဉ်တိုက်မှုကြောင့် ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုကို ခံယူနေရကြောင်း သိရှိရပါတယ်။ အသက် (၂၂) နှစ်အရွယ် Jungkook သည် သူ့ရဲ့ မာစီးဒီးစ်ကားဖြင့် တက္ကစီတစ်စီးကို တိုက်မိခဲ့ခြင်းဖြစ်ပြီး တစ်ဖက်က တက္ကစီဒရိုင်ဘာနဲ့ Jungkook တို့ နှစ်ဦးလုံး အသေးစားဒဏ်ရာများသာ ရရှိခဲ့ပါတယ်။

ရဲတပ်ဖွဲ့က “ကျွန်တော်တို့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အသေးစိတ်ကို မထုတ်ပြန်နိုင်သေးဘဲ အက်စီးဒင့်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုံစမ်းစစ်ဆေးနေဆဲပါ။” ဟု တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ Big Hit အေဂျင်စီမှ ယခုဖြစ်ရပ်နဲ့ ပတ်သက်၍ “Jungkook က ကားအက်စီးဒင့် တစ်ခုဖြစ်ပွါးခဲ့ပြီး သူ့ရဲ့အမှားလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် နှစ်ယောက်လုံးက ဒဏ်ရာကြီးကြီးမားမား မရရှိခဲ့ပါဘူး။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပရိသတ်တွေကို စိုးရိမ်စေခဲ့မိလို့ တောင်းပန်ပါတယ်။” ဟု ထုတ်ပြန်ကြေညာခဲ့ပါတယ်။

- Advertisement -

BTS အဖွဲ့သည် ကမ္ဘာ့အအောင်မြင်ဆုံး ပေါ့ပ်အဆိုတော်အဖွဲ့များအနက် တစ်ဖွဲ့အပါအဝင်ဖြစ်ပြီး Jin ၊ Suga ၊ J- Hope ၊ RM ၊ Jimin ၊ V နဲ့ Jungkook တို့ (၇) ယောက်ဖြင့် ဖွဲ့စည်းထားသည့်  ကေပေါ့ပ်အဖွဲ့လည်းဖြစ်ပါတယ်။ ဒါ့အပြင် (၂၀၁၇) ခုနှစ်၌ BTS အဖွဲ့သည် American Music Awards ၌ ပထမဆုံးဖျော်ဖြေခွင့်ရသည့် ကေပေါ့ပ်အဖွဲ့အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး Jungkook သည်လည်း (၂၀၁၈) ခုနှစ်အတွက် တောင်ကိုရီးယားနိုင်ငံရဲ့ လူချစ်လူခင်အများဆုံး နာမည်ကျော်များစာရင်း၌ အဆင့် (၈) နေရာ၌ ရပ်တည်နိုင်ခဲ့သလို လွှမ်းမိုးမှုအရှိဆုံး အနုပညာရှင်များထဲမှ တစ်ယောက်အဖြစ်လည်း သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

<Unicode Version>

 

Source ~ Mirror

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

two + seven =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...