HomeEntertainmentေဖ်ာ္ေျဖပဲြတစ္ခု၌ လဲက်ခဲ့ၿပီးေနာက္ သူမရဲ႕အေျခအေနကို ပရိသတ္မ်ားထံ မွ်ေဝခဲ့သည့္ Camila Cabello

ေဖ်ာ္ေျဖပဲြတစ္ခု၌ လဲက်ခဲ့ၿပီးေနာက္ သူမရဲ႕အေျခအေနကို ပရိသတ္မ်ားထံ မွ်ေဝခဲ့သည့္ Camila Cabello

- Advertisement -

Camila Cabello သည္ ၿပီးခဲ့သည္ႏုိဝင္ဘာလ (၂) ရက္ေန႔က ေလာ့စ္အိန္ဂ်ယ္လ္ိစ္ၿမိဳ႕၌ က်င္းပျပဳလုပ္ခဲ့သည့္ ေဖ်ာ္ေျဖပဲြတစ္ခု၌ လဲက်သြားခဲ့ၿပီးေနာက္ သူမရဲ႕ အေျခအေနကို အင္စတာဂရမ္မွတစ္ဆင့္ ပရိသတ္မ်ားထံ ေျပာၾကားသြားခဲ့ပါတယ္။ အဆုိပါဗီဒီယုိထဲ၌ Camila က “အဲ့ဒါအမွန္ပါပဲ။ ဒီညမွာ ကြ်န္မ ဖင္ထိုင္လ်က္လဲက်ခဲ့ၿပီး ကြ်န္မဘဝတစ္ေလွ်ာက္ အဆုိးရြားဆံုး လဲက်မႈလို႔ေတာင္ ေျပာလို႕ရပါတယ္။ ကြ်န္မ (၆) ေပ၊ (၇) ေပေလာက္ကေန ျပဳတ္က်ခဲ့တာပါ။ ဒါေပမယ့္ ကြ်န္မသိပ္ၿပီး မခံစားခဲ့ရပါဘူး။”

”ဘာျဖစ္လို႔လဲဆုိေတာ့ စတိတ္စင္ေပၚမွာ အရမ္းကို စိတ္လႈပ္ရွားေနလို႔ျဖစ္ၿပီး တကယ္တမ္းမွာေတာ့ ဒါက ထရပ္ကားနဲ႔ တိုက္လိုက္သလိုပါပဲ။” ဟု ေျပာၾကားသြားခဲ့ပါတယ္။ သူမအတြက္ စိတ္ပူေပးေနၾကသည့္ ပရိသတ္မ်ားကိုလည္း Camila က “ကြ်န္မကို သတင္းေမးၾကတဲ့ ပရိသတ္ေတြအားလံုးကို ေက်းဇူးတင္ပါတယ္။ ကြ်န္မ အရာအားလံုးအဆင္ေျပၿပီး တကယ္တမ္းမွာေတာ့ ဒီကိစၥက ရယ္စရာေတာင္ ေကာင္းေနပါေသးတယ္။” ဟု ထပ္ေလာင္းေျပာၾကားခဲ့ပါေသးတယ္။

- Advertisement -

သူမရဲ႕ ေဖ်ာ္ေျဖပဲြအတြင္းသို႔ လာေရာက္ၾကည့္ရႈသည့္ ပရိသတ္မ်ားအေနျဖင့္ မိုဘိုင္းဖုန္းမ်ား ယူေဆာင္ခြင့္မရွိသည့္အတြက္ ယခုျဖစ္ရပ္ကို မွတ္တမ္းတင္ႏုိင္ျခင္းမရွိခဲ့ေပမယ့္ “စိတ္မပူၾကပါနဲ႔။ ဒီျဖစ္ရပ္ကို တခ်ိဳ႕ေနရာက ကင္မရာနဲ႔ မွတ္တမ္းတင္ထားပါတယ္။” ဟု Camila က ေျပာၾကားခဲ့ပါတယ္။ Camila အေနနဲ႔ ယခုကဲ့သို႔ ျပဳတ္က်ခဲ့ေပမယ့္ ႀကီးႀကီးမားမား ဒဏ္ရာမရရွိခဲ့ျခင္းက ကံေကာင္းခဲ့သည္ဟု ေျပာႏုိင္ၿပီး လြန္ခဲ့သည့္ ရက္သတၱပတ္အနည္းငယ္ကလည္း Lady Gaga တစ္ေယာက္ လက္စ္ဗီးဂတ္စ္၌ ပရိသတ္မ်ားကို  ေဖ်ာ္ေျဖရင္း စတိတ္စင္ေပၚက ျပဳတ္က်မႈေၾကာင့္ ခႏၶာကိုယ္တစ္ကိုယ္လံုးကုိ ဓာတ္မွန္ရုိက္ကူးကာ စစ္ေဆးမႈမ်ားခံယူခဲ့ရပါေသးတယ္။

- Advertisement -

<Zawgyi Version>

 

Camila Cabello သည် ပြီးခဲ့သည်နိုဝင်ဘာလ (၂) ရက်နေ့က လော့စ်အိန်ဂျယ်လ်ိစ်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ဖျော်ဖြေပွဲတစ်ခု၌ လဲကျသွားခဲ့ပြီးနောက် သူမရဲ့ အခြေအနေကို အင်စတာဂရမ်မှတစ်ဆင့် ပရိသတ်များထံ ပြောကြားသွားခဲ့ပါတယ်။ အဆိုပါဗီဒီယိုထဲ၌ Camila က “အဲ့ဒါအမှန်ပါပဲ။ ဒီညမှာ ကျွန်မ ဖင်ထိုင်လျက်လဲကျခဲ့ပြီး ကျွန်မဘဝတစ်လျှောက် အဆိုးရွားဆုံး လဲကျမှုလို့တောင် ပြောလို့ရပါတယ်။ ကျွန်မ (၆) ပေ၊ (၇) ပေလောက်ကနေ ပြုတ်ကျခဲ့တာပါ။ ဒါပေမယ့် ကျွန်မသိပ်ပြီး မခံစားခဲ့ရပါဘူး။”

”ဘာဖြစ်လို့လဲဆိုတော့ စတိတ်စင်ပေါ်မှာ အရမ်းကို စိတ်လှုပ်ရှားနေလို့ဖြစ်ပြီး တကယ်တမ်းမှာတော့ ဒါက ထရပ်ကားနဲ့ တိုက်လိုက်သလိုပါပဲ။” ဟု ပြောကြားသွားခဲ့ပါတယ်။ သူမအတွက် စိတ်ပူပေးနေကြသည့် ပရိသတ်များကိုလည်း Camila က “ကျွန်မကို သတင်းမေးကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မ အရာအားလုံးအဆင်ပြေပြီး တကယ်တမ်းမှာတော့ ဒီကိစ္စက ရယ်စရာတောင် ကောင်းနေပါသေးတယ်။” ဟု ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

သူမရဲ့ ဖျော်ဖြေပွဲအတွင်းသို့ လာရောက်ကြည့်ရှုသည့် ပရိသတ်များအနေဖြင့် မိုဘိုင်းဖုန်းများ ယူဆောင်ခွင့်မရှိသည့်အတွက် ယခုဖြစ်ရပ်ကို မှတ်တမ်းတင်နိုင်ခြင်းမရှိခဲ့ပေမယ့် “စိတ်မပူကြပါနဲ့။ ဒီဖြစ်ရပ်ကို တချို့နေရာက ကင်မရာနဲ့ မှတ်တမ်းတင်ထားပါတယ်။” ဟု Camila က ပြောကြားခဲ့ပါတယ်။ Camila အနေနဲ့ ယခုကဲ့သို့ ပြုတ်ကျခဲ့ပေမယ့် ကြီးကြီးမားမား ဒဏ်ရာမရရှိခဲ့ခြင်းက ကံကောင်းခဲ့သည်ဟု ပြောနိုင်ပြီး လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်ကလည်း Lady Gaga တစ်ယောက် လက်စ်ဗီးဂတ်စ်၌ ပရိသတ်များကို  ဖျော်ဖြေရင်း စတိတ်စင်ပေါ်က ပြုတ်ကျမှုကြောင့် ခန္ဓာကိုယ်တစ်ကိုယ်လုံးကို ဓာတ်မှန်ရိုက်ကူးကာ စစ်ဆေးမှုများခံယူခဲ့ရပါသေးတယ်။

<Unicode Version>

 

- Advertisement -

Source ~ TeenVogue

#HM(1209Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

thirteen − two =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...